လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တစ်ရက်လျှင် နာရီဝက်အနည်းဆုံး တရားထိုင်
"သူလိုအလုပ်များတဲ့လူတောင် တစ်နေ့ နာရီဝက်တရားထိုင်နိုင်ရင် တရားနာပရိတ်သတ်ကြီးရော ဘာလို့ မလုပ်နိုင်ရမှာလဲ။
ဒကာမကြီးဒေါ်အောင်ဆန်းစုကြည်နဲ့ ဘုန်းဘုန်တွေ့တော့ တရားထိုင်ဖြစ်ရဲ့လားလို့ မေးလိုက်တယ် တစ်နေ့ နာရီဝက်အနည်းဆုံး ကြိုးစားပြီးတော့ ထိုင်ပါတယ် အလုပ်များလွန်းသွားရင်တော့ ဝတ်ပျက်သွားတဲ့နေ့တော့ ရှိတယ် ဒါပေမယ့်လည်း အဲဒါ နည်းပါတယ် လို့ ဘုန်းဘုန်းကို ပြန်ပြောတယ် ဟု ဆရာတော် အရှင် ရာဇိန္ဒ (ရဝေနွယ် -အင်းမ ) ဆရာတော်က ယနေညကျင်းပသည့် နှစ်သစ်ကူး တရားအလှူတော် သဘင် နောက်ဆုံးနေ့ တရားဟောရာတွင်ထည့်သွင်းဟောကြားသွားသည်။
ပြည်သူ့ရင်ပြင်တွင်ကျင်းပသည့် အစိုးရသစ်လက်ထက် နှစ်သစ်ကူး တရားအလှူ တော်ပွဲ နောက်ဆုံးနေ့တွင်လည်း တရားနာပရိတ်သတ် တစ်သိန်းလေးသောင်းဝန်းကျင်ရှိကြောင်း တရားပွဲ အကျိုးတော်ဆောင်က ကြေငြာသည်။
တရားနာကြွရောက်လာသူတိုင်းကို စတစ်ကာကတ်ပေးသည့်စနစ်ဖြင့် လူဦးရေ ကောက်ယူခြင်းဖြစ်ပြီး ကုန်သွားသည့် စတစ်ကာအရေ အတွက်ပေါ် မူတည်၍ လူဦးရေကို မှတ်သားထားသည်ကို တွေ့မြင်ရသည်။
ယခင်ညများကဲ့သို့ပင် မထသကြို ပို့ မော်တော်ယာဉ်များဖြင့် ရန်ကုန် အစွန်အဖျား မြို့နယ်များမှ တရားနာလာသူများကိုတွေ့ရပြီး တရားပွဲ အပြီးတွင် အခမဲ့ အိမ်ပြန်ပို့ဆောင်ပေးသည့် Taxi များကိုလည်းတွေ့ရသည်။
ယနေ့ညတွင် ရာဟုလောဝါဒသုတ်ကို အခြေခံသည့် မိမိကိုယ်ကို မိမိတည်ဆောက်ပါ ခေါင်းစဉ်ဖြင့် ဆရာတော်က တရားပြဆုံးမသည်။ "အစိုးရဆိုတာ အလုပ်လုပ်ရင် လေပဲ စိုက်ရတာ။ အစိုးရအနေနဲ့အလုပ်လုပ်ရင် အင်္ဂါ ၃ချက်နဲ့ကိုက်ညီအောင်လုပ်ပါ ။နိဗ္ဗာန်ကိုဦးတည်ပါ သူတပါးအကျိုးကိုငဲ့ပါ မိမိအကျိုးကိုလုံးဝမငဲ့ပါနဲ့။ မြို့ထဲမှာ အိမ်သာဆောက်ပေးပြီး ပိုက်ဆံမကောက်သင့်ဘူး ဒါဘယ်နိုင်ငံမှာမှ မရှိဘူး ဟု ဆရာတော်က မိန့်ကြားသည်။
"မကြာခဏ ဒီလိုတရားပွဲမျိုးကျင်းပ စေချင်တယ် တရားနာရတယ် ဗဟုသုတလည်းရတယ် ခေတ္တတော့ ငြိမ်းချမ်းတာပေါ့ တရားပွဲစီစဉ်သူတွေကို မေတ္တာပို့ပါတယ် " ဟု ၅ညတက်တိုက် တရားနာလာသူ အင်းစိန်ဈေးထဲက ဒေါ်သိန်းမြင့်က ပြောသည်။
ယနေ့ည ဓမ္မပူဇာ အလှူငွေ ကျပ် သိန်းခုနှစ်ရာကျော် ရရှိခဲ့သည်။
Sources; The Ladies News
Subscribe to:
Post Comments (Atom)
No comments:
Post a Comment