Latest News

Sunday, January 29, 2017

ဦးကိုနီကို သတ်သူမှာ မန္တလေးသား မဟုတ်ဟု ရဲမှူးကြီးပြော

ဦးကိုနီကို သတ်သူမှာ မန္တလေးသား မဟုတ်ဟု ရဲမှူးကြီးပြော



ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်ခဲ့သူမှာ မှတ်ပုံတင်အရ မန္တလေးလိပ်စာ ဖြစ်သော်လည်း မန္တလေးသား မဟုတ်ဟု တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဟန်ထွန်းက အတည်ပြု ပြောဆိုသည်။

ဦးကိုနီကို သေနတ်ဖြင့် ပစ်သတ်ခဲ့သော ဦးကြည်လင်း ဆိုသူသည် မန္တလေးမြို့တွင် နေထိုင်သည်ဟု သတင်းများ ပျံ့နှံ့နေမှုနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ယနေ့ (ဇန်နဝါရီ ၃၀ ရက်) မွန်းတည့် ၁၂ နာရီခန့်က သတင်းမီဒီယာများသို့ ရှင်းလင်းပြောကြားရာတွင် ရဲမှူးကြီး ဟန်ထွန်းက ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မြတ် (ကလေး)

Sources: : The Voice

No comments:

Post a Comment