Latest News

Monday, January 30, 2017

ဦးကိုနီအား ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္လုပ္ၾကံသတ္ျဖတ္မႈႏွင့္ ျဖစ္စဥ္မွန္ေပၚေပါက္ေရး၊ ျပစ္မႈက်ဴးလြန္သူမ်ား အျမန္ဖမ္းဆီးႏိုင္ေရးအတြက္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္


ဦးကိုနီအား ေသနတ္ျဖင့္ အနီးကပ္ပစ္ခတ္လုပ္ၾကံသတ္ျဖတ္မႈႏွင့္
ျဖစ္စဥ္မွန္ေပၚေပါက္ေရး၊ ျပစ္မႈက်ဴးလြန္သူမ်ား အျမန္ဖမ္းဆီးႏိုင္ေရးအတြက္ လုံၿခဳံေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ခ်က္

ေနျပည္ေတာ္၊ ဇန္န၀ါရီ ၃၀

အမ်ဳိးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ပါတီ ဥပေဒအႀကံေပး ဦးကိုနီသည္ ၂၀၁၇ ခုႏွစ္၊ ဇန္န၀ါရီ ၂၉ ရက္ ညေန ၅ နာရီခန္႔တြင္ ရန္ကုန္အျပည္ျပည္ဆုိင္ရာေလဆိပ္ Terminal 1 ေရွ႕၌ ဦးၾကည္လင္း ဆုိသူမွ ေသနတ္ျဖင့္ပစ္ခတ္မႈေၾကာင့္ ေသဆံုးခဲ့သည့္ျဖစ္စဥ္ ျဖစ္ပြားခဲ့ပါသည္။ ဥပေဒအႀကံေပးတစ္ဦး ဆံုး႐ံႈးရျခင္း အတြက္ က်န္ရစ္သူမိသားစုႏွင့္ ထပ္တူထပ္မွ် ၀မ္းနည္းရပါသည္။ ယင္းျဖစ္စဥ္သည္ လုံၿခဳံေရးႏွင့္ပတ္သက္၍  မ်ားစြာ ထိခိုက္ေစျခင္းေၾကာင့္ ျဖစ္စဥ္မွန္ေပၚေပါက္ေရး၊ ျပစ္မႈက်ဴးလြန္သူမ်ားအား  အျမန္ဖမ္းဆီးရမိေရး အတြက္ တပ္မေတာ္အေနျဖင့္ လံုၿခံဳေရးအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာအပ္ပါသည္။

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕

(Unicode Version)

ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများ အမြန်ဖမ်းဆီးနိုင်ရေးအတွက် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်

နေပြည်တော်၊ ဇန်နဝါရီ ၃၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥပဒေအကြံပေး ဦးကိုနီသည် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက် ညနေ ၅ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် Terminal 1 ရှေ့၌ ဦးကြည်လင်း ဆိုသူမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။ ဥပဒေအကြံပေးတစ်ဦး ဆုံးရှုံးရခြင်း အတွက် ကျန်ရစ်သူမိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းရပါသည်။ ယင်းဖြစ်စဉ်သည် လုံခြုံရေးနှင့်ပတ်သက်၍  များစွာ ထိခိုက်စေခြင်းကြောင့် ဖြစ်စဉ်မှန်ပေါ်ပေါက်ရေး၊ ပြစ်မှုကျူးလွန်သူများအား  အမြန်ဖမ်းဆီးရမိရေး အတွက် တပ်မတော်အနေဖြင့် လုံခြုံရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

No comments:

Post a Comment