Latest News

Wednesday, January 25, 2017

မလေးရှား ထောက်ပံ့ရေးသင်္ဘော နတ်မြစ်ဝမှ စတင် ထွက်ခွာ

မလေးရှား ထောက်ပံ့ရေးသင်္ဘော နတ်မြစ်ဝမှ စတင် ထွက်ခွာ


မလေးရှားနိုင်ငံမှ ထောက်ပံရေး ပစ္စည်းများကို သယ်ဆောင်လာသော သင်္ဘောနှစ်စီးသည် ဘင်္ဂလားဒေရှ်-မြန်မာ နယ်စပ်အနီး နတ်မြစ်ဝတွင် ၂၄ နာရီ နီးပါးကြာ ရပ်နားထားရာမှ ယနေ့(ဇန်နဝါရီလ ၂၅ ရက်) ညနေပိုင်းက ပြန်လည် ထွက်ခွာသွားပြီဖြစ်ကြောင်း မောင်တောဒေသခံ ကိုအောင်ကျော်မင်းမှ ပြောသည်။

အဆိုပါ သင်္ဘော နှစ်စင်းသည် ဘင်္ဂလားဒေရှ် နယ်စပ်ကုန်သွယ်ရေး ဆိပ်ကမ်းအနီး ပင်လယ်ပြင်တွင် ယမန်နေ့ ညနေပိုင်းကတည်းက ရောက်ရှိနေခဲ့ပြီး၊ယနေ့ (ဇန်န၀ါရီ ၂၅ ရက်) ညနေပိုင်းမှသာ ရန်ကုန် သို့မဟုတ် စစ်တွေဘက်ကို ဦးတည် ထွက်ခွာသွားခဲ့ခြင်းဖြစ်ကြောင်း ယင်းသင်္ဘောများအား စောင့်ကြည့်နေခဲ့သည့် ကိုအောင်ကျော်မင်းက ပြောသည်။

ယခုကဲ့သို့ နိုင်ငံတော်၏ ခွင့်ပြုချက် မရရှိဘဲ မောင်တောမြို့အနီးသို့ ရောက်ရှိလာခြင်းမှာ မြန်မာနိုင်ငံ အစိုးရအား နိုင်ငံတကာမှ ဖိအားပေးခြင်း သဘောမျိုးဖြင့် လာရောက်ခြင်းဖြစ်နိုင်ကြောင်း မောင်တောမြို့ ကျီးကန်းပြင် နယ်ခြားစောင့် ရဲဌာနချုပ်မှ ရဲအရာရှိ တစ်ဦးမှ ပြောသည်။

မလေးရှားနိုင်ငံမှ ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောကို မြန်မာအစိုးရက ကန့်ကွက်မှုများ ရှိခဲ့သော်လည်း၊ နောက်ပိုင်းတွင် ရန်ကုန်သို့ ဆိုက်ကပ်ရန် လက်ခံ သဘောတူညီခဲ့ကြောင်း မလေးရှား မီဒီယာများတွင် ဖော်ပြထားသည်။


The Voice


No comments:

Post a Comment