Latest News

Friday, January 20, 2017

စိန်ဖူးတော် ပျောက်ဆုံးမူ တရားခံမိပြီ

စိန်ဖူးတော် ပျောက်ဆုံးမူ တရားခံမိပြီ

စိန်ဖူးတော်ပျောက်ဆုံးမှုတရားခံကိုမိထားပြီးသက်သေခံ
ပစ္စည်းများလဲသိမ်းဆည်း ရမိထားပြီးဟုကနဦးသိထားရ

စက်စဲကမ်းခြေရှိ ကျိုက်စော ရေလယ်စေတီတော်မြတ်ကြီး ၏ စိန်ဖူးတော်ပျောက်ဆုံး

သံဖြူဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာအုပ်စုအတွင်းရှိ စက်စဲပင်လယ်ကမ်းခြေနုင့် ၁ မိုင်ခန့် အကွာအဝေး ပင်လယ်ပြင် ပေ ၂၀၀ ခန့်အမြင့်ရှိသော ကျောက်ဆောင် ပေါ်တွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်း သမိုင်းဝင် ဆံတော်ရှင်ကျိုက်စော ရေလယ်ဘုရာကြီး စေတီတော်မြတ်၏ စိန်ဖူးတော် ပျောက်ဆုံးမှု ဖြစ်ပွား ခဲ့ကြောင်း သတင်းရရှိပါသည်။

“ရွာထဲကတပတ်တခါဘုရာပန်းလဲ၊သန့်ရှင်ရေးလုပ်တဲ့အဖွဲ့တွေပြောသံကြားမှ ကျနော်လဲသိရတယ်။ ဂေါပက အဖွဲ့ဝင်တွေ ၂၀ လောက်ရှိတယ်။ ဒါပေမဲ့ဘုရာပွဲနဲ့ လုပ်စရာရှိမှတဲ့ အချိန်မှ ဘုရားကိုရောက်ကြတာ များတယ်။ ၁ လ ၆၀၀၀၀ ပေးပြီး အစောင့်တစ်ယောက် ထားထားတယ်” ဟု ဂေါပကအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးလှ ဖေမှ သံလွင်တိုင်းမ်ကို ပြောပါသည်။

“အခု သူ့ကို ရဲကဖမ်းထားတယ်။ သူသည်ဘုရားမှာ နေတာ ၇ နုစ်နီပါးလောက်ရှိပြီး။ စိန်ဖူးမပျောက်ခင် သုံးလေးရက်က ရသေ့တစ်ပါးနေသွားတယ်ဆိုပြီး ရသေ့ကိုပါ ခေါ်စစ်တော့ သူတယောက်ထဲဘဲလို့ ဝန်ခံတယ်။ မဆိုင်တဲ့သူကိုဆွဲမထည့်နဲ့ လွှတ်ပေးလိုက် ပြောတယ်။  သူဘယ်လိုတက်ယူခဲ့ကြောင်း ပြောဆိုပြီးတော့ အခုတော့ သူမဟုတ်ပြန်ဘူးတဲ့” ဟု သူက ဆက်ပြော ပါသည်။

ကျိုက်စောစေတီသည် အမြင့်အတောင် ၃၀ ကျော်ရှိသည်။ ပင်လယ်ဒီရေကျချိန်တွင်သာ သွားရောက် နိုင်သည့် ကျွန်းပေါ်တွင် တည်ထားခြင်း ဖြစ်သည်။

“သူတယောက်ထဲဘယ်လိုမှမဖြစ်နိုင်ဘူးလို့ထင်တယ်။ သူ့နာမည်ကဦးခင်ချို။ ဧရာဝတီတိုင်း ညောင်တုန်းဇာတိ ဖြစ်ပြီး ဒီစက်စဲမှာ အိမ်ထောင်ကျနေကြောင်း၊ စေတီတော် ဂေါပကဥက္ကဌဖြစ်သူ ဦးလှဖေမှ သံလွင်တိုင်းမ် သို့ပြောပါသည်။

“ကျမတိုအဲဒီနေ့ကဘုရားပန်းလဲ၊သန့်ရှင်ရေးလုပ်ဖို့သွားတယ်။ အပတ်စဉ်စနေနေ့တိုင်းတပတ်တစ်ခါ ကျမတို့အဖွဲ့တွေဘုရားမှာဝေယျာဝစ္စလုပ်ဖို့အမြဲတမ်းသွားတယ်။ အဲဒီနေ့ကကျမအပါဝင် ၆ ယောက် သွားကြတယ်။ ပြီးခဲ့တဲ့အပတ်စနေနေ့ကစိန်ဖူးတော်ရှိသေးတယ်။ ဒီအပတ်သွားတော့မရှိတော့ဘူး။ ဒီကြားထဲမှပဲပျောက်တာသေချာတယ်။ အစောင့်ရှိတော့ အစောင့်ကိုသွားမေးကြည့်တော့ ပျောက်နေတာကြာပြီ။ သူမသိဘူးလို့ပြောတယ်။ ကျမလဲဘာမှမပြောရဲဘူးပေါ့။ အိမ်ရောက်တော့အိမ်သားတွေကိုတော့ပြောပြတယ်။ သူများတွေကိုတော့မပြောရဲဘူးပေါ့။ ကျမတို့ကစနေနေ့ကတည်းကသိတယ်။ တနင်္ဂနွေနေ့ကျမှရွာထဲမှာမေးကြမြန်းကြနဲ့ တနလာင်္နေ့ကြမှ တစ်ရွာလုံးသိကုန်ပြီး သွားကြည့်ကြတာ အုတ်အော်သောင်နင်းဖြစ်သွားတာပေါ့။ ဘုရာပွဲလဲနီးလာမှ စိန်ဖူးပျောက်ရတယ်ဆိုတော့ဘယ်စိတ်ကောင်မလဲ။ ပျောက်သွားတဲ့စိန်ဖူးအမြန်ဆုံးပြန်တွေ့ချင်တာပေါ့” ဟု စက်စဲကျေးရွာနေသူမမြတ်မွန်မှပြောပြခဲ့သည်။

ပျောက်ဆုံးသွားသောစိန်ဖူးမှာလွန်ခဲ့သော ၂၀၀၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင် ကျိုက်စောစေတီဘုရား၌ ပူဇော် တပ်ဆင်ထားခြင်းဖြစ်ပြီး ထီးတော်နှင့် ငှက်မြတ်နားတော် တင်လူပူဇော်စဉ်က စိန်ဖူးတော် ဌာပနာ အတွင်း၌ အလှူရှင် ၂၆၇ ဦးတို့မှ လူဒါန်းခဲ့ သည့် လက်ဝတ်ရတနာများ ရှိနေကြောင်း၊ကာလတန်ဖိုး သိန်း ၁၀၀၀ ခန့်ရှိကြောင်း ဂေါပကအဖွဲ့ဝင်တဦးက ဆိုပါသည်။

ကျိုက်စောရေလယ်ဘုရားသည် ပင်လယ်အတွင်းရှိ ကျွန်ပေါ်၌ တည်ထားသည့် ရှေ့ပောာင်းသမိုင်းဝင် စေတီတဆူဖြစ်ပြီး ပင်လယ်ဒီရေတက်ချိန်တွင် လူသွား လမ်းမှ သွား၍မရပဲ ပင်လယ်ရေကျချိန် ရောက်မှသာ ပင်လယ်ကမ်းစပ် သဲသောင်ပြင်နှင့် ဆက်သွယ် ဖောက်လုပ်ထားသော လူးသွားလမ်းမှ သွားလာ၍ ရသည့် စေတီဖြင်သဖြင့်ဘုရာဖူးသူနည်းပါးသည်။ ဘုရားပွဲရာသီတွင်သာ လာရောက်ဖူးမျှော်သူ များပြား လေ့ရှိသည်။

အဆိုပါစေတီ၏လုံခြုံရေအတွက် လွန်ခဲ့သော ၅ နုစ်ခန့် မှစ၍ သံဖြူဇရပ်မြို့နယ်၊ ကရင်သောင်ကျေးရွာအုပ်စု၊ အနန်းစမ်းကျေးရွာ၊ ဓမင်းဆိပ်ပိုင်းနေ ဦးခင်ချို ၊ အသက် ၅၇ နုစ်၊ အဘဦးဟန်သိန်းအား အစောင့်အဖြင့် တလ လျင်ငွေ ၆၀၀၀၀ ဖြင့် ဂေါပကအဖွဲ့မှ တာဝန် ပေးထား ကြောင်းသိရှိရပြီး အဆိုပါစိန်ဖူးတော်ပျောက်ဆုံးမှုနှင့် ပတ်သက်၍ ဘုရာစောင့်ဦးတင်ချိုအား ဖမ်းဆီစုံစမ်း စစ်ဆေးလျက်ရှိကြောင်း သိရသည်။

နှစ်စဉ်တပေါင်းလပြည်နေ့ရောက်တိုင်း ကျိုက်စော စေတီတော်မြတ်၏ ဘုရားပွဲတော်နေ့ကျင်းပကာ မွန်ပြည်နယ်အတွင်းရှိ ဘုရာဖူးများ လာရောက် ကြည်ညိုကြသည်။

ဘုရားပွဲတော်အမှီ အခြားစိန်ဖူးအဟောင်း တစ်ခုဖြင့် အစားထိုးပြီး ဘုရားပွဲကိုအစီစဉ် မပျက်လုပ်သွားရန် စီစဉ်နေသည်ဟု သိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သတ်၍ သံဖြူဇရပ်မြို့နယ် ကျိုက္ခမီနယ်မြေ ရဲစခန်းမှ(ပ)၁၂/၂၀၁၇ ရာဇသတ်ကြီး ပုဒ်မ-၃၇၉ စိန်ဖူးတော်ဖြင့် အမှုဖွင့်ပြီး အမြန်ဆုံး ဖော်ထုတ် နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျှက် ရှိကြောင်း သိရသည်။

Sources: သတင်း၊ ဓါတ်ပုံ - ကျဲရော့
Than Lwin Time


No comments:

Post a Comment