Latest News

Sunday, January 22, 2017

ပလိပ်မှ မန္တလေးထိ ဆိုင်ကယ်များဖြင့် သပိတ်မှောက် အလုပ်သမား ၅၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်

ပလိပ်မှ မန္တလေးထိ ဆိုင်ကယ်များဖြင့်  သပိတ်မှောက် အလုပ်သမား ၅၀၀ ကျော် စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်


ပလိပ်မှ မန္တလေးထိ ဆိုင်ကယ်များဖြင့် သပိတ်မှောက်အလုပ်သမား ၅၀၀ ကျော်သည် စီတန်းလှည့် လည်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်)မှ သပိတ်မှောက်အလုပ်သမားများသည် ၄င်းတို့ ဖြစ်ပေါ်လျှက်ရှိနေသည့် အလုပ်ရှင်၊ အလုပ်သမား အငြင်းပွားမှုပြဿနာ အမြန်ဆုံးဖြေရှင်းပေးရေးတောင်းဆို ကာ ဇန်န၀ါရီလ (၂၂) ရက်နေ့ နံနက် (၈) နာရီမှ စတင်၍ ပလိပ်မှ မန္တလေးမြို့ထိ ဆိုင်ကယ်များဖြင့် စီတန်း လှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း အဆိုပါ သပိတ်မှောက်အလုပ်သမားများ၏ အလုပ်သမားခေါင်းဆောင် တစ်ဦးဖြစ်သူ မဇာခြည်ဝင်းထံက သိရသည်။

‘’ (၈) လကျော်လာပြီဖြစ်တဲ့ သပိတ်မှောက်မှုကို အမြန်ဆုံး အဆုံးသတ်စေရေးအတွက် အစ်မတို့အနေနဲ့ တရားဝင်ခွင့်ပြုချက်တင်ပြီး ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်၊ ဒီကနေ့ ဆန္ဒထုတ်ဖော်မှုကို မန္တလေးက အလုပ် သမားသမဂ္ဂတွေလည်း ၀န်းရံကူ ညီပါတယ် ‘’ ဟု မဇာခြည်ဝင်းက ပြောပြသည်။

ဇန်န၀ါရီလ (၂၂) ရက်နေ့ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှုအား မန္တလေးမြို့ရှိ အလုပ်သမားသမဂ္ဂများ အလုပ်သမားအရေးကူညီဆောင်ရွက်သည့်အဖွဲ့အစည်းများမှ ၀န်းရံကူညီမှုပြုလုပ်ပေးခဲ့ပြီး၊ ဆန္ဒပြအလုပ်သမား များအနေဖြင့် ကတိမတည်သော ပန်ဒါကုမ္ပဏီ အလိုမရှိ၊ စာချုပ်များကို အကြိမ်ကြိမ်ချိုးဖောက်သော ကုမ္ပဏီ အား အစိုးရမှ တိကျသေချာသော အရေးယူဆောင်ရွက်မှုများ ပြုလုပ်ပေးရေး၊ လွှဲပြောင်းခံနိုင်ငံဝန်ထမ်းဟောင်း များဘ၀အာမခံချက်ရရှိရေးနှင့် (၈) လကြာ ပလိပ်သပိတ်အား တိကျသေချာသောအဆုံးအဖြတ်ရရှိရန်အတွက် ပြည်သူ့အစိုးရမှ ဆောင်ရွက်ပေးရေး စသည့်တို့အား ကြွေးကြော်ကာ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

အဆိုပါ စီတန်းလှည့်လည်ဆန္ဒဖော်ထုတ်မှုအား ပလိပ်မှ မန္တလေးသို့ ချီတက်ရာတွင် ရန်ကုန်-မန္တလေး ကားလမ်းမှ တဆင့် စက်မှုပန်းခြံလမ်းအတိုင်း ၆၂ လမ်းသို့လည်းကောင်း၊ အဆိုပါ ၆၂ လမ်းမှ တဆင့် မနော်ရမံ ကွင်းတွင် ဟောပြောမှုများပြုလုပ်ကာ မန္တလေးမြို့တွင်းသို့ လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့မှု ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

‘’ သူတို့ကို အလုပ်သမားအဖွဲ့ချုပ်ကလည်း ၀န်းရံမယ်လို့လည်း ကြားတယ်၊ ဆန္ဒပြတယ်လို့လည်း ကြား တယ် သတင်းကတော့ အမျိုးမျိုးပါပဲ၊ အစ်မတို့အနေနဲ့ကတော့ အဲဒါနဲ့ ပတ်သက်ပြီး ပြောစရာထွေထွေထူးထူး သိပ်မရှိပါဘူး၊ အခုလက်ရှိမှာတော့ အဲဒီသပိတ်မှောက်တဲ့ထဲကနေ လုပ်ငန်းခွင်ပြန်ဝင်လာတဲ့ အယောက် ၃၀ ကျော်ကို အစ်မတို့အနေနဲ့ လုပ်ငန်းခွင်ထဲမှာ နွေးနွေးထွေးထွေးကြိုဆိုမှုတွေ လုပ်ပြီး အလုပ်အကိုင်တွေ ပြန်ပေး ထားတာတွေတော့ လုပ်ထားပါတယ် ‘’ ဟု ပန်ဒါချည်မျှင်အထည်နှင့် အချောကိုင်စက်ရုံ (ပလိပ်)မှ မန်နေဂျာ ဒေါ်တင်တင်ရွှေကြေေပြောပြသည်။

ရှစ်လကျော် ကြာမြင့်လာပြီဖြစ်သည့် ပလိပ်သပိတ်မှောက်မှုသည် အလုပ်သမားများ တောင်းဆိုထား သည့် အချက် (၂၈) ချက်ထိ ရှိပြီး၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးများဦးဆောင်၍ ကြားဝင်ညှိနှိုင်း မှုများပြုလုပ်ပေးခဲ့သော်လည်း ယနေ့အချိန်ထိ ပြေလည်မှု မရရှိသေးပဲ အလုပ်သမားများအနေဖြင့် ဆက်လက် သပိတ်မှောက်နေကြဆဲဖြစ်သည်။

Sources: ရတနာပုံသတင်းစာ

No comments:

Post a Comment