Latest News

Monday, January 30, 2017

ကိုနေ၀င်းရဲ့ဈာပနကို တက္ကစီအစီးရေနှစ်ရာကျော် လိုက်လံပို့ဆောင်မည်

ကိုနေ၀င်းရဲ့ဈာပနကို တက္ကစီအစီးရေနှစ်ရာကျော် လိုက်လံပို့ဆောင်မည်

ရန်ကုန်၊ ဇန်န၀ါရီ ၃၀

တရားလွှတ်တော်ရှေ့နေဦးကိုနီကိုလုပ်ကြံခဲ့တဲ့ သေနတ်သမားကိုလိုက်လံဖမ်းဆီးပေးရင်း အသက်ဆုံးရှုံး ခဲ့ရတဲ့ တက္ကစီယာဉ်မောင်းကိုနေဝင်း(ခ)ကိုဝင်းလွင်ရဲ့ နာရေးကို ရန်ကုန်လေဆိပ်ဂိတ်လေးခုမှာရှိတဲ့ တက္ကစီအစီးရေနှစ်ရာကျော်က လိုက်ပါပို့ဆောင် ပေးမယ်လို့ သိရပါတယ်။

ကိုနေဝင်းကို မနက်ဖြန်နေ့လည် တစ်နာရီမှာ မြောက်ဥက္ကလာမှာရှိတဲ့ ရေဝေးသုသာန်မှာ သဂြိုလ်သွားမှာဖြစ်ပါတယ်။

“ကျွန်တော်တို့ဂိတ်လေးခုလုံးမှာရှိတဲ့ တက္ကစီတွေအားလုံး သူတို့ရပ်ကွက်က ဘောလုံးကွင်းမှာ၁၁နာ ရီမှာ စုရပ်လုပ်ပြီး ပို့ဆောင်ပေးမှာပါ။တက်စီအားလုံးနှစ်ရာကျော်လောက်တော့ရှိမယ်။

ဂိတ်ကနေ အကုန်လုံးထွက်မှာပါ“လို့ ရွှေလွန်းပျံသယ်ယူပို့ဆောင်ရေးမှ အတွင်းရေးမှူး ဦးသန့်စင်မြင့်က ပြောပါတယ်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာရှိတဲ့ ရွှေလွန်းပျံသယ်ယူပို့ဆောင်ရေး၊ပျံသန်းသောပျံလွှားသယ်ယူုပို့ ဆောင်ရေး၊ရွှေညီကိုများသယ်ယူပို့ဆောင်ရေးနဲ့ပါရမီသယ်ယူပို့ဆောင်ရေး တက္ကစီဂိတ်လေးခုမှ ယာဉ်များအားလုံး ထွက်ခွာပို့ဆောင်ပေးမယ်လို့ သိရပါတယ်။

Sources: : ဝင်းနန္ဒာ (ကုမုဒြာ)

No comments:

Post a Comment