Latest News

Wednesday, January 25, 2017

အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် အာရှသွားမယ်

အမေရိကန် ကာကွယ်ရေးဝန်ကြီးသစ် အာရှသွားမယ်

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကာကွယ်ရေးဝန်ကြီးအသစ် James Mattis ဟာ လာမယ့်အပတ်အတွင်း ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေကို သူ့ရဲ့ပထမဆုံးသော နိုင်ငံတကာခရီးစဉ်အဖြစ်နဲ့ သွားရောက်မှာ ဖြစ်တယ်လို့ ပင်တကွန်က ဗုဒ္ဓဟူးနေ့က သတင်းထုတ်ပြန်ပါတယ်။

ပင်တကွန်ပြောရေးဆိုခွင့်ရှိသူ အဆိုအရ ကာကွယ်ရေးဝန်ကြီးဟာ ဖေဖော်ဝါရီလ ၂ရက်နေ့မှာ ဆိုးလ်မြို့မှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံမှာဖြစ်သလိုေ နာက်တနေ့မှာ ဂျပန်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့မှာဖြစ်ပါတယ်။ ဂျပန်နဲ့ေ တာင်ကိုရီးယားနိုင်ငံတွေမှာ အမေရိကန်တပ်တွေ အများအပြားရှိနေတာဖြစ်ပါတယ်။

မရိမ်းတပ်ရဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးဖြစ်သူ ဝန်ကြီး Mattis ဟာ သူကို
ကာကွယ်ရေးဝန်ကြီးအဖြစ် ဆီးနိတ်က အတည်ပြုပြီး ရုံးစတက်တဲ့နေ့မှာပဲ အမေရိကန်ရဲ့ အပြည်ပြည်ဆိုင်ရာက မဟာမိတ်အဖွဲ့တွေရဲ့ ဆက်ဆံရေးကို ထိမ်းသိမ်းထားဖို့အရေးကြီးတယ်လို့ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ သမ္မသစ်ဒေါ်နယ်ထရန်က ရွေးကောက်ပွဲမတိုင်ခင်က မဲဆွယ်ပွဲမှာ
တချို့မဟာမိတ်နိုင်ငံတွေဟာ အမေရိကန်ပေါ်မှာပဲ မှီခိုနေတယ်လို့ အခိုင်အမာ
ပြောဆိုခဲ့ပါတယ်။ ဒီပြောဆိုချက်မှာ ဂျပန်နဲ့ တောင်ကိုရီးယားလို ကိုယ့်အစီစဉ်နဲ့ကိုယ် အနုမြူလက်နက်ထုတ်လုပ်နေတဲ့နိုင်ငံတွေ မပါဘူးလို့
ဝန်ကြီးကပြောပါတယ်။

Sources: : RFA

No comments:

Post a Comment