ရန်ကုန်ဆေးရုံကြီး လုံခြုံရေးအတွက် အစိုးရလုံခြုံရေးဝန်ထမ်း ၄၀ ဦးခန့်အပ်
ရန်ကုန်ဆေးရုံကြီးမှာ လုံခြုံရေးကို အတွင်းပိုင်းအထိ ရယူပေးမယ့် နေ့စားလပေး အစိုးရလုံခြုံရေး ဝန်ထမ်း ၄၀ ဦးကို ဒီနှစ် ဇန်နဝါရီလ ဒုတိယအပတ်က ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်နဲ့ စိစစ်ရွေးချယ်ခန့်အပ်ခဲ့တယ်လို့ ရန်ကုန်ဆေးရုံးကြီး အုပ်ချုပ်ရေး အဖွဲ့ထံကနေ သိရပါတယ်။
ဒီလိုနေ့စားလပေး လုံခြုံရေးဝန်ထမ်း ၄၀ ဦးကို ခန့်အပ်ပေးဖို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ၀န်ကြီးဌာနကို စာတင်ခဲ့တာဖြစ်ပြီး ဝန်ထမ်းအားလုံးက ရန်ကုန်တိုင်းဒေသကြီးထဲက အများဆုံးပါဝင်တယ်လို့ ရန်ကုန်ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောပါတယ်။
“လုံခြုံရေး ဝန်ထမ်းတွေ ခန့်လိုက်လို့လုပ်ငန်း ဝင်နေပါပြီ။ အဓိကတော့ဆေးရုံကြီး လုံခြုံရေးအတွက်ဦးစားပေး ဆောင်ရွက်တာပါ။ အစိုးရဝန်ထမ်း အနေနဲ့ဆိုတော့ပိုတာဝန်ယူမှုလုပ်ရမယ်။ လောလောဆယ်ဝန်ထမ်း အားလုံးကိုနေ့စားလပေး အနေနဲ့ပေးမယ်။ နောက်ပိုင်း အတည်ဝန်ထမ်း ပုံစံထားရှိမှာပါ”လို့ ဒေါက်တာအေးကိုကိုက ပြောပါတယ်။
ရန်ကုန်ဆေးရုံကြီးမှာ ဆေးဝါးတက်ရောက်ကုသနေတဲ့ လူနာတွေဆီက တန်ဖိုးရှိပစ္စည်းတွေ ပျောက်ဆုံးမှု၊ ခိုးယူမှု၊ အလစ်သုတ်မှုတွေက အကြိမ် ၁၀ဝ ကျော်ဖြစ်ပွားခဲ့တာကြောင့် ဆေးရုံကြီးနဲ့ ခွဲစိတ်ကုသဆောင်(၅) ဆေးရုံသစ်ကြီးမှာ ၂၀၁၆ ခုနှစ်နှစ်ဆန်းက လုံခြုံရေး ကင်မရာအလုံး ၂၀ဝ ခန့်တပ်ဆင်ထားပြီး လုံခြုံရေးပိုင်းဆိုင်ရာတွေကို Control Center တစ်ခုဖွင့်လှစ်ပြီး စောင့်ကြည့်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် လူနာတွေရဲ့ ပစ္စည်းပျောက်ရှတာတွေက မလျော့ကျဘဲ ပိုမိုဆိုးရွားလာတာတွေကြောင့် ဒီနှစ်မှာရန်ကုန်ဆေးရုံကြီး အုပ်ချုပ်မှုအောက်ရှိရောဂါ ကုသဆောင်တွေဖြစ်တဲ့ ဦးနှောက်နဲ့ အာရုံကြောဌာန၊ အရေပြားဌာန၊ သွားနဲ့ ခံတွင်းဌာနနဲ့ ကင်ဆာရောဂါကုဌာနတို့မှာ လုံခြုံရေးလိုအပ်ချက်အရ ကင်မရာအလုံး နှစ်ရာနီးပါး ထပ်မံတပ်ဆင်မယ်လို့ သိရပါတယ်။
Source : The Voice : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment