Latest News

Tuesday, January 24, 2017

ဘုရားသုံးဆူနယ်စပ် ဖြတ်သန်းမသွားဖို့ ထိုင်းတာဝန်ရှိသူတွေ သတိပေး

ဘုရားသုံးဆူနယ်စပ် ဖြတ်သန်းမသွားဖို့ ထိုင်းတာဝန်ရှိသူတွေ သတိပေး


ပြီးခဲ့တဲ့ သီတင်းပတ်က ထိုင်း ခရီးသွားများအား ပြန်ပေးဆွဲမှုဖြစ်ခဲ့ပြီးနောက် ဘုရားသုံးဆူကို ဖြတ်သန်းပြီး မြန်မာနိုင်ငံထဲသို့ ဖြတ်သန်းမသွားဖို့ ထိုင်းနိုင်ငံ၊ ဆောင်ကလာဘူရီခရိုင်အကြီးအကဲ ဆီရမ်ဘူဆောင်က သတိပေးလိုက်ပါတယ်။

ထိုင်းခရီးသွားတွေအတွက် ဘေးကင်းစေဖို့ ဘုရားသုံးဆူ ဖြတ်သန်းသွားလာမှုကို ရှောင်ရှားသင့်တယ်လို့ ဆီရမ်ဘူဆောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေ့နေ့က ကရင်ပြည်နယ် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ (BGF)က ဘုရားသုံးဆူရွာမှာ ထိုင်းခရီးသွား ၃၅ ဦးကို ဖမ်းဆီးမှုတွေပြုလုပ်ပြီးနောက် ထိုင်းအစိုးရတာဝန်ရှိသူတွေက ကရင်နယ်စပ်လုံခြုံရေး ဆွေးနွေးခဲ့တာကြောင့် ဖမ်းဆီးထားတဲ့ ထိုင်းခရီးသွားတွေကို ကရင်လက်နက်ကိုင်တွေက ပြန်လွှတ်ပေးခဲ့ပါတယ်။

ထိုင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ ရဲတွေက ဇန်န၀ါရီ ၁၈ ရက်နေ့မှာ အသက်မပြည့်သေးတဲ့ ကရင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးမှု လုပ်ခဲ့ပြီးနောက် ထိုင်းခရီးသွားတွေကို ဖမ်းခဲ့တာဖြစ်ပါတယ်။ ဆီရမ်ဘူဆောင်က လုံခြုံရေးကြောင့် နယ်စပ်ဒေသကို ဖြတ်သန်းသွားလာတာမလုပ်ဘဲ ထိုင်းဘက်ခြမ်းသာမှာသာဈေးဝယ်ဖို့ တိုက်တွန်းထားပါတယ်။

ထိုင်း-မြန်မာနယ်စပ်ကိုတော့ ပုံမှန်အတိုင်းဖွင့်လှစ်ထားမှာဖြစ်တယ်လို့  ဆီရမ် ဘူဆောင်က ပြောပါတယ်။

ZMO
Ref: bangkokpost
MHM Media

No comments:

Post a Comment