Latest News

Tuesday, January 24, 2017

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ သတိမထားမိမှုများ

သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ သတိမထားမိမှုများ


စက်မှုလက်မှုထွန်းကားနေတဲ့ သိပ္ပံခေတ်ကြီးမှာ လူသားတွေရဲ့တီထွင်ဖန်တီးမှုတွေကလည်း အံ့မခန်းပါဘဲ။ လူတွေအသုံးပြုဖို့အတွက် အမျိုးအမည်မဖော်ပြနိုင်တဲ့ အိမ်သုံးပစ္စည်းပစ္စယ တွေကလည်း အများသားလား။ တီထွင်ဖန်တီးတဲ့ ပညာရှင်တို့ရဲ့ ဖန်တီးမှုစွမ်းရည်ကလည်း အံ့မခန်းပါ။ ဒါဟာ ကမ္ဘာလောကကြီးပေါ်မှာ ရှင်သန်နေထိုင်ကြတဲ့ သတ္တဝါတွေထဲမှာ လူသားဆိုတဲ့ သတ္တဝါတို့ရဲ့ အံ့မခန်းစွမ်းရည်တွေဘဲပေါ့။ ဒါပေမယ့် လောကကြီးမှာ ဘယ်အရာကိုလုပ်လုပ် တစ်ခြားသူတွေကို မထိခိုက်စေဖို့ လူသားအတွက် အရမ်းကို အရေးကြီးပါတယ်။ အစွန်းမလွတ်တဲ့အလုပ်ဟာ လူသားတွေကိုဘဲ ပြန်လည်ဒုက္ခပေးတာကြောင့် အခုဆိုရင် တီထွင်ဖန်တီးတဲ့ ပညာရှင်တို့ဟာလည်း သူတို့ရဲ့ တီထွင်ဖန်တီးထုတ်လုပ်မှုတွေဟာ လူသားတွေအတွက် ဘေးထွက်ဆိုးကျိုးကင်းပါသလားဆိုတာ အများ ကြီး စဉ်းစားလာကြပြီဖြစ်ပါတယ်။

ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားတွေ၊ သက်ရှိတိရိစ္ဆာန်တွေအားလုံးဟာ မြေကြီးရဲ့ သဘာဝ သယံဇာတအပေါ် မှီခိုပြီး ရှင်သန်နေထိုင်နေကြရပါတယ်။မြေကြီးရဲ့ သဘာဝသယံဇာတ ဆိုတာ ကတော့ သဘာပတ်ဝန်းကျင်ဘဲပေါ့။ ဒီသဘာဝပတ်ဝန်းကျင် ပျက်သုဉ်းရင်လူတွေရော၊ တိရိစ္ဆာန်တွေရော အလိုအလျောက်ပျက်သုဉ်းကြရမှာဖြစ်ပါတယ်။ ဒီတော့ ဒီသဘာဝပတ်ဝန်းကျင် ပျက်သုန်းခြင်းဟာ လူသားတွေ ပျက်သုန်းခြင်းနဲ့တိုက်ရိုက်သက်ဆိုင်နေတာကြောင့် တစ်ခါတစ်ရံမှာ လူသားတွေဟာ မိမိတို့ရဲ့ ဘဝအသက်ကို ပျက်သုန်းအောင်လုပ်မှန်းမသိလုပ်မိနေတတ်ကြပါတယ်။

တစ်ချို့ နားလည်သတိထားမိလာတဲ့ပညာရှင်တွေကတော့ သူရဲ့ ထုတ်လုပ်တီထွင်မှုအပိုင်းမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပျက်စီးထိခိုက်မှုတွေပါခဲ့တာကို သဘောပေါက်မိတဲ့အခါ သူ့ရဲ့ လုပ်ဆောင်ခဲ့မှုတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းတောင်းပန်စကားဆိုလာကြတာရှိပါတယ်။ ဥပမာ John Sylvan ဆိုတဲ့ ပုဂ္ဂိုလ် ဟာ Keurig ကော်ဖီဖျော်တဲ့စက်၊ တစ်ခါသုံးကော်ဖီသောက်ခွက်ကို တီထွင်ဖန်တီးခဲ့သူဖြစ်ပြီး သူ့ရဲ့ တီထွင်ဖန်တီးခဲ့မှုဟာ ကမ္ဘာမြေကြီးအပေါ် များစွာ သက်ရောက်မှုရှိစေခဲ့တဲ့အတွက် နောင်တရမိကြောင်းပြောဆိုထားပါတယ်။

ဒါကြောင့် လူတွေ နေ့စဉ် သုံးစွဲနေကြတဲ့ ပစ္စည်းတွေမှာ သတိမထားမိလောက်တဲ့အနေအထားတစ်ခုအဖြစ် ကမ္ဘာကြီးကို ထိခိုက်မှုရှိနေတယ်ဆိုတာ လူတွေအတွက် သတိထားစရာဖြစ်ပါတယ်။ဥပမာ ..အောက်ဖော်ပြပါ အိမ်သုံးပစ္စည်းတစ်ချို့ဆိုရင် ကျွန်ုပ်တို့မထင်မှတ်ထားသလို သဘာဝပတ်ဝန်းကျင်အပေါ်ထိခိုက်မှုရှိနေတယ်ဆိုတာ လေ့လာသူတို့က သတိပေးဖော်ပြထားကြပါတယ်။

လက်ဖက်ရည်အချိုခြောက်ထုပ်

အမေရိကန်နိုင်ငံမှာ လက်ဖက်ရည်ကိုအလွယ်တကူသောက်နိုင်ဖို့ လက်ဖက်ခြောက်တွေအားလုံးနီးပါးကို အထုပ်ကလေးတွေနဲ့ပြုလုပ်ထားကြပါတယ်။လက်ဖက်ရည်သောက်သူတွေဟာတစ်နေ့ကို ပျမ်းမျ ၅ ခွက်လောက်သောက်သုံးလေ့ရှိကြပါတယ်။ ဒါကြောင့် လက်ဖက်ရည်အချိုခြောက်ထည့်ဖို့ အိတ်ပြုလုပ်ရာမှာ နှစ်တိုင်း စက္ကူ ပေါင်း မြောက်များစွာကို အသုံးပြုရပါတယ်။အပူဒဏ်ကို ခံနိုင်ဖို့ပလတ်စတစ်ကို ထည့်သွင်းပြုလုပ်ရတာကြောင့် အဲဒီအိတ်လေးတွေဟာ ပြန်လည်အသုံးချလို့မရတဲ့ ပစ္စည်းတစ်ခုဖြစ်သွားပါတယ်။ ဒါဟာ စားသုံးသူတွေကိုပါ အန္တရာယ်ဖြစ်စေပြီး ကမ္ဘာမြေဆီလွှာတွေကိုပါ များစွာ ပျက်စီးစေပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေမှုထဲမှာ လူတွေ သတိမထားမိတဲ့အရာတစ်ခုဖြစ်ပါတယ်။

တစ်ခါသုံးအမျိုးသားမုတ်ဆိတ်ရိတ်ဓါး

အမျိုးသားတွေ အသုံးပြုတဲ့ တစ်ခါသုံး မုတ်ဆိတ်ရိတ်ဓါးတွေကို လည်း ပလတ်စတစ်နဲ့ပြုလုပ်ထားပါတယ်။ ဒီအမျိုးသားသုံး မုတ်ဆိတ်ရိတ်ဓါး ၂ သန်းလောက်ဟာ နှစ်စဉ်စွန့်ပစ်ပစ္စည်းတွေဖြစ်တယ်ဆိုတာ EPA မှ လေ့လာဖော်ပြထားပါတယ်။ ဘရိတ်ဓါးလေးကိုတော့ ကုန်ကြမ်းအဖြစ် ပြန်လည်အသုံးပြုလို့ရပေမယ့်တစ်ခါသုံးအဖြစ်ပြု လုပ်ထားတဲ့ အလွယ်သုံး ပလတ်စတစ် မုတ်ဆိတ်ရိတ်ဓါး လိုမျိုးကျတော့ ပြန်လည်အသုံးပြုလို့မရတော့ဘဲစွန့်ပစ် ပစ္စည်းအဖြစ် မြေကြီးကို ပျက်စီးစေပါတယ် ။ဒီလို တစ်ခါသုံးပစ္စည်းတွေမှာ ပြန်လည်အသုံးချလို့ မရတဲ့အခါ နောက်ထပ်ကုန်ကြမ်းအသစ်တွေကို ပြန်လည်အသုံးပြုရမှုတွေကြောင့် သဘာဝပတ်ဝန်းကျင်ကိုပိုမို ပြုန်းတီးရာ ရောက်စေပါတယ်။ ဒါဟာလည်း လူတွေ မထင်ထားမိတဲ့ သဘာဝပတ်ဝန်းကျင်အပေါ် တစ်ဖြည်းဖြည်းထိခိုက်ပျက်စီးစေမှုတစ်ခုဖြစ်ပါတယ်။

စက္ကူ ခွက်များ

အမေရိကားမှာ သန်း ၈၀ ကျော်လောက် လူတွေဟာ မနက်စာကော်ဖီလေးကို တစ်ခါသုံးခွက်လေးနဲ့ ကျေနပ်တတ်ကြပါတယ်။ အမှန်တကယ်တော့ ဒီတစ်ခါသုံးခွက်လေးတွေဟာ သိပ်သည်းဆနည်းပြီး အပူဒဏ်ခံနိုင်အောင် ပလတ်စတစ်တွေနဲ့ရောစပ်ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ခါသုံးစက္ကူခွက်လေးတွေဟာ ပြန်လည်အသုံးပြုလည်ပတ်လို့ရမယ့်ပစ္စည်းမဟုတ်တာကြောင့် မြေဆီလွှာကိုပျက်စီးစေပါတယ်။ နှစ်ပေါင်း ၂၀ ကျော်နီးပါးလောက်မှ ဆွေးမြည့်သွားမှာဖြစ်တာကြောင့် ဒါဟာ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးရွားစွာ ထိခိုက်စေပါတယ်။ ဒီစက္ကူခွက်လေးတွေကို ပြုလုပ်ဖို့ သစ်ပင်တွေကိုအသုံးပြုရသလို ရေပမာဏအများကြီးလည်းသုံးရပါတယ်။ ဒါ့အပြင် ရေဆိုးရေညစ်တွေပါထွက်ရှိရတာကြောင့် သဘာဝပတ်ဝန်းကျင်အတွက် တကယ့်ကို အဆိပ်အတောက်ဖြစ်စေပါတယ်။

တစ်ခါသုံးတူ

တစ်ခါသုံးတူ ( ဝါး / သစ်သား) တွေ ကို ပြုလုပ်ဖို့ နှစ်စဉ် သစ်ပင် ၃.၈ သန်းလောက်ကို ခုတ်လှဲနေရပါတယ်။ နှစ်စဉ်သစ်သားတူပေါင်း ၅.၇ သန်း ကိုထုတ်လုပ်နေပြီး တစ်ဝက်လောက်ကို တရုတ်နိုင်ငံအတွင်းမှာ အသုံးပြုပါတယ်။ ၇၇ %လောက်ကို ဂျပန် ကိုပို့ပြီး ၂၁ %က တောင်ကိုးရီးယားကို ပို့ပါတယ်။ကျန်တဲ့ ၂%လောက်ကတော့ အမေရိကားကိုပို့တာပါ။

ဒီလို သစ်တောတွေ ခုတ်လှဲအသုံးပြုနေတာတွေနဲ့ပတ်သက်ပြီး ၂၀၀၆ ခုနှစ် မှာ အခွန်နှုန်းသတ်မှတ်ခဲ့သလို ၂၀၁၀ ခုနှစ်မှာ အစိုးရ က ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ သတိပေးခဲ့ပါတယ်။ဒါဟာ တရုတ်နိုင်ငံမှာ သစ်သားတူအသုံးပြုမှု ၊စွန့်ပစ်မှု၊ ထုတ်လုပ်မှု အစရှိတဲ့ကိစ္စရပ်တွေမြင့်တက်လာတာနဲ့အမျ သစ်တောပြုန်းတီးမှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းမှုအတွက် စိုးရိမ်အမှတ်အနေနဲ့ သတိပေးရတဲ့အထိဖြစ်ကြပါတယ်။

ပိုးမွှားကင်းစင်စေတဲ့ ဆပ်ပြာ

အဓိကအားဖြင့် ပိုးမွှားကင်းစင်စေတဲ့ ရေချိုးဆပ်ပြာရည်အပါအဝင် လူတွေ အသုံးပြုနေတဲ့ ဆပ်ပြာရည်တွေရဲ့ ၇၅% နီးပါး လောက်မှာ triclosan တွေပါဝင်ပါတယ်။ သုတေသနပြုပြီး ဖော်ပြထားတာမှာ လူတွေအသုံးပြုပြီးနောက်မှာ triclosan ပမာဏအနည်းငယ်လောက်ဟာ ရေဆိုးရေညစ်အနေနဲ့ အပင်တွေဆီကိုရောက်သလို နောက်ဆုံးအနေနဲ့ အခြားရေအရင်းအမြစ်ဆီကိုရောက်သွားပါတယ်။ အဲဒီအခါမှာ အပင်တွေ အစာချက်လုပ်နိုင်ဖို့အတွက် အဟန့်အတား အဖျက်အဆီးလိုမျိုးဖြစ်စေပြီး အပင်မှတစ်ဆင့်တိရိစ္ဆာန်တွေဖွံ့ဖြိုးမှုတည်ဆောက်တဲ့အပိုင်းကိုပါ ထိခိုက်ပျက်စီးစေပါတယ်။

မြက်ရိတ်စက်

မြက်ရိတ်စက်တွေဟာလည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ထိခိုက်စေနိုင်တယ်လို့သိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး မြက်ရိတ်စက်တွေဟာ မိုင် ၁၀၀ ဝန်းကျင် ကားလမ်း ခရီးလောက်ကို ကုန်ဆုံးစေတဲ့ ညစ်ညမ်းဆီပမာဏကိုထုတ်လွှတ်တယ်လို့ ဆွီဒင်နိုင်ငံသားတစ်ဦးက သူ့ရဲ့လေ့လာတွေ့ရှိချက်ကို ဖော်ပြထားပါတယ်။ ဒါဟာ လေထုညစ်ညမ်းမှုကို ဖြစ်စေပြီး ပတ်ဝန်းကျင်ကို ထိခိုက်စေပါတယ်။ အမေရိကန်နိုင်ငံရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Mrs. Cathy Milbourn က “ မြက်ခင်းပြင် နှင့် ဥယျာဉ်ခြံတွေမှာအသုံးပြုတဲ့ စက်ပစ္စည်းကိရိယာတွေဟာ လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့အရာဖြစ်တယ်”လို့ ကုန်ခဲ့တဲ့နှစ် က ABC ကို ပြောဆိုခဲ့ပါတယ်။ဒါကြောင့် လူတွေအနေနဲ့ဒီလို ထိခိုက်မှုတွေကို လျော့ချနိုင်ဖို့အတွက် မိမိတို့ရဲ့ ဥယျာဉ်ခြံသုံးစက်ကိရိယာတွေကို မနက်အစောပိုင်းတွေ ၊ဒါမှမဟုတ် ညနေစောင်းလောက်မှာအသုံးပြုကြဖို့ သူမ က အလေးအနက်ပြောဆိုထားပါတယ်။

Yangon Life

Sources; Search Myanmar

No comments:

Post a Comment