ဦးကိုနီအား လုပ်ကြံခဲ့သူမှာ မန္တလေးမြို့တွင် နေထိုင်သူ ဖြစ်ကြောင်း သိရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟို ဥပဒေအဖွဲ့ အဖွဲ့ဝင် တရားလွှတ်တော် ရှေ့နေ ဦးကိုနီအား လုပ်ကြခံခဲ့သူမှာ မန္တလေးမြို့တွင် နေထိုင်သူဖြစ်ကြောင်း ကနဦးရရှိသော ရဲမှတ်တမ်းများအရ သိရှိရပါသည်။
ကနဦး သိရှိရသော သတင်းများအရ ယနေ့ (ဇန်န၀ါရီ ၂၉ ရက်) ညနေ ၅ နာရီ အချိန်ခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Treminal 1 ရှေ့တွင် ကြည်လင်း၊ အသက် ၅၃ နှစ်၊ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ပုဏ္ဏားကုန်းရပ်ကွက်တွင် နေထိုင်သူက ၎င်းတွင်ပါလာသော ပစ္စတို (၉-မမ) ဖြင့် ပစ်ခတ်လုပ်ကြံခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်လုပ်ကြံမှုကြောင့် ဦးကိုနီ သေဆုံးခဲ့ရပြီး အခြားပစ်ခတ်ခံရသူ တစ်ဦးဖြစ်သည့် တက္ကစီယာဉ်မောင်းမှာလည်း သေဆုံးခဲ့ရကြောင်း ကနဦးသတင်းများအရ သိရပါသည်။
ထိုသို့ သေနတ်ဖြင့် ပစ်ခတ်ခဲ့သူအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် ရောမမာန် စားသောက်ဆိုင်ရှေ့တွင် ဖမ်းဆီးရမိခဲ့ပြီး ၎င်းထံမှာ ပစ္စတို (၉-မမ) တစ်လက်၊ ကျည် ကိုးတောင့်၊ အခြား သေနတ် တစ်လက်၊ ကျည် လေးတောင့်တို့အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးမေးမြန်းလျက်ရှိကြောင်း ကနဦး ရဲမှတ်တမ်းများအရ သိရှိရပါသည်။
ပုံစာ- ဦးကိုနီ လုပ်ကြံခဲ့ရပြီးနောက် မြင်ကွင်းအား တွေ့ရစဉ်
Sources: : Eleven
Subscribe to:
Post Comments (Atom)
No comments:
Post a Comment