Latest News

Sunday, January 22, 2017

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်း

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေး ကြေညာစာတမ်း

အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးကြေညာစာတမ်း( Human Right Declaration) ကို ၁၉၄၈ ခုနှစ် ဒီဇင်ဘာလ(၁၀)ရက်နေ့ တွင် စတင် ပြဋ္ဌာန်း ခဲ့ပါတယ်။ လူ့ အခွင့်အရေး ကြေညာစာတမ်းကို အစွဲပြုပြီး နှစ်စဉ် ဒီဇင်ဘာလ(၁၀)ရက်နေ့ ဟာ အပြည်ပြည်ဆိုင်ရာ လူ့ အခွင့်အရေးနေ့ ဖြစ်လာခဲ့ပါတယ်။ ဒီလို လူ့ အခွင့်အရေး နဲ့  ပတ်သက်ပြီး စာချူပ် တည်ရှိလာတာဟာ လူသားတိုင်းရဲ့ မိမိတို့  ပိုင်ဆိုင်ရမယ့် ရှိကို ရှိရမယ့် အခွင့်အရေး တွေကို သိရှိနားလည်စေပြီး တောင်းဆိုတတ်လာစေဖို့ ပါ။ လူ့ အခွင့်အရေး ကြေညာစာတမ်းမှာ အချက်ပေါင်း (၃၀) ပါရှိပြီး ဘယ်နိုင်ငံမဆို ကုလသမဂ္ဂပဋိညာဉ် စာတမ်းမှာ လက်မှတ်ရေးထိုးလိုက်တာနဲ့  လူ့ အခွင့်အရေး တွေကိုပါ သူ့ နိုင်ငံအတွင်းမှာ ရှိတဲ့ နိုင်ငံသားတိုင်းကို ပေးရမယ့် တာဝန် ရှိပါတယ်။ ဒီ လူ့ အခွင့်အရေး ကြေငြာ စာတမ်းကို ကုလသမဂ္ဂပဋိညာဉ် စာတမ်းမှ တစ်ပါး အခြားမည်သည့် စာချူပ် သဘောတူညီချက်ကမှ လွှမ်းမိုး ပယ်ရှားလို့ မရပါဘူး။လူ့ အခွင့်အရေး အချက်တွေကို အဓိကအားဖြင့် Civil and Political Rights နဲ့  Economics, Social and Culture Rights ဆိုပြီး ခွဲခြားထားပါတယ်။
Civil and Political Rights (နိုင်ငံသားနှင့် နိုင်ငံရေး အခွင့်အရေးဆိုင်ရာ)
၁) အသက်ရှင်ရပ်တည်ခွင့်၊လွတ်မြောက်ခွင့်၊လုံခြုံခွင့်
၂) တရားဥပဒေရှေ့ မှောက်တွင် တန်းတူညီမျှမှု
၃) တရားမျှတသော လူအများကြားနာခွင့်နှင့် အပြစ်မရှိကြောင်း အယူခံတင်ခွင့်
၎) လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်
၅) လွတ်လပ်စွာ တွေးခေါ်၊စဉ်းစား၊ကိုးကွယ်ခွင့်
၆) လွတ်လပ်စွာ စုဝေးခွင့်နှင့် အဖွဲ့ အစည်းထူထောင်ခွင့်
၇) ကျွန်ပြုခံရခြင်းမှ ကင်းလွတ်ခွင့်
၈) ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက်အပြစ်ပေးမှုမျိုးဖြင့် ဆက်ဆံခြင်းမှ ကင်းလွတ်ခွင့်
၉) တရားမဲ့ ဖမ်းဆီးခြင်း၊ ချူပ်နှောင်ခြင်းနှင့် ပြည်ပသို့ တိမ်းရှောင်မှုတို့ မှ ကင်းလွတ်ခွင့်တို့  ဖြစ်ပြီး
Economics, Social and Cultural Rights ( စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အခွင့်အရေးများ)
၁) နိုင်ငံသားဖြစ်ခွင့်
၂) လက်ထပ်ထိမ်းမြားခွင့်
၃) ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်
၎) မိမိတိုင်းပြည်ဧ။် အစိုးရအဖွဲ့ တွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခွင့်
၅) အလုပ်လုပ်ခွင့်၊ ညီမျှသော အလုပ်အတွက် ညီမျှသော လုပ်ခ ခံစားခွင့်
၆) အပန်းဖြေအနားယူခွင့်
၇) လုံလောက်သော နေထိုင်မှုနှင့် ပညာသင်ကြားမှုအဆင့်အတန်းရရှိခွင့်
၈) အလုပ်သမား သမဂ္ဂ ဖွဲ့ စည်းခွင့်၊ ပါဝင်ခွင့်
၉) အသက်အန္တရာယ် စိုးရိမ်သောအခါ ခိုလှုံခွင့် တောင်းခံပိုင်ခွင့်စသဖြင့် အကြမ်းဖြင်း ခွဲခြားသိရှိနိုင်ပါတယ်။
အထက်ပါ လူ့ အခွင့်အရေး အချက်များဟာ စံတစ်ခုအဖြစ်သာ ရှိပြီး ဥပဒေတစ်ခု အဖြစ် မဟုတ်ပါ။ ကျင့်ဝတ်သိက္ခာဆိုင်ရာ လုပ်ထုံးဥပဒေ ပဲ ဖြစ်ပါတယ်။လူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတွေ အပြည့်အစုံပါရှိတဲ့ စံတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ လူ့ အခွင့်အရေးကြေငြာစာ တမ်းကို လူ့  အခွင့်အရေး ဖွံ့ ဖြိုးတိုးတတ်မှုနှင့် ကာကွယ် စောင့်ရှောက်မှုတို့ အတွက် နိုင်ငံတကာက အသိအမှတ် ပြုထားရပါတယ်။ နိုင်ငံတော်တော် များများက လက်ခံကျင့်သုံးနေပြီ ဖြစ်ပါတယ်။
လူ့ အခွင့်အရေး ကြေငြာစာတမ်း အပြည့်အစုံကိုတော့ http://www.un.org/en/documents/udhr/ မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။
၁) လူတိုင်းလူတိုင်း လွတ်လပ်မှုရှိကြပြီး တန်းတူညီမျှ ဆက်ဆံသင့်သည်။
၂) အသားရောင်၊လိင်၊ကိုးကွယ်သည့်ဘာသာ၊ဘာသာစကား ကွဲပြားသော်လည်း လူသားတို့ တွင် တန်းတူညီမှုရှိသည်။
၃) လူတိုင်းလူတိုင်း အသက်ရှင်ခွင့်ရှိပြီး လွတ်လပ်စွာနှင့် လုံခြုံစွာ နေထိုင်နိုင်ခွင့်ရှိသည်။
၎) မည်သည့်တစ်ဦးတစ်ယောက်ကိုမှ ကျွန်အဖြစ် ရောင်းဝယ်ခြင်း၊ ဆက်ဆံခြင်း မရှိစေရ။
၅) မည်သည့်တစ်ဦးတစ်ယောကိုမှ နှိပ်စက်ခြင်း၊ အနာတရဖြစ်စေခြင်း ပြုလုပ်ခွင့်မရှိ။
၆) လူတိုင်းလူတိုင်း တရားဥပဒေရှေ့ မှောက်တွင် တန်းတူညီမျှမှုရှိသည်။
၇) လူတိုင်းအတွက် တရားဥပဒေသည် ကျောသားရင်သားမခွဲဘဲ တပြေးညီ ဆက်ဆံရမည်။
၈) လူတိုင်းလူတိုင်း ၄င်းတို့ ဧ။် အခွင့်အရေးများကို လေးစားခြင်းမခံရသည့်အခါ ဥပဒေဧ။် အကူအညီ ကိုတောင်းခံပိုင်ခွင့်ရှိသည်။
၉) မည်သူ့ ကိုမှ မတရားဖမ်းဆီးခြင်း၊တိုင်းပြည်မှ နှင်ထုတ်ခြင်း မပြုရ။
၁၀) လူတိုင်းလူတိုင်း တရားမျှတပြီး လူအများကြားနာနိုင်သော တရားစီရင်မှုကို ခံစားခွင့်ရှိသည်။
၁၁) လူတစ်ယောက်အပေါ် အပြစ်ရှိသည်ဟု ခိုင်လုံသော စီရင်ချက်မချမခြင်း ထိုသူသည် အပြစ်မရှိဟုယူဆရမည်။
၁၂) မည်သူတဦးတစ်ယောက်မှ မကောင်းသောရည်ရွယ်ချက် ဖြင့် တခြားသူဧ။် အိမ်တွင်းသို့ ဝင်ရောက်ခြင်း၊စာများဖောက်ဖက်ခြင်း၊ အနှောင့်အယှက်ပေးခြင်း လုပ်ခွင့်မရှိ။
၁၃) လူတိုင်းလူတိုင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိသည်။
၁၄) မတရားအပြစ်ပေးခံရတော့မည့် အခြေအနေမျိုးရောက်နေလျှင် မည်သူမဆို အခြားနိုင်ငံတစ်နိုင်ငံသို့ သွားရောက်၍ ခိုလှုံခွင့် တောင်းခံပိုင်ခွင့်ရှိသည်။
၁၅) လူတိုင်းလူတိုင်းနိုင်ငံတနိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ သူဧ။် ဆန္ဒအရ အခြားနိုင်ငံဧ။် နိုင်ငံသားအဖြစ်ကိုလည်း ခံယူပိုင်ခွင့်ရှိသည်။
၁၆) လူတိုင်းလူတိုင်း လက်ထပ်ထိမ်းမြားပိုင်ခွင့်နှင့် မိသားစုဘ၀ ထူထောင်ပိုင်ခွင့်ရှိသည်။
၁၇) လူတိုင်းလူတိုင်း ကိုယ်ပိုင် ပစ္စည်းဥစ္စာပိုင်ဆိုင်ခွင့်ရှိသည်။
၁၈) လူတိုင်းလူတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ရှိပြီး မိမိဆန္ဒရှိပါက အခြားဘာသာသို့ လည်းကူးပြောင်းပိုင်ခွင့်ရှိသည်။
၁၉) လူတိုင်းလူတိုင်း မိမိတို့ ယူဆချက်များကို လွတ်လပ်စွာ ဖော်ထုတ်တင်ပြခွင့်ရှိပြီးစ သတင်းများကိုရယူတင်ပြပိုင်ခွင့်လည်း ရှိသည်။
၂၀) လူတိုင်းလူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် လှုပ်ရှားဆောင်ရွက်နေသော အဖွဲ့ အစည်းများသို့ ဝင်ရောက်နိုင်ခွင့်ရှိသည်။
၂၁) လူတိုင်း မိမိတိုင်းပြည်ဧ။် အစိုးရကို မိမိဆန္ဒဖြင့် ရွေးချယ်ပိုင်ခွင့်ရှိသည်။
၂၂) လူတိုင်းလူတိုင်း လူမှုဘ၀ ဖူလုံရေးခံစားခွင့်ရှိကြပြီး မိမိတို့ ဧ။် အတတ်ပညာများ တိုးတတ်စေမည့်အခွင့်အလမ်းများကိုလည်း ခံစားခွင့်ရှိသည်။
၂၃) လူတိုင်းလူတိုင်းသည် စိတ်ချလုံခြုံသော လုပ်ငန်းခွင်တွင် သင့်တင့်လျောက်ပတ်သော လစာဖြင့်အလုပ်လုပ်ပိုင်ခွင့်ရှိသည်။ အလုပ်သမား သမဂ္ဂများသို့ ဝင်ရောက်ခွင့် ရှိသည်။
၂၄) လူတိုင်းလူတိုင်းသည် အပန်းဖြေ အနားယူခွင့်ရှိသည်။
၂၅) လူတိုင်းလူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဖျားနာကပါက ဆေးကုသမှု ခံယူပိုင်ခွင့်ရှိသည်။
၂၆) လူတိုင်းလူတိုင်းသည် ပညာ သင်ကြားပိုင်ခွင့်ရှိသည်။
၂၇) လူတိုင်းလူတိုင်း မိမိပတ်ဝန်းကျင် အသိုင်းအ၀ိုင်းဧ။် ယဉ်ကျေးမှုဘ၀တွင် ပါဝင်ခွင့်ရှိသည်။
၂၈) လူတိုင်းလူတိုင်း ယခုဖော်ပြပါ အခွင့်အရေးများ ထွန်းကားစေရန်အတွက် လိုအပ်သော အချက်များကို လေးစားရမည်။
၂၉) လူတိုင်းသည် အခြားသူများဧ။် အခွင့်အရေးများ၊ သူတို့ ဧ။် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းများ၊အများပိုင်ဆိုင်မှုများကို လေးစားရမည်။
၃၀) ယခု ကြေညာစာတမ်းပါ အချက်များကို မည်သူတစ်ဦးတစ်ယောက်ကမှ ချိုးဖောက်ခြင်းမပြုရ။
HRDU (လူ့ အခွင့်အရေးမှတ်တမ်းတင်ဋ္ဌာန)Universal Declaration of Human Rights

No comments:

Post a Comment