Latest News

Sunday, January 22, 2017

စနစ်သစ်တွင် ပါဝင်ပြေးဆွဲသည့် ယာဉ်များထံမှ စီမံခန့်ခွဲမှုစရိတ်ကောက်ခံမှု တစ်ရက်လျှင် ကျပ်သိန်း ၁၂၀ ခန့်ရရှိ

စနစ်သစ်တွင် ပါဝင်ပြေးဆွဲသည့် ယာဉ်များထံမှ စီမံခန့်ခွဲမှုစရိတ်ကောက်ခံမှု တစ်ရက်လျှင် ကျပ်သိန်း ၁၂၀ ခန့်ရရှိ

အများပိုင်ဘတ်စ်ကား စုပေါင်းပြေးဆွဲမှုတွင် ပါဝင်သည့် ယာဉ်များထံမှ စီမံခန့်ခွဲမှုနှင့်လူမှု ရေးအသုံးစရိတ်အတွက် ကောက်ခံရရှိသည့်ငွေသည် တစ်ရက်လျှင် ပျမ်းမျှ ကျပ်သိန်း ၁၂၀ ခန့်ရှိ ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာ မောင်အောင်က ပြောသည်။

 အများပိုင် ဘတ်စ်ကားစု ပေါင်းပြေးဆွဲမည့်စနစ်တွင် ပါဝင် ပြေးဆွဲသည့်ယာဉ်များကို စီမံခန့် ခွဲမှုနှင့်လူမှုရေးအသုံးစရိတ်အ တွက် တစ်ရက်လျှင် ကျပ် ၄,၀၀၀ နှုန်းဖြင့် YRTA က ကောက်ယူခြင်း ဖြစ်သည်။

‘‘တစ်ရက်ကို ဘတ်စ်ကားစီး ရေ ၃,၀၀၀ နဲ့ တွက်ရင် ကျပ်သိန်း ၁၂၀ လောက် ပုံမှန်ဝင်နေတယ် လို့ ပြောလို့ရတယ်။ အဲဒီငွေတွေနဲ့ လိုအပ်နေတဲ့ ကဏ္ဍတွေမှာ အသုံး ချသွားမှာပါ’’ဟု ဒေါက်တာမောင် အောင်က ပြောသည်။

ကောက်ယူရရှိသော ငွေ ကြေးကို YRTA ဝန်ထမ်းများအ တွက် လစာပေးချေခြင်း၊ ဘတ်စ် ကားလမ်းညွှန်ဆိုင်းဘုတ်များလဲ လှယ်တပ်ဆင်ခြင်း၊ ဘတ်စ်ကား လမ်းကြောင်းအချို့၌ လမ်းများ ပျက်စီးနေခြင်းကို ပြုပြင်ခြင်း၊ ဘတ်စ်ကားများကို GPS စနစ် တပ်ဆင်ခြင်း စသည့် ကဏ္ဍများ တွင် သုံးစွဲမည်ဟု ၎င်းက ရှင်းလင်း ပြောကြားသည်။

ထိုကဲ့သို့ ဘတ်စ်ကားပြေး ဆွဲခြင်းအပေါ် မူတည်၍ စီမံခန့်ခွဲ မှုနှင့် လူမှုရေးအသုံးစရိတ်အဖြစ် ကောက်ခံခြင်းသည် မထသစီမံကြီးကြပ်မှုစနစ်တွင်လည်း ရှိခဲ့ပြီး မထသလက်ထက်က ဘတ်စ်ကား များ၏ပြေးဆွဲသည့်လမ်းကြောင်း အခေါက်ရေအလိုက် ဝင်ငွေ၏ ၂ ရာခိုင်နှုန်းကို ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း ယာဉ်ပိုင်ရှင်များက ပြောသည်။ ထိုသို့ ကောက်ခံရာ မထသလက်ထက်၌ တစ်ရက် လျှင် ကျပ် ၃၆ သိန်းခန့်ရရှိကြောင်း သတင်းရရှိသည်။

‘‘အရင်ကထက်စာရင် ပေး သွင်းရတဲ့ငွေက တချို့ လမ်း ကြောင်းက ဘတ်စ်ကားတွေအ တွက် သက်သာသွားတာ ရှိသလို အရင်ကထက် ပိုများသွားတာမျိုး လည်း ရှိသွားတယ်။ အရင်က တော့ လိုင်းတစ်လိုင်းနဲ့ တစ်လိုင်း သွင်းရတာ မတူဘူးလေ။ တစ်ရက် ကို ကျပ် ၁,၀၀၀ ကျော်လောက်က နေ ကျပ် ၈,၀၀၀၊ ၉,၀၀၀ သွင်းရတာတွေလည်း ရှိတယ်။ အခုက တော့ တစ်ပြေးညီ ဖြစ်သွားတာ ပေါ့’’ ဟု ယာဉ်ပိုင်ရှင် ကိုကြည်နိုင် က ပြောသည်။

 မထသ မဖျက်သိမ်းမီ ဇန်န ဝါရီ ၁၅ ရက်အထိ တစ်ရက်ချင်းကောက်ယူရရှိသည့် ငွေပမာဏကိုထုတ်ပြန်ထားခြင်း မရှိသေးပေ။

 အများပိုင် ဘတ်စ်ကားစု ပေါင်းပြေးဆွဲသည့် ငါးရက်မြောက်နေ့ (ဇန်နဝါရီ ၂၀ ရက်) တွင် ဘတ်စ်ကားစီးရေ ၃,၇၀၀ ခန့် ပြေးဆွဲနေပြီး ဘတ်စ်ကားစီးရေ ထပ်မံဖြည့်တင်းရန် ရှိနေ၍ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ကကောက်ယူရရှိမည့်ငွေ ပမာဏ ပိုမိုများပြားလာနိုင်ကြောင်း ယာဉ်ပိုင်ရှင်များက သုံးသပ် သည်။

Sources: 7 Day News Journal

No comments:

Post a Comment