Latest News

Wednesday, January 25, 2017

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဆေးရုံမှ ဆင်းပြီး ရုံးလုပ်ငန်းများ စတင်ထမ်းဆောင်

ဧရာဝတီတိုင်းဝန်ကြီးချုပ် ဆေးရုံမှ ဆင်းပြီး ရုံးလုပ်ငန်းများ စတင်ထမ်းဆောင်

Photo - မန်းဂျော်နီ ဖော့စ်ဘွတ်

ဧရာဝတီတိုင်းဒေသကြီး ၀န်ကြီးချုပ် မန်းဂျော်နီသည်ယာဉ် မတော်တဆဖြစ်မှုကြောင့် ရရှိ သော ဒဏ်ရာသက်သာလာ၍ ဆေးရုံမှဆင်းပြီဖြစ်ပြီး ဇန်န၀ါရီ၂၅ ရက်တွင်ရုံးလုပ်ငန်းများစတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။

ဝန်ကြီးချုပ် မန်းဂျော်နီလိုက် ပါလာသော မော်တော်ယာဉ် သည် ဇန်န၀ါရီ ၆ ရက် ညနေ ၅ နာရီခန့်က ပုသိမ်-ရန်ကုန်လမ်း မကြီး ညောင်တုန်းမြို့နယ် ဆားမ လောက်ကျေးရွာအနီးတွင် ယာဉ် မတော်တဆမှုဖြစ်ပွားပြီးဦးခေါင်း အနည်းငယ် ထိခိုက်မိ၍ ရန်ကုန် ဆေးရုံကြီး၌ ဆေးကုသမှုခံယူခဲ့ရ သည်။ ၀န်ကြီးချုပ်သည် ဆေးရုံတွင် ၁၇ရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက်ဇန်ဝါရီ ၂၄ ရက်က ဆေးရုံမှဆင်းခဲ့သည်။


‘‘အားလုံးကောင်းပါပြီ။ ဇက် ကတော့ ထိန်းထားရတာပေါ့။ အ ထိန်းပါတာပေါ့။ ဒီနေ့(ဇန်န၀ါရီ  ၂၅ ရက်) စရုံးတက်တယ်’’ ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ လျှပ်စစ်စွမ်းအင်၊စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြောသည်။

ဝန်ကြီးချုပ် မန်းဂျော်နီသည် ယာဉ်တိုက်မှုဖြစ်ပွားချိန်က ထိုင်ခုံခါးပတ် ပတ်မထားဘဲ ယာဉ်တိုက်မှုပြီးနောက် ပြည်သူလူထုအနေဖြင့် ကားစီးပါက အန္တရာယ်ကင်းစေရေး ယာဉ်မောင်းနှင်သူနှင့် စီးနင်းသူအားလုံး ထိုင်ခုံခါးပတ် ပတ်ကြရန် လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းခဲ့သည်။


Sources: : 7Day News Journal

No comments:

Post a Comment