Latest News

Monday, January 30, 2017

အမျိုးသမီးတွေကို ငွေစက္ကူပေါ် ဂုဏ်ပြုချီးမြင့်တဲ့ နိုင်ငံ (၉) နိုင်ငံ

အမျိုးသမီးတွေကို ငွေစက္ကူပေါ် ဂုဏ်ပြုချီးမြင့်တဲ့ နိုင်ငံ (၉) နိုင်ငံ



အမျိုးသမီးတွေ ငွေစက္ကူပေါ် ပုံနှိပ်ချီးမြှင့်တဲ့နိုင်ငံတွေရှိတယ်လို့ ဆိုရင် သင်ယုံကြည်မှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာ့အကျော်အမော သူရဲကောင်းတွေ၊ နိုင်ငံအကျိုးစွမ်းစွမ်းတမံကြိုးစားဖော်ဆောင်ခဲ့သူတဲ့ အမျိုးသားတွေသာ ငွေစက္ကူတွေပေါ် တွေ့မြင်နေရတတ်တာကြောင့်ပါ။ ဒါကလည်း နိုင်ငံတော်တော်များများ အားလုံးအတူတူချည်းပါပဲ။  ဒါဆို ခုနပြောတဲ့ အမျိုးသမီးတွေကို ငွေစက္ကူပေါ် ဂုဏ်ပြုချီးမြင့်တဲ့ နိုင်ငံတွေက ဘယ်နိုင်ငံတွေများလဲဆိုတာ ကြည့်ရအောင်။

တူရကီနိုင်ငံ

ပထမဦးဆုံး တူရကီအမျိုးသမီးဝတ္တုရေးဆရာမအဖြစ် ဂုဏ်ပြုခြင်းခံခဲ့တဲ့ အမျိုးသမီး Fatma Aliye Topuz ဟာ lira ၅၀ တန်ငွေစက္ကူပေါ် ၂၀၀၉ ခုနှစ်မှာ ပုံနှိပ်ဖော်ပြခြင်း ခံခဲ့ပါတယ်။

ဆွီဒင်နိုင်ငံ

ဆွီဒင်နိုင်ငံမှာ ငွေစက္ကူပေါ် ဖော်ပြခံရတဲ့ အမျိုးသမီးလက်တစ်ဆုပ်စာသာ ရှိပါတယ်။ ဆွီဒင်အော်ပရာတေးသံရှင် Jenny Lind က ၁၉၉၆ မှာ ခရော်နာငွေ ၅၀ တန်ပေါ် ဖော်ပြခံရပါတယ်။ စာပေနိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိတဲ့ ဆွီဒင်နိုင်ငံရဲ့ ပထမဦးဆုံးအမျိုးသမီးစာရေးဆရာမ Selma Lagerlof က ၁၉၉၇ ခုနှစ်မှာ ခရော်နာ ၂၀ တန်စက္ကူပေါ် ရောက်ရှိခဲ့ပါတယ်။

သြစတြေးလျနိုင်ငံ

ဆိုရှယ်လစ်ဒါဒီ ကဗျာဆရာ Mary Gilmore က ၁၉၉၃ မှာ သြစတြေးလျဒေါ်လာ ၁၀ တန်ငွေစက္ကူပေါ် ဖော်ပြခံခဲ့ရပါတယ်။ စီးပွားရေးသမား Mary Reibey က ၁၉၉၄ ခုနှစ်မှာ ဒေါ်လာ ၂၀ တန်ပေါ် ဖော်ပြခံခဲ့ပါတယ်။ ၁၉၉၆ ခုနှစ်ကတည်းက သြစတြေးလျပါလီမန်မှာ ရွေးချယ်တင်မြောက်ခြင်းခံခဲ့တဲ့ ပထမဦးဆုံးအမျိုးသမီး Edith Cowan က ဒေါ်လာငွေ ၅၀ တန်ငွေစက္ကူပေါ် ပုံနှိပ်ဖော်ပြခံခဲ့ပြီး Neillie Melba က ဒေါ်လာ ၁၀၀ တန်ငွေစက္ကူပေါ် ဖော်ပြခံခဲ့ပါတယ်။

နယူးဇီလန်နိုင်ငံ

၂၀ ရာစုက အမျိုးသမီးမဲပေးပိုင်ခွင့်ရရှိရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ Kate Sheppard ဟာ ၁၉၉၉ ခုနှစ်မှာ ဒေါ်လာ ၁၀ တန်ငွေစက္ကူပေါ် ဂုဏ်ပြုခံခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံ

ရောမအင်ပါယာကို ဆန့်ကျင်တော်လှန်မှု ဦးဆောင်ခဲ့သူ ၃ ရာစုမှာ အုပ်ချုပ်မင်းလုပ်ခဲ့သူ ဘုရင်မ Zenobia ဟာ စတာလင်ပေါင် ၅၀၀ တန်ငွေစက္ကူပေါ် ဖော်ပြခံခဲ့ပါတယ်။

မက်ဆီကိုနိုင်ငံ

မက်ဆီကိုနိုင်ငံသူ အနုပညာရှင် Frida Kahlo ဟာ ပက်စ်ကို ၅၀၀ တန်ငွေစက္ကူပေါ် ဖော်ပြခံခဲ့ပြီး တစ်ချိန်တည်းမှာ ကိုယ့်ထူးကိုယ့်ချွန် ကဗျာဆရာနဲ့ ပညာရှင် Sor Juana Ines de la Cruz က ၁၉၉၂ ခုနှစ်မှာ ပက်စ်ကို ၂၀၀ တန်ငွေစက္ကူပေါ် ဖော်ပြခံခဲ့ပါတယ်။

ဖိလိပိုင်နိုင်ငံ

ဖိလိပိုင်နိုင်ငံရဲ့ ပထမဦးဆုံးအမျိုးသမီး သမ္မတ Corazon Aquino ဟာ ၂၀၀၉ ခုနှစ်ကစပြီး ပက်စ်ကို ၅၀၀ တန်ငွေစက္ကူပေါ် ဖော်ပြခံခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် ဦးဆောင်သူ (ဖိလိပိုင်နိုင်ငံရဲ့ အမျိုးသမီးသပိတ် ခေါင်းဆောင်) Josefa Llanes Escoda ဟာ ၁၉၉၁ ခုနှစ်ကစပြီး ပက်စ်ကို ၁၀၀၀ တန်ငွေစက္ကူပေါ် ရောက်ရှိခဲ့ပါတယ်။

အာဂျင်တီးနားနိုင်ငံ

အာဂျင်တီးနားနိုင်ငံရဲ့ အထင်ရှားဆုံး အမျိုးသမီး Eva Peron ဟာ ၂၀၁၂ က ပက်စ်ကို ၁၀၀ တန်ငွေစက္ကူပေါ် ဂုဏ်ပြုခံခဲ့ပါတယ်။

Ref: msn

=============

Trend Myanmar

No comments:

Post a Comment