Latest News

Saturday, January 7, 2017

ရန်ကုန်ဆေးရုံကြီးသို့ ၂၀၁၆ အတွင်း ရောက်ရှိလာသည့် စွန့်ပစ်လူနာအများစုမှာ အမျိုးသားများဖြစ်

ရန်ကုန်ဆေးရုံကြီးသို့ ၂၀၁၆ အတွင်း ရောက်ရှိလာသည့် စွန့်ပစ်လူနာအများစုမှာ အမျိုးသားများဖြစ်

ရန်ကုန်ပြည်သူ့ဆေးရုံ ကြီးသို့ ၂၀၁၆ အတွင်း ရောက်ရှိလာသည့် စွန့်ပစ်လူနာဦးရေသည် ယခင်နှစ်ကထက် နှစ်ဆခန့် ပိုများလာပြီး အများစုသည် အမျိုးသားများဖြစ်ကြောင်း သတင်းရရှိ သည်။

၂၀၁၅ အတွင်းက စွန့်ပစ်လူ နာ ၂၉ ဦးခန့်သာရှိခဲ့သော်လည်း ၂၀၁၆ တစ်နှစ်တာအတွင်း စွန့်ပစ်လူနာ ၅၉ ဦးအထိ မြင့်တက်လာကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံ ကြီး လက်ထောက်ညွှန်ကြားရေး မှူး ဦးထွန်းလင်း(ဆေးလူမှု)က ဆိုသည်။

‘‘ရောက်လာတဲ့ စွန့်ပစ်လူနာ တွေရဲ့ ၈၀ ရာခိုင်နှုန်းက အမျိုး သားတွေပဲ။ အသက်(၃၀)ကနေ (၅၀)အတွင်း အရွယ်တွေများတယ်။ အမျိုးသမီးဦးရေထက်ကို အမျိုးသားဦးရေက ပိုပြီး များနေတာ တွေ့ရတယ်။ အတန်းပညာလည်း အားနည်းကြတယ်’’ဟု ၎င်းကရှင်းပြသည်။

စွန့်ပစ်လူနာ အများစုသည် ဘူတာကြီး၊ ကုန်စိမ်းဈေးနှင့် ခုံး တံတားအောက် နေရာများတွင် အများဆုံးနေထိုင်ပြီး အာဟာရ ချို့တဲ့၍ အထွေထွေအားနည်း ရောဂါခံစားရကာ ဆေးရုံကြီးသို့ ရောက်လာကြခြင်းဖြစ်သည်။

‘‘အမိုးအကာမဲ့ နေရာတွေ မှာ နေထိုင်တယ်။ အရက်စွဲကြ တယ်။ အာဟာရပြည့်ပြည့်ဝဝ မစားရဘူး။ ဒီလိုကျန်းမာရေးနဲ့ မညီညွတ်တဲ့ အပြုအမူတွေကြောင့် လေဖြတ်ပြီး ရောက်လာတာလည်းရှိတယ်။ အာရုံကြောဆိုင်ရာရောဂါတွေ ခံစားပြီး ရောက်လာတာလည်း ရှိတယ်။ တချို့လူနာတွေကျတော့ မတော်တဆ ထိခိုက်မှု၊ ကား၊ ရထားတိုက်မိတာကြောင့် ဆေးရုံကြီးကိုရောက်လာပြီး ဆေးကုသမှုခံယူရတာလည်း ရှိတယ်’’ဟု ၎င်းက ပြောသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး သို့ ဆေးရုံတက်ရောက်ကုသမှု ခံယူသည့် လူနာများထဲမှ ဆေး လူမှုဆက်ဆံရေးဌာနက ကူညီ ဆောင်ရွက်ပေးခဲ့သော လူမှုရေး အခက်အခဲရှိသည့် လူနာဦးရေ ၂၀၁၆ အတွင်း ၄၉၇ ဦးရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာကြောင်း သိရသည်။

Sources; 7 Day News Journal

No comments:

Post a Comment