Latest News

Monday, January 23, 2017

မလေးရှားပင်လယ်ပြင်မှာ စက်လှေမှောက် ၁၀ ဦးသေ၊ ၂၀ ခန့် ပျောက်ဆုံးနေဆဲ

မလေးရှားပင်လယ်ပြင်မှာ စက်လှေမှောက် ၁၀ ဦးသေ၊ ၂၀ ခန့် ပျောက်ဆုံးနေဆဲ

အင်ဒိုနီးရှားနိုင်ငံသား တရားမဝင်အလုပ်သမားတွေ တင်ဆောင်လာတဲ့ စက်လှေတစ်စီးဟာ မလေးရှား ကမ်းလွန်ပင်လယ်ပြင်တစ်နေရာမှာ ဒီကနေ့ တိမ်းမှောက်ခဲ့တဲ့အတွက် ၁၀ ဦး သေဆုံးပြီး၊ လူ ၃၀ လောက် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။

အမျိုးသမီး ၆ ဦး၊ အမျိုးသား ၄ ဦးရဲ့ အလောင်းတွေကို မလေးရှားအရှေ့ဘက်ကမ်းခြေတစ်နေရာမှာ တွေ့ရှိထားပြီဖြစ်တယ်လို့ မလေးရှားရေကြောင်း ကွပ်ကဲရေးဌာနက ပြောပါတယ်။

အဲဒီစက်လှေဟာ တရားမဝင် အင်ဒိုနီးရှား အလုပ်သမား ၄၀ ဦးခန့် တင်ဆောင်ပြီး မလေးရှားနိုင်ငံကို ဦးတည်ထွက်ခွာလာတာဖြစ်တယ်လို့ ဌာနပြောခွင့်ရသူက ပြောဆိုပါတယ်။ လှေပေါ်က နှစ်ဦးကို ကယ်ဆယ်ပြီး ဆေးရုံတင်ထားပေမယ့် အခြေအနေကို မသိရသေးဘူးလို့ ဆိုပါတယ်။ ပျောက်ဆုံးနေသူတွေအတွက် ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။

ဒီအတောအတွင်း အင်ဒိုနီးရှားနိုင်ငံမှာ အစ္စလာမ္မာစ်နိုင်ငံတော်ထူထောင်ရေး (IS) အဖွဲ့နဲ့ ဆက်နွယ် ပတ်သက်သူတွေလို့ ယူဆရသူ ၁၇ ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ သူတို့ဟာ ဆီးရီးယားကို ဝင်ရောက်ဖို့ ကြိုးစားနေသူတွေဖြစ်ပြီး တူရကီအစိုးရရဲ့ ပြည်နှင်ဒဏ်ပေးခံရသူတွေလည်း ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကနေ ဆီးရီယားက IS အဖွဲ့နဲ့ပူးပေါင်းဖို့ ထွက်ခွာသူ ရာနဲ့ချီရှိပြီး၊ သူတို့ပြန်လာတဲ့အခါ နိုင်ငံတွင်းမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ဆောင်မှာကို အင်ဒိုနီးရှားအရာရှိတွေအကြား စိုးရိမ်မှုတိုးများလာနေပါတယ်။

Sources:RFA

No comments:

Post a Comment