မထသပိုင်ဆိုင်မှုတွေကို တိုင်းအစိုးရကို ပထမဆုံးလွှဲပြောင်းပေးတော့မယ်
ဇန်န၀ါရီလကုန်မှာ လွဲပြောင်းပေးတော့မှာပါ။
လာမယ့် ဇန်န၀ါရီလကုန်မှာ မ.ထ.သ(ဗဟို)ရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို လွှဲပြောင်း ပေးတော့မယ်လို့ မ.ထ.သ(ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောပါတယ်။
အရင်ကရန်ကုန်မြို့ထဲမှာပြေးဆွဲတဲ့ ခရီးသည်တင်ယာဉ်တွေကို စီမံခန့်ခွဲခဲ့တဲ့ မထသ အဖွဲ့အစည်းကို YBS အများပိုင်ယာဉ်တွေ စတင်ပြေးဆွဲတဲ့ အချိန်မှာဖျက်သိမ်းလိုက်တာဖြစ်ပြီး မ.ထ.သ(ဗဟို)အနေနဲ့ သူတို့ရဲ့ ရန်ပုံငွေတွေအပါအဝင် ပိုင်ဆိုင်မှုတွေအားလုံးကို အစိုးရအဖွဲ့ထံကို စာရင်းပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။
“မ.ထ.သ အဖွဲ့အစည်းတွေ ငွေကြေးများကို၊ ပိုင်ဆိုင်မှုများကို စနစ်တကျ လွှဲပြောင်းအပ်နှံဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က အဖွဲ့အစည်း ဖွဲ့ပေးထားပါတယ်။ ကျနော်တို့ အစစ်ဆေးခံမှာပါ။ အခု ကျနော်တို့ပိုင်ဆိုင်မှုတွေအားလုံး စာရင်းပေးပြီးပြီ။ ငွေကြေးတွေနဲ့ပတ်သက်လို့လည်း ဒီ ၁ လပိုင်းမှာ ကျနော်တို့ ချုပ်မယ်။ ပြီးရင် အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း ကျနော်တို့က မိမိတို့ရဲ့ ငွေစာရင်းတွေနဲ့အညီ အပ်နှံသွားဖို့ ကျနော်တို့ အားလုံးပြင်ဆင်ထားပြီး ဖြစ်ပါတယ်"လို့ ဦးလှအောင်က ပြောပါတယ်။
အရင်တုန်းက မထသဗဟိုရဲ့ စီမံကွပ်ကဲမှုအောက်မှာ ရန်ကုန်တိုင်းသယ်ယူပို့ဆောင်ရေးကို တာဝန်ယူခဲ့တဲ့ မြို့တွင်းသယ်ယူ ပို့ဆောင်ရေး အဖွဲ့အစည်းပေါင်း ၁၈ ဖွဲ့ ရှိခဲ့ပြီး မ.ထ.သ အဖွဲ့ခုနှစ်ဖွဲ့ဖြစ်တဲ့ မ.ထ.သ(ဗဟို)၊ မ.ထ.သ(မြို့တွင်း)၊ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်း၊ မြောက်ပိုင်းခရိုင် မ.ထ.သအဖွဲ့တွေနဲ့ မ.ထ.သ အဝေးပြေး အဖွဲ့အစည်းတွေရဲ့ ပိုင်ဆိုင်မှုတွေကို လွဲပြောင်းပေးအပ်သွားမယ်လို့ သိရပါတယ်။
မ.ထ.သ အဖွဲ့အစည်း ခုနှစ်ဖွဲ့မှာ ပြေးဆွဲတဲ့ယာဉ်တွေကတော့ တစ်နေ့တာ ပြေးဆွဲဝင်ငွေရဲ့ နှစ်ရာခိုင်နှုန်းကို စီမံခန့်ခွဲမှုစရိတ်နဲ့ တစ်ရာခိုင်နှုန်းကိုတော့ ယာဉ်လိုင်းဖွံဖြိုးမှုစရိတ်အနေနဲ့ မထသကို ပေးသွင်းခဲ့ရပါတယ်။
အခြား ကုမ္ပဏီယာဉ်လိုင်းတွေကတော့ သူတို့ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း ကောက်ခံရရှိတဲ့ ဝင်ငွေရဲ့ငါးရာခိုင်နှုန်းကိုပဲ မထသကို ပေးသွင်းခဲ့တာဖြစ်ပြီး ပါရမီယာဉ်လိုင်းကတော့ ကောက်ခံရရှိတဲ့ငွေရဲ့ (၀ ဒသမ ၁) ဒသမ ၁ ရာခိုင်နှုန်းကိုသာ ပေးသွင်းခဲ့ရတယ်လို့ သိရပါတယ်။
Source : DVB,The Voice, Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment