အရည်ကြိုနှင့် မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒပြောင်းလဲပုံအဆင့်ဆင့်
ယခုတစ်ပတ်မှာတော့ ကားတင်သွင်းမှုမူဝါဒအဆင့်ဆင့် ပြောင်းလဲပုံတွေကို နှိုင်းယှဉ်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
၁၉၉၁
(၁၁/၉၀) ကြေညာချက်ဖြင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အင် ဂျင်အရွယ်အစား ၂၀၀၀ စီစီအ ထက် ကြီးမားသော Seeden လူ စီးဆလွန်းကားများကို တင်သွင်း ခွင့်မပြုကြောင်း ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။
၁၉၉၃ (ဘယ်မောင်းကား)
ဘယ်မောင်းကားများသာ တင်သွင်းရန် မူဝါဒကို ကုန်သွယ် ရေးညွှန်ကြားမှုဦးစီးဌာနမှ ၁၉၉၃ ခုနှစ် ဧပြီလ ၂၈ ရက်စွဲပါ စာအ မှတ် သထက (၁၀)ဖြင့် ၁၉၉၈ မော်ဒယ်အထက် တင်သွင်းရန် ထုတ်ပြန်ခဲ့ပါတယ်။
၁၉၉၆ (ဘယ်ရောညာရော)
ဘယ်မောင်းရော၊ ညာ မောင်းရော တင်သွင်းခွင့်ကို ၁၉၉၆ ခုနှစ်တွင် ပြန်လည်ခွင့်ပြု ပေးခဲ့ပါတယ်။ ဘတ်စ်ကား၊ ကုန် ကားနှင့် ယာဉ်ယန္တရားများကို လွန်ခဲ့သော ခုနစ်နှစ်အတွင်း ပစ် ကပ်၊ ဆလွန်း၊ ဗန်၊ မီနီဘတ်စ် တက္ကစီအငှားယာဉ်အဖြစ် အသုံး ပြုမည့်ကားများကို ငါးနှစ်အတွင်း ကိုယ်ပိုင်အိမ်စီးအသုံးပြုမည့် ဆလွန်း၊ ဆီဒင်နှင့် ဗင်ကားများ အား သုံးနှစ်အတွင်း ခွင့်ပြုခဲ့ပါ တယ်။
၁၉၉၈
ကုန်သွယ်မှု မူဝါဒကောင်စီ ခွင့်ပြုချက်ဖြင့် ၁၉၉၈ ခုနှစ်မှာ ဆလွန်း၊ ဗင်၊ ဝက်စ်ဂွန်၊ ဘတ်စ် ကားနှင့် ကုန်ကားများကို တင် သွင်းခွင့်ပြုခဲ့ပါတယ်။
၂၀၁၁ (ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေးစီမံချက်)
ယာဉ်အိုယာဉ်ဟောင်း လဲ လှယ်ရေးစီမံချက်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ ကညနမှတ်ပုံ တင်သက်တမ်း အနှစ် ၄၀၊ အနှစ် ၃၀၊ အနှစ် ၂၀ သက်တမ်းရှိ မော် တော်ကားများကို သံရည်ကျိုစက် ရုံသို့ ပို့ဆောင်အပ်နှံပြီးပါက ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈၊ ၁၉၉၉၊ ၂၀၀၀၊ ၂၀၀၁၊ ၂၀၀၂ မော်ဒယ် မူလနိုင်ငံ၏ ရောင်းဈေး အမေရိကန်ဒေါ်လာ ၃,၅၀၀ ထက်မပိုသော မော်တော်ယာဉ်တစ်စီး အား အစားထိုးတင်သွင်းခွင့်ပြုခဲ့ ပါတယ်။
၂၀၁၁ မှာ ယာဉ်အိုယာဉ် ဟောင်းစီမံချက်ဖြင့် ၂၉,၂၉၉ စီး အစားထိုးဝယ်ယူတင်သွင်းခဲ့ကြ ပါတယ်။
၂၀၁၁ (သင်္ဘောသားပါမစ်)
နိုင်ငံခြား သင်္ဘောသားများ၊ ပြည်ပအလုပ်သမားများ၊ ပြည်ပ တာဝန် ကာကွယ်ရေးဝန်ထမ်း များ၊ ပို့ကုန်၊ သွင်းကုန်ကုမ္ပဏီများ၊ နိုင်ငံခြားရေးဝန်ထမ်းများ၊ ဟိုတယ်၊ ခရီးလုပ်ငန်းရှင်များ အား အစားထိုးကားအပ်ရန်မလိုဘဲ နိုင်ငံရပ်ခြားမှ ဝယ်ယူတင်သွင်း ခွင့်ပေးခဲ့ပါတယ်။ အရပ်အခေါ် သင်္ဘောသားပါမစ်လို့ ခေါ်ခဲ့ကြပါ တယ်။
၂၀၁၁ မှာ ဖရီးပါမစ်ဖြင့် ၃,၄၆၈ စီး ဝယ်ယူတင်သွင်းခဲ့ပါတယ်။
၂၀၁၂ (ဖရီးပါမစ်)
၂၀၁၂ ခုနှစ် မေလ ၇ ရက် နေ့မှာတော့ အသက် (၁၈)နှစ် ပြည့်သူ မည်သူမဆို ဘဏ်မှာ နိုင်ငံခြားငွေစာရင်း ဒေါ်လာထည့်သွင်း ပြီး အစားထိုးကားအပ်ရန်မလို ဝယ်ယူတင်သွင်းခွင့်ပေးခဲ့ပါ တယ်။ အရပ်အခေါ် ဖရီးပါမစ်ဖြင့် ဝယ်ယူတင်သွင်းခြင်းလို့ ခေါ်ခဲ့ကြ ပါတယ်။
ကားဈေးဟာလည်း အဲဒီအချိန်မှာ အကျဆုံးဖြစ်ခဲ့ပါတယ်။ ဖရီးပါမစ်ဖြင့် ၅၅,၇၀၆ စီး ဝယ်ယူတင်သွင်းခဲ့ကြပါတယ်။
ဖရီးပါမစ်ဖြင့် တင်သွင်းမှုပိုမိုလာ
၂၀၁၂ (၂၀၁၂-၁၃)ဘဏ္ဍာ နှစ်မှာ ဖရီးပါမစ်ဖြင့် ဝယ်ယူတင် သွင်းမှုက ပိုမိုများပြားခဲ့တာကို တွေ့ရှိရပါတယ်။ ယာဉ်အိုယာဉ် ဟောင်း ဖျက်သိမ်းစီမံချက်ဖြင့် အစီးရေ လေးသောင်းကျော် (၄၉,၈၇၉ စီး) သာ ဝယ်ယူတင် သွင်းခဲ့ပြီး ဖရီးပါမစ်ဖြင့် ငါး သောင်းခွဲကျော် (၅၅,၇၀၆ စီး) ဝယ်ယူတင်သွင်းခဲ့ကြပါတယ်။
ဖရီးပါမစ်ဖြင့် ကားအစီးရေ တစ် သိန်းနီးပါး တင်သွင်းသောနှစ် ၂၀၁၄
၂၀၁၄ (၂၀၁၄-၁၅) ဘဏ္ဍာ နှစ်ဟာ ကားအများဆုံးတင်သွင်း သောနှစ်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ တဖြည်းဖြည်း ပြန်လည်လျော့ကျ သွားတာကို တွေ့ရှိရပါတယ်။
ဖရီးပါမစ်ဖြင့် အစီးရေ တစ် သိန်းနီးပါး (၉၉,၈၇၀)နှင့် ယာဉ် အိုယာဉ်ဟောင်းဖျက်သိမ်း အစား ထိုးလဲလှယ်ရေးစနစ်ဖြင့် ၅၆,၆၆၃စီး တင်သွင်းခဲ့တာကို တွေ့ရှိရပါ တယ်။
တဖြည်းဖြည်း လျော့ကျလာတဲ့ ကားတင်သွင်းမှု (၂၀၁၅-၁၆)
၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် မှာ ကားတင်သွင်းမှု လျော့ကျလာ တာကို တွေ့ရှိရပါတယ်။ ၂၀၁၅ (၂၀၁၅-၁၆) ဘဏ္ဍာနှစ်တွင် ယာဉ်အိုယာဉ်ဟောင်းစီမံချက် ဖြင့် အစီးရေ နှစ်သောင်းခွဲကျော် (၂၆,၂၉၀)စီး၊ ဖရီးပါမစ်ဖြင့် ၇၄,၁၄၁ စီး ဝယ်ယူတင်သွင်းခဲ့ပါ တယ်။
၂၀၁၆ (၂၀၁၆-၁၇)ဘဏ္ဍာ နှစ်မှာတော့ ယာဉ်အိုယာဉ်ဟောင်း စီမံချက်ဖြင့် အစီးရေ တစ်သောင်း ကျော် (၁၂,၅၈၇ စီး)၊ ဖရီးပါမစ် ဖြင့် လေးသောင်းနီးပါး (၃၉,၀၂၈ စီး)သာ ဝယ်ယူတင်သွင်းခဲ့တာကို တွေ့ရှိရပါတယ်။
မော်တော်ယာဉ် တင်သွင်းမှု ပါမစ်ထုတ်ပေးမှုအခြေအနေ (၃၀-၁၁-၂၀၁၆ အထိ)
စီမံချက် စတင်ချိန်ကတည်း ကစပြီး ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းစီမံချက်ဖြင့် အစီးရေ နှစ်သိန်းကျော် (၂၁၉,၁၀၃)စီး အ စားထိုးတင်သွင်းပြီးဖြစ်ပါတယ်။
ဘဏ်စာရင်းဖွင့် ဖရီးပါမစ် ဖြင့် ကားအစီးရေ သုံးသိန်းကျော် (၃၅၁,၅၁၄ စီး) ဝယ်ယူတင်သွင်း ခဲ့ကြပါတယ်။ ကားဟောင်း+ ဖရီး စုစုပေါင်း ငါးသိန်းကျော်(၅၇၀,၆၁၇ စီး) ရှိခဲ့ပြီဖြစ်ပါတယ်။
ကားဟောင်းအရောင်းစင်တာ (Used Car Sales Centre)
ကားဟောင်းအရောင်းစင် တာ ၂၂၃ ခုအထိ ရှိခဲ့ပါတယ်။ အရောင်းစင်တာများတွင် ဝယ်ယူ ခွင့်မထုတ်ယူရသေးသော လက် ကျန်ကားအစီးရေမှာ ၃၂,၆၈၇ စီးဖြစ်ပါတယ်။
ကားအသစ်အရောင်းစင်တာ (Brand New Show Room)
ကားအသစ်အရောင်းပြခန်း ၂၉ ခုအထိ တိုးတက်လာတာကိုတွေ့ရှိရပါတယ်။ အရောင်းပြခန်းတွေမှာ လက်ကျန်အစီးရေ ၃,၅၉၆ စီး ကျန်ရှိနေသေးပါတယ်။
ကြီးကော်ဆိုသည်မှာ
ကားတင်သွင်းခြင်းနှင့်ပတ် သက်ပြီး မော်တော်ယာဉ်တင် သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများ ကြီးကြပ်မှုကော်မတီကို ယခင်အစိုးရလက်ထက်မှာက တည်းက ဖွဲ့စည်းဆောင်ရွက်ခဲ့ တာဖြစ်ပြီး လက်ရှိအစိုးရလက် ထက်မှာလည်း ပြန်လည်ဖွဲ့စည်း ခဲ့ပြီးဖြစ်ပါတယ်။
ကော်မတီ၏ လုပ်ငန်းတာဝန်များမှာ
(၁) ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများ သတ်မှတ်ရာတွင် အမျိုးသားအကျိုးစီးပွား မထိခိုက်စေရေး၊ ပြည်သူလူထုမှ သက်သာစွာ ဝယ်ယူ သုံးစွဲနိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းလွယ်ကူတိကျသော အမိန့်ညွှန်ကြားချက်များ ထုတ်ပြန် ဆောင်ရွက်သွားရန်။
(၂) OSS ဌာနဆိုင်ရာ ပူးပေါင်း အဖွဲ့ ဆောင်ရွက်နေမှုကို ကြီးကြပ်ဆောင်ရွက်သွားရန်။
(၃) အရပ်အခေါ် ဖရီးပါမစ်၊ နိုင်ငံ ခြားပို့ကုန်လုပ်ငန်း၊ ဟိုတယ်ခရီး သွားလာမှုလုပ်ငန်း၊ ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်း လုပ်ကိုင်နေသူများ၊ ပြည်ပတွင် တရားဝင်သွားရောက် အလုပ်လုပ်ကိုင်သူများနှင့် သင်္ဘောသားများအတွက် မော်တော်ယာဉ်တင်သွင်းခွင့်ရရှိရေး ဆောင်ရွက်ပေးသွားရန်။
(၄) ကားဟောင်းပိုင်ရှင်များ ယာဉ်အိုယာဉ်ဟောင်းအပ်နှံပြီး ပြည်ပမှ အစားထိုးမော်တော် ယာဉ်တင်သွင်းရာတွင် အခက်အ ခဲဖြစ်နေသူများ အဆင်ပြေစေရေး အတွက် Used Car Sale Centre အရောင်းစင်တာဖွင့်လှစ်၍ ဝန် ဆောင်မှုပေးနိုင်အောင် စီမံ ဆောင်ရွက်ပေးရန် စသည်တို့ဖြစ် ပါတယ်။
နိဂုံး
အခုလာမယ့် ၂၀၁၇-၁၈ မှာ ကားတင်သွင်းမှုဟာ အခြေအ နေအရပ်ရပ်ကြောင့် ပိုမိုပြီး လျော့ ကျလာမှာ ဖြစ်ပါတယ်။ ဈေးတန်းအနေဖြင့်လည်း အတက်ဘက်သို့ ဦးတည်သွားပြီဖြစ်ပါတယ်။ လက်ရှိပြောင်းလဲမှုအခြေအနေပုံစံမှာ မြန်မာနိုင်ငံတွင် ကားစက်ရုံများ တည်ထောင်လာချင်အောင် တ ဖြည်းဖြည်းချင်း ပြုပြင်ပြောင်း လဲသွားမယ့် အရိပ်အယောင်များကို တွေ့ရှိနေရပြီဖြစ်ပါတယ်။
ကားစက်ရုံများ လာရောက် တည်ထောင်ခြင်းမှာ ကောင်းမွန် သော အချက်ဖြစ်ပေမယ့်လည်း ကားထုတ်လုပ်မှုအပိုင်းမှာ SKD (အစိတ်အပိုင်း ဖြုတ်တပ်ဆင်ရုံ) အဆင့်တွင် ရပ်တန့်မယ့် အရိပ် ယောင်များကိုလည်း တွေ့ရှိနေရ ပါတယ်။ တာဝန်ရှိသူများအနေ ဖြင့် SKD အစီးရေ ဘယ်နှထောင်၊ ဘယ်နှသောင်းပြည့်ရင် CKD (မိုဖိထားသော သံပြားဝရိန်တွဲ၊ ဆေးသုတ်၊ အစိတ်အပိုင်းဖြုတ် တပ်ဆင်) အဆင့်ကို ပြောင်းလဲရ မယ်ဆိုတဲ့ အချက်တွေကိုလည်း ယခုအချိန်ကတည်းက ကြိုတင် သတ်မှတ်ထားသင့်ပြီ ဖြစ်ပါတယ်။
ဒါမှသာ မြန်မာပြည်တွင် ပစ္စည်းအစိတ်အပိုင်းစက်ရုံများနှင့် အလုံးစုံတပ်ဆင်ထုတ်လုပ်နိုင် သော၊ အရည်အသွေးမီသော ကားစက်ရုံများ ဖြစ်ပေါ်လာမည် ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်အပ်ပါတယ်။
Sources: အရည်ကြို ( 7Day News Journal )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment