Latest News

Sunday, January 22, 2017

ဘတ်စ်ကားစလစ်ဈေး ကျပ်သိန်း ၁၀ဝ ပေါက်

ဘတ်စ်ကားစလစ်ဈေး ကျပ်သိန်း ၁၀ဝ ပေါက်

ရန်ကုန်၊ ဇန်နဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဘတ်စ်ကားများကို လူစီးကားစလစ် ထုတ်ပေးမည် ဖြစ်ခြင်းကြောင့် ဘတ်စ်ကားအမည်ပေါက် စလစ်တစ်စောင်လျှင်  ကျပ်သိန်း ၁၀ဝ ခန့် ဈေးပေါက်နေပြီး ဒိုင်နာယာဉ်များကို လိုက်လံဝယ်ယူ စုဆောင်းနေကြကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

ဒိုင်နာယာဉ်တစ်စီးလျှင် ကျပ် ၇၃ သိန်းခန့်ဈေးဖြင့် လိုက်လံဝယ်ယူလျက်ရှိပြီး ဘတ်စ်ကား အမည်မပေါက်သည့် စလစ်တစ်စောင်လျှင် ကျပ် ၉၄ သိန်းခန့်၊ ယာဉ်ဟောင်းတစ်စီးလျှင် ၈၅ သိန်းခန့် ဈေးရှိကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

“ ‘ခ’ ခရီးသည်ကားဆိုမှ ရောင်းလို့ရတယ်။ ‘က’ ကုန်စည်တင်ကားဆို ဈေးမရဘူး။ အရောင်းအဝယ်ကတော့ သိပ်မကောင်းပါဘူး” ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။

ထို့ပြင် လူစီးစလစ်များ၏ ဈေးနှုန်းသည်လည်း မော်တော်ယာဉ် အရောင်းအဝယ် မကောင်းခြင်းကြောင့် တစ်စောင်လျှင် ယခင်ကထက် ကျပ်သုံးသိန်းခန့်အထိ ကျဆင်းကြောင်း စလစ်ဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ လူစီးစလစ်တစ်စောင်လျှင် ကျပ်သိန်း ၁၀ဝ ခန့်၊ အမည်မပေါက်သည့် စလစ်တစ်စောင်လျှင် ကျပ် ၉၄ သိန်းခန့်နှင့် ယာဉ်အိုယာဉ်ဟောင်း တစ်စီးလျှင် ကျပ် ၉၃ သိန်းခန့်ဈေး ရှိကြောင်း စလစ်ဈေးကွက် အတွင်းမှ သိရသည်။

Sources: The Voice

No comments:

Post a Comment