Latest News

Friday, January 13, 2017

ဒီစနစ်က ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ လွတ်လပ်မြန်ဆန်စွာ သွားနိုင်တဲ့စနစ်ဖြစ်ပါတယ်

ဒီစနစ်က ခရီးသည်တွေ စိတ်ချမ်းသာစွာနဲ့ လွတ်လပ်မြန်ဆန်စွာ သွားနိုင်တဲ့စနစ်ဖြစ်ပါတယ်



ရန်ကုန် ဇန်နဝါရီ ၁၂

ယခင်မထသကို ဖျက်သိမ်းကာ ဇန်န ဝါရီ ၁၆ ရက်တွင် အစုအဖွဲ့ပိုင် ရန်ကုန် မြို့အတွင်း အများပြည်သူ သယ်ယူ ပို့ဆောင်ရေးစနစ် အဖြစ် ပြောင်းလဲ ပြေးဆွဲ မည့် ကုမ္ပဏီရှစ်ခုကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ် ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က လွတ်လပ်စွာ ဖွဲ့စည်းခွင့်ပြုခဲ့သည်။ ယင်းပြောင်းလဲ ဖွဲ့စည်းခဲ့သော ကုမ္ပဏီရှစ်ခုမှာ (၁)ဗန္ဓုလ အများပိုင်ကုမ္ပဏီ၊ (၂) Yangon Bus Public Co., Ltd. ၊ ရွှေမြို့တော် Transport Public Co., Ltd. ၊ (၃) Omni Focus Services Co., Ltd.+ Tran Link Co.,Ltd..၊ (၄)ရန်ကုန်မြို့ပြ အများပြည် သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီလီမိတက် (YUPT)၊ (၅) Power Eleven အများပိုင် ကုမ္ပဏီ လီမိတက်+အရှေ့သံလွင် အများပိုင် ကုမ္ပဏီ လီမိတက်+ အမြဲစိမ်း+ Lucky Family + ရွှေပြည်သာသား+ တိုက်ကြီး သား အများပိုင်ကုမ္ပဏီလီမိတက်၊ (၆) ကပရ + စံဝေလ+ ခေတ် သစ်ငြိမ်းချမ်း ရေး+ ရန်ကုန်မြောက်ပိုင်း အများပိုင် သယ်ယူ ပို့ဆောင်ရေး+ ရွှေအင်းဝ၊ ရွှေ လမ်းခင်း အများပိုင်ကုမ္ပဏီလီမိ တက်+ ခေတ်သစ် ဘုရင့်နောင်၊ (၇) အနာ ဂတ် အများပြည်သူခရီးသည် သယ်ယူ ပို့ဆောင်ရေး+ City Liner Bus Public Co., Ltd. (သန်မြန်သူ) (၈) ကုန်းဘောင် ရန်ကုန်+ ရွှေတောင်ပိုင်း ခရိုင်+ တောင်ပိုင်း ခရိုင် (ထက်မြက်သူ) အများပိုင်ကုမ္ပဏီ လီမိတက်တို့ဖြစ်သည်။

အဆိုပါပြေးဆွဲမည့် ကုမ္ပဏီရှစ်ခု သည် ယခုအခါအချိန်နှင့်အမျှ ပြည်သူ များအတွက် အဆင်ပြေစွာပြေးဆွဲပေး နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ သည်။

ဦးမျိုးမြင့်(မန်နေဂျင်းဒါရိုက်တာ)
ဗန္ဓုလအများပိုင် ကုမ္ပဏီ

ဒီစနစ်က အင်မတန်ကောင်းတဲ့စနစ် ပါ။ နိုင်ငံတကာမှာလည်း ဒီစနစ်ပဲကျင့်သုံး နေကြတယ်။ အာရှနိုင်ငံတွေနဲ့ အာဆီယံ နိုင်ငံတွေမှာလည်း ဒီစနစ်ပဲ။ ဒီစနစ်က သွားကိုသွားရမှာ။ လုပ်ကိုလုပ်ရမှာ။ ဒီစနစ်က ခရီးသည်တွေ စိတ်ချမ်းသာ စွာနဲ့ လွတ်လပ်မြန်ဆန်စွာ သွားနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ပြောင်းလဲမှုစနစ် မြန်နေတယ်လို့ တချို့သုံးသပ်ကြတယ်။ ဒီစနစ်ကို ဆွေးနွေးနေတာကြာပြီ။ ပြောင်းလဲဖို့လုပ်ခဲ့တာက ပြီးခဲ့တဲ့ အစိုးရ လက်ထက်ကတည်းက၊ ဒါပေမယ့် အထ မမြောက်ခဲ့ဘူး။

 မဖြစ်ခဲ့ဘူး။ ပြင်ဆင် နေတာကကြာပြီ။ လိုက်ပါလုပ်ဆောင်တဲ့ အခါကျတော့ စနစ်ဟောင်း တော်တော် ဆိုးတဲ့အခြေအနေကနေ စနစ်သစ် ကောင်းတာကို သွားဖို့ကျတော့ အချိန် ကလိုနေပြန်ရော၊ မလုပ်ရင်လည်း မဖြစ် ပြန်ဘူး။ ပိုနောက်ကျနေမယ်။ စစချင်းက တော့ အခက်အခဲနည်းနည်းလေးတော့ ရှိမှာပေါ့။ အကြံပြုချင်တာက စနေ၊ တနင်္ဂနွေဆိုရင် ပိုကောင်းတာပေါ့။ ကျောင်းသားတွေ၊ ရုံးသမားတွေ၊ ကုမ္ပဏီ တချို့ပိတ်တော့ နည်းနည်းရှင်းသေးတာ ပေါ့။ အခုလို ကပ်ဖွင့်လိုက်တာတော့ နည်းနည်းစောသွားတာပေါ့။ ဒီစနစ်က ပြိုင်မောင်းနေတာတွေ မရှိတော့ဘူး။

ဦးကျော်လှိုင်(ဥက္ကဋ္ဌ)
ခေတ်သစ်ဘုရင့်နောင်
အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်

ကျွန်တော်တို့ ကုမ္ပဏီအနေနဲ့က တော့ လောလောဆယ် ယာဉ်လိုင်း ၁၃ လိုင်းပြေးဆွဲဖို့ တင်ထားပြီး အစီးရေ ၈ဝဝ ကျော်နဲ့ ပြေးဆွဲဖို့လုပ်နေပါတယ်။ ယာဉ် လုပ်သားတွေအနေနဲ့ လုပ်ခ၊ လစာ မျှတအောင်ပေးထားတာမို့ ခရီးသွား ပြည်သူတွေကို ထမင်းရှင်အဖြစ်သတ်မှတ် ပြီး ပျူငှာယဉ်ကျေးစွာဆက်ဆံဖို့ ပြော လိုပါတယ်။ ပြည်သူတွေအနေနဲ့လည်း မိမိတို့တင်မြှောက်ထားတဲ့ အစိုးရက ပြောင်းလဲချိန်တန်လို့ ပြောင်းလဲတာဖြစ် တဲ့အတွက် ဒီစနစ်ကို အောင်မြင်ချောမွေ့ အောင် အဘက်ဘက်က ကူညီဖို့ လိုအပ်ပါ တယ်။

လက်ရှိဆွဲနေတာ ၁၂ ကြောင်းရှိ တယ်။ အဲဒီ ၁၂ ကြောင်းကို ပြန်ပြီး ပေါင်းလိုက်မှာပေါ့။ ဦးစားပေး ၁၊ ၂ ဆိုပြီး အုပ်စုလိုက် ခုနစ်ကြောင်းတင်ပြထား တယ်။ အဲဒီအထဲက အလွန်ဆုံး လေးကြောင်းလောက်ပဲရမှာ။ A အုပ်စု က ၂ဝဝ၅- ၂ဝ၁၆ အထိ ကားတွေဖြစ်ရ မယ်။ တစ်ဝက်လောက်ပဲရှိမယ်။

B အုပ်စုက ၂ဝဝဝ ကနေ ၂ဝဝ၅ အထိ။ အဲဒီအုပ်စုနှစ်ခုက အဲကွန်း၊ CCTV၊ GPS ၊ ထိုင်ခုံကကောင်းပြီး ကားတာယာတွေကအစ ကောင်းမွန်နေရ မယ်။ C အုပ်စုကတော့ ၂ဝဝဝ- ၁၉၉၅ အတွင်း Model ကားတွေ ပြေးဆွဲရမှာ ဖြစ်တယ်။ ရိုးရိုးကားတွေ။D အုပ်စုက တော့ ၁၉၉၅ အောက် ကားတွေပြေးဆွဲ ရမှာဖြစ်တယ်။ အများစုက ဂျပန်ကား တွေပဲ။ အဲဒီလို အုပ်စုခွဲပြီး တင်ရတယ်။ အနည်းဆုံးနှစ်လိုင်း၊ အများဆုံးလေးလိုင်း ပဲ ပြေးဆွဲချင်တာ။

A အုပ်စုမှာက လိုင်းနှစ်လိုင်း ကား စီးရေ ၂ဝဝ ပြေးဆွဲမယ်။Bအုပ်စုမှာက ပြေးဆွဲဖို့မရှိဘူး။ C အုပ်စုမှာက ကား အစီး ၁ဝဝ နဲ့ D အုပ်စုမှာက ကား ၅ဝ ယာဉ်လိုင်းလေးလိုင်းကို စုစုပေါင်း ယာဉ် အစီး ရေ ၃၅ဝ နဲ့ စတင်ပြေးဆွဲသွားမှာ ဖြစ်တယ်။ နောက်ကျရင် D အုပ်စုက ကား ၅ဝ ကိုအပ်ပြီး အရေကျိုဖျက်သိမ်း ဖို့ စီစဉ်ထားတယ်။ တဖြည်းဖြည်းနဲ့ အဲဒီလိုဖျက်ရင်းဖျက်ရင်းနဲ့ အားလုံး ကို ကားအသစ် အစားထိုးသွား မယ်။

ဦးမောင်စံ(ဥက္ကဋ္ဌ)
(ခေတ်သစ်ငြိမ်းချမ်းရေး ကုမ္ပဏီ)

မထသစနစ်ကနေ အများပိုင်စနစ်ကိုပြောင်းလိုက်တာပဲဖြစ်တယ်။ အများ ပိုင်စနစ်မှာ အများပြည်သူသယ်ယူ ပို့ဆောင်ရေးဆိုတဲ့စနစ်ကို စတင် အကောင်အထည်ဖော်တာ။ ယာဉ်နောက် လိုက်ဟာ ယာဉ်ကြီးကြပ်ဖြစ် သွားပြီ။ ကျွန်တော်မြင်တာကတော့ ဒါပဲ။ ဒီစနစ်က အရင်လမ်းကြောင်းဟောင်းတွေ ကို ပြေး ဆွဲတာဖြစ်တဲ့အတွက် ခရီး သွားပြည်သူ တွေ အခက်အခဲမရှိအောင် ကူညီပံ့ပိုးပေး ဖို့ပဲရှိတယ်။ အခု အာဏာပိုင်အဖွဲ့က ကုမ္ပဏီရှစ်ခုကို လိုင်း ၆ဝ ချပေးတယ်။

 ကျွန်တော်တို့တင်ပြတာက လက်ရှိ ပြေးဆွဲနေတဲ့ လိုင်းဟောင်းတွေကို ဦးစားပေးပါ။ အခြားကုမ္ပဏီတွေလို ငွေအရင်းအနှီးနဲ့ ထောင်တာမဟုတ်ပါ ဘူး။ လက်ရှိပြေးဆွဲနေတဲ့ယာဉ်တွေကို အခြေခံပြီး အစုအဖွဲ့ ကုမ္ပဏီလုပ်ထား တာဖြစ်တယ်။ အခုပြောင်းလဲတဲ့စနစ်က တော့ မကွာခြားဘူး။ အုပ်ချုပ်ပုံစနစ်ပဲ ကွာခြားတယ်လို့မြင်တယ်။ အရင်က ပို့/ ဆက်၊ ကညနဥပဒေတို့က ရှိထားပြီး သား၊ ဒါတွေကို လုံးဝထည့်သွင်းအသုံး မပြုခဲ့ဘူး။ ဒေသ္တရဥပဒေကိုလည်း ထည့်မသုံးခဲ့ဘူး။ အဲဒီဥပဒေတွေသာ ထည့်သုံးမယ်ဆိုရင် အလိုလိုမှေး မှိန်သွား မှာမဟုတ်ဘူး။ အခုအချိန်ထိ အထက်က ယာဉ်မောင်းကို လစာနဲ့ပေးရ မယ်။ ပိုက်ဆံပုံးထားမယ်လို့ အခုအထိမòန် ကြားသေးဘူး။

 ကျွန်တော်တို့က အာဏာ ပိုင် အဖွဲ့ အစည်းရဲ့ òန်ကြားချက်နဲ့အညီပဲ လုပ်နိုင်မှာ။ ဘာကိုမှ မòန်ကြားသေး ဘူး။ ခုချိန်ထိ လိုင်းပြေးဆွဲပေးဖို့နဲ့ ခရီးသည်တွေ အဆင်ပြေဖို့ပဲ မှာကြား ထားသေးတယ်။ ဥပဒေရှိပါလျက်နဲ့ လိုက်နာကျင့်သုံးခြင်း မရှိပါဘဲနဲ့ ယာဉ်မောင်းဆိုးတယ်၊ နောက်လိုက်ဆိုး တယ်။ ယာဉ်ပိုင်ရှင်ဆိုးတယ် ဆိုတာ ဖြစ်နေတာ။ ရှိပြီးသား ဥပဒေကို တိတိ ကျကျ လိုက်နာဆောင်ရွက်မယ်ဆိုရင် အကုန်နီးပါးမကောင်းသည့်တိုင် သုံးပုံ နှစ်ပုံတော့ ကောင်းသွားမှာပါ။ ဥပဒေကို လိုက်နာကျင့်သုံးသွားမယ်။

တစ်ပြေးညီ တာဝန်ယူကြရမှာဖြစ်တယ်။ ဒီစနစ်ကို အတတ်နိုင်ဆုံး တင်ပြတောင်းဆိုပြီး တော့ လုပ်ဆောင်သွားမယ်။ ကျွန်တော် တို့အနေနဲ့ ၂ဝဝဝ အထက် မော်ဒယ်တွေ နဲ့ပဲ ခုစတင်ပြေးဆွဲမှာဖြစ်တယ်။

ယာဉ် ဟောင်းတွေကို တစ်ရစ်ချင်းပြောင်းလဲဖို့ လုပ်ထားတယ်။ အခုထိ အုပ်စုမခွဲနိုင်သေး ဘူး။ ဝန်ကြီးချုပ်က အစောကတည်းက ကြိုပြောနေတယ်။ ဇန်နဝါရီလမှာလုပ်မယ် လို့စနစ်ပြောင်းမယ်လို့ပြောတာ သုံးလ ကြာတယ်။ ကြိုပြောတာ ကိုးလရှိပြီ။ အောက်ကလိုက်ပါမှုက အားနည်းတယ် လို့မြင်တယ်။ ကျွန်တော့် ကုမ္ပဏီမှာတော့ ဒီစနစ်အပေါ်မှာ ဝန်ထမ်းမလိုက်နာရင် ထုတ်ပစ်မယ်။ ရာဇဝတ်မှုကျူးလွန်ရင် ဥပဒေအတိုင်း ဆောင်ရွက်မယ်။

အထက် က ချမှတ်ထားတဲ့မူဝါဒနဲ့အညီ အောက်ကို ကိုင်တွယ်ပေးပါ။ အခု လိုင်း ၁၇ လိုင်းကို ယာဉ်အစီးရေ ၈ဝဝ ကျော်နဲ့ပြေးဆွဲဖို့ တင်ထားပါတယ်။ ဘယ်လိုင်းတွေပြေးဆွဲ ရမယ်ဆိုတာ ဒီကနေ့အထိ မကျသေး ပါဘူး။

Sources;သတင်း- မောင်စိန်လွင်(မြန်မာ့အလင်း)၊ ဓာတ်ပုံ- မင်းထက်

No comments:

Post a Comment