Friday, January 6, 2017
ဧရာဝတီတိုင်းဝန်ကြီးချုပ် ယာဉ်မတော်တဆဖြစ်၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်တွင် ဆေးကုသမှုခံယူရ
ရန်ကုန်၊ ဇန်န၀ါရီ ၆- ဧရာဝတီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမန်း ဂျော်နီသည် ဇန်န၀ါရီ ၆ ရက် ည နေ ၅ နာရီကျော်အချိန်ခန့်တွင် ယာဉ် မတော်တဆမှုဖြစ် ပွားခဲ့သဖြင့် ရန် ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ညနေ ၆နာရီခွဲခန့် တွင် ရောက်ရှိ လာကြောင်း သိရပါသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ်ဦးမန်းဂျော်နီသည် နေပြည်တော် သို့ အစည်းအဝေးတက်ရန် သွား ရောက်စဉ် ဆားမလောက်ကျေးရွာ အနီးတွင် ရန်ကုန်မှဇလွန်သို့ မောင်း လာသည်ခရီးသည်တင်ကားနှင့် တိုက် မိခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး စည်ပင်သာယာရေးဝန် ကြီး ဦးကျော်မြင့်က ပြောသည်။
ယာဉ်မတော်တဆမှုနှင့်ပတ် သက်ပြီး "၀န်ကြီးချုပ်က ပြည်ထောင်စု အစိုးရနဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ် တွေနဲ့အစည်း အဝေးတက် ဖို့ ပုသိမ် ကနေ နေပြည်တော် အသွား ဆားမ လောက်နားမှာ ဖြစ်တာပါ။ ၀န်ကြီး ချုပ်က ပွိုင့်ကားနဲ့လာတာ။ မျက်နှာ ချင်းဆိုင်ဘက် က တက္ကစီကားက ပွိုင့် ကားမို့လို့ရပ်ထားတယ်။ အဲဒီအချိန် မှာ ရန်ကုန်ကထွက်လာတဲ့လိုင်းကား ကတက္ကစီကို အရှိန်နဲ့ဝင်တိုက်တယ် ။ တက္ကစီက တိုက်မိတဲ့အရှိန်နဲ့ ၀န်ကြီး ချုပ်ရဲ့ကားကို ၀င်တိုက်တာပါ။ ဖြစ် ကာစကတော့ ၀န်ကြီးချုပ်က သတိ လစ်သွားတယ်။ အခုတော့ သတိပြန် ရနေပါပြီ " ဟု ဦးကျော်မြင့်က ပြော သည်။
ဝန်ကြီးချုပ်ဦးမန်းဂျော်နီ၏ သားဖြစ်သူ ကိုဇာနည်မောင်က "လောလောဆယ်တော့ စိုးရိမ်ဖွယ် ရာမရှိပါဘူး။ အရင်ဘောလုံးကန် တုန်းကကျိုးထားတဲ့ ဘယ်ဘက်လက် ကဒဏ်ရာရသွားတာပါ" ဟု ဒီမိုက ရေစီတူဒေးသို့ပြောသည်။
HM,PMM
#Democracytoday
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီး ချုပ် ဦးမန်းဂျော်နီ ယာဉ်မတော်တဆ မှုကြောင့် ရန်ကုန်ပြည် သူ့ဆေးရုံကြီးအရေးပေါ်ဌာန သို့  ရောက်ရှိလာ သည့် မြင်ကွင်းများ
ဓာတ်ပုံ - DT
ဧရာဝတီတိုင်းဝန်ကြီးချုပ် ယာဉ်မတော်တဆဖြစ်၊ ရန်ကုန်ဆေးရုံကြီး အရေးပေါ်တွင် ဆေးကုသမှုခံယူရ
Reviewed by timeayeyar
on
7:53 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment