Latest News

Sunday, January 22, 2017

ကလေးအငိုတိတ်ရန် ပါးစပ်ပိတ်ရာမှ အသက်ရှူကျပ် သေဆုံးသွား၍ မိခင်ကို အရေးယူ

ကလေးအငိုတိတ်ရန် ပါးစပ်ပိတ်ရာမှ အသက်ရှူကျပ် သေဆုံးသွား၍ မိခင်ကို အရေးယူ


ဗိုက်ဆာ၍ ငိုနေသည့် ကလေး အငိုတိတ်ရန် ပါးစပ်ကို ဦးထုပ်ဖြင့် ဖိပိတ်စဉ် ကလေး ငယ် သေဆုံးခဲ့သဖြင့် မိခင်ဖြစ်သူကို လူသတ်မှုပုဒ်မဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ကျောက်ပုံဆိပ်ရွာနေ အသက် (၂၂)နှစ်အရွယ် မအေးယုခိုင် သည် ဇန်နဝါရီ ဒုတိယပတ်အ တွင်း မိခင်နှင့် စကားများရန်ဖြစ် ရာမှ (၃)နှစ်အရွယ် ကလေးငယ် ကို  ခေါ်ဆောင်ကာ မိခင်နေအိမ် မှ ထွက်လာခဲ့သည်။


မအေးယုခိုင်ကို ၎င်း၏မိခင်ဒေါ်မာမာအေးက ပြောဆိုဆုံးမရာမှ သားအမိနှစ်ဦး စကားများပြီး မအေးယုခိုင်သည် ကလေးငယ်ကို ခေါ်ဆောင်ကာ ခြေဦးတည့်ရာသို့ ထွက်လာခဲ့ကြောင်း သိရ သည်။

 ‘‘တရားခံက သူ့အမေနဲ့ စကားများရာကနေ ကလေးကို ခေါ်ပြီး ဆင်းလာတာ။ လမ်း ရောက်တော့ ကလေးက ဗိုက်ဆာ လို့ ငိုတာကို ဦးထုပ်နဲ့ဖိပြီး အသံ မထွက်ဖို့ပြောရာကနေ ကလေး က အသက်ရှူကျပ်ပြီး သေသွား တာ။ ကလေးအလောင်း စတွေ့ ချင်းတုန်းကတော့ သေမှုသေခင်း နဲ့ ဖွင့်ထားပြီး ကလေးအမေကို စစ်လိုက်တော့မှ သူ့ကြောင့် သေ သွားတာပေါ်လို့ လူသတ်မှုနဲ့ ပြောင်းဖွင့်လိုက်တာပါ’’ဟု ၎င်းကဆိုသည်။

ထိုသို့ထွက်လာခဲ့ပြီး ဂျိုးပင် ရွာအနီးသို့အရောက်တွင် (၃)နှစ် အရွယ် ကလေးငယ်က ဗိုက်ဆာ သည်ဟု ပြောဆိုကာ ငိုနေ၍ မ အေးယုခိုင်က ချော့မော့ရာ မရ သဖြင့် ကလေးငယ်၏ လည်ပင်း ကိုကိုင်ကာ ဦးထုပ်ဖြင့် နှာခေါင်း၊ ပါးစပ်တို့ကို ပိတ်ခဲ့ရာမှ အသက်ရှူကျပ် သေဆုံးသွားခဲ့ကြောင်း ရွှေကျင်မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။

 အဆိုပါဖြစ်စဉ်နှင့် ပတ် သက်၍ မအေးယုခိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ရွှေကျင်မြို့မရဲစခန်းမှ သိရသည်။

Sources: 7Day News Journal

No comments:

Post a Comment