Latest News

Sunday, January 1, 2017

ပြောင်းလဲသည့် ပညာရေးစနစ်အပေါ် ကျောင်းသားမိဘများက သဘောမကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ပြောင်းလဲသည့် ပညာရေးစနစ်အပေါ် ကျောင်းသားမိဘများက သဘောမကျဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမှတ်ဖြင့်ဆုံးဖြတ်သည့် ပညာရေးစနစ်အစား Grade ဖြင့် သတ်မှတ်သည့် စနစ်သို့ ပြောင်းလဲရာတွင် ယင်းကဲ့သို့ ပြောင်းလဲသည့်အပေါ် ကျောင်းသားမိဘများက သဘောကျနှစ်သက်မှုမရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပြောင်းလဲသည့်စနစ်အပေါ် ကျောင်းသား၊ ကျောင်းသူများက သဘောကျ နှစ်သက်သော်လည်း မိဘများက သဘောကျနှစ်သက် ခြင်းမရှိဟု သိရကြောင်း ဇန်န၀ါ ရီ ၁ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် ဒေါ်အောင်ဆန်းစု ကြည်နှင့် လူငယ်များ၏ စကား ၀ိုင်း၌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်က ထည့်သွင်းပြောကြားခဲ့သည်။

‘‘ပညာရေးစနစ်နဲ့ ပတ်သက် ရင် အမှတ်နဲ့ ဆုံးဖြတ်တဲ့စနစ်ကို အန်တီတို့အနေနဲ့ ဒီဟာကိုပြောင်းမယ်။ Grading နဲ့ သွားမယ်ပေါ့။ A, B, C Grade နဲ့ သွားမယ်။ အရင်လို အမှတ်နဲ့ မသွားဘူး’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြော ကြားသည်။

‘‘စိတ်ဝင်စားဖို့ ကောင်းတာ က စပြီးပြောင်းတာမှာ ကျောင်း သူ၊ ကျောင်းသားတွေက သဘော  ကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အပေါ်မှာ ဖိအားပိုပြီးနည်း သွားတယ်။ တစ်ယောက်နဲ့ တစ် ယောက်နဲ့ အမှတ်လေး သုံးလေး မှတ်ကွာတာနဲ့ကို ပြိုင်နေရတဲ့ ဖိ အားတွေနည်းသွားတယ်။ ဒါပေ မဲ့ သဘောမကျတာက မိဘတွေ၊ မိဘတွေကိုပြန်ပြီး ပညာပေးမှဖြစ် မယ်။ သူတို့ကို ကျောင်းတက်ခိုင်း မှဖြစ်မယ်။ နောက်ပြီး သူတို့ကို စာမေးပွဲဖြေခိုင်းရမယ်။ အဲဒါမှ Pressure (ဖိအား) ဘယ်လောက် များလဲဆိုတာသိမှာ’’ဟု ဒေါ် အောင်ဆန်းစုကြည်က ဆိုသည်။

အဆိုပါစနစ်ကို ၂၀၁၆ သြ ဂုတ်လ လပတ်စာမေးပွဲမှစ၍ နဝ မတန်းထိ ကျောင်းသားများကို စာမေးပွဲစစ်ဆေးရာတွင် ကျင့်သုံး လျက်ရှိပြီး အမှတ် ၈၀ မှအထက် ကို A အဆင့်၊ အမှတ် ၆၀ မှ ၇၉ မှတ်ထိကို B အဆင့်၊ အမှတ် ၄၀ မှ ၅၉ မှတ်ထိကို C အဆင့်ဟု သတ်မှတ်ကြောင်း သိရသည်။

အဆိုပါစနစ်သည် နိုင်ငံအများစုတွင် ကျင့်သုံးလျက်ရှိသော စနစ်ဖြစ်ပြီး အမှတ်စနစ်ထက်ပို၍ ထိရောက်သော စနစ်ဖြစ်ကာ ယင်းစနစ်တွင် အမှတ်ဖြင့် တက္ကသိုလ်ဝင်ခွင့်၊ ဘွဲ့အပ်နှင်းခြင်းများ ဆုံးဖြတ်မည်မဟုတ်ဘဲ အဆင့် သတ်မှတ်ချက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်သောကြောင့် ကျောင်းသားများအတွက် ပညာရေးတွင်ပို၍ ထိရောက်မည်ဖြစ်ကြောင်း ပညာရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ် အချို့က ပြောသည်။

ကျင့်သုံးဆဲ ပညာရေးစနစ် အရ အမှတ်ကောင်းမှသာလျှင် ဆေးတက္ကသိုလ်ကဲ့သို့ သက်မွေး ၀မ်းကျောင်းပညာသင် တက္က သိုလ်များသို့ ၀င်ခွင့်ရမည်ဖြစ် သောကြောင့် မိမိတို့၏ သားသမီး များအား အမှတ်ကောင်းကောင်း ရရှိစေလိုခြင်း ဖြစ်သည်ဟု ကျောင်းသားမိဘအချို့က ပြော ကြားသည်။

 ‘‘မိဘတော်တော်များများ ကတော့ ပြိုင်ကြတာပေါ့ဗျာ။ ကြားထဲက ကလေးတွေက မြေ စာပင်ဖြစ်ရတာပေါ့။ ကျောင်း ထားရမယ့် အရွယ်ရောက်တာနဲ့ ကိုယ်နေတဲ့ မြို့နယ်ထဲက ကိုယ် တကယ်ထားရမယ့် ကျောင်းကို မစဉ်းစားကြဘူး။ နယ်ကျော်ပြီး ဒဂုံ (၁)တို့၊ TTC တို့ကို မှန်းကြ တယ်။ အဲဒီမှာတည်းက စပြီးလမ်းလွဲတယ်။ တကယ်က ထူးချွန် မယ့် ကလေးဟာ ဘယ်ကျောင်း မှာထားထား ထူးချွန်မှာပဲ။ ထိပ် တန်းရောက်ခဲ့တဲ့ ပုဂ္ဂိုလ်အများစု ဟာ ဘယ်လိုကျောင်းတွေမှာ တက်ပြီး ဘယ်လိုကြိုးစားခဲ့တယ် ဆိုတာ မိဘလုပ်သူတွေ လေ့လာ သင့်တယ်။ ဒါတွေဟာ ပြိုင်လို့ ဆိုင်လို့ကောင်းတဲ့ ဒီစာမေးပွဲစနစ်ကြောင့်လို့ ကျွန်တော် ယူဆ တယ်။ ကျွန်တော်ကတော့ စနစ် ပြောင်းမှာကို အရမ်းသဘောကျ တယ်’’ဟု ကျောင်းသားမိဘ ဦး အောင်ပြည်ဖြိုးက ပြောကြား သည်။

လက်ရှိအစိုးရလက်ထက် ၂၀၁၆-၁၇ ပညာသင်နှစ်တွင် အခြေခံပညာ ၁၂ တန်း ပညာရေး ကို စတင်ကျင့်သုံးပြီး သူငယ် တန်း၌ သင်ရိုးညွှန်းတမ်းအသစ် ဖြင့် စတင်သင်ကြားနေသည်။

အခြားအတန်းများကိုလည်း တစ်နှစ်လျှင် တစ်တန်းနှုန်းဖြင့် သင်ရိုးသစ် တိုးချဲ့သင်ကြားတော့ မည်ဖြစ်သည်။

Sources;7Day

No comments:

Post a Comment