Latest News

Saturday, January 7, 2017

ဖုန်းကနေပေးမယ့် ဆိုးကျိုးတွေကို အလွယ်ရှောင်နည်းများ

ဖုန်းကနေပေးမယ့် ဆိုးကျိုးတွေကို အလွယ်ရှောင်နည်းများ



အလွန်ခေတ်မီလှတဲ့ IT ခေတ်ကြီးထဲမှာ လူတိုင်း နည်းပညာပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ အထူးသဖြင့် ဖုန်းတွေနဲ့ကင်းဖို့ အတော်ခက်ပါတယ်။ ကင်းတဲ့သူ လူနည်းစုလည်း ရှိနိုင်လောက်ပါတယ်။ ဒီတော့ နည်းပညာပစ္စည်းတွေဟာ ကောင်းကျိုးကို ပေးသလို ဆိုးကျိုးကိုလည်း ပေးပါတယ်။ အချို့ စိတ်ဓာတ်တွေကျတယ်၊ အချို့ဖုန်းကို စွဲလမ်းလွန်းလို့ ကျန်းမာ
ရေးနဲ့ မညီညွှတ်ဘူး၊ အချို့အင်တာနက်ဂိမ်းတွေကို နှစ်ခြိုက်လွန်းလို့ ချစ်သူနဲ့ ပြတ်ဆဲတဲ့အထိ ဖြစ်ကြရတယ်။ ဒါတွေကို ရှောင်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာဖို့ Shwemom က အကြံပြုချင်ပါတယ်။

(၁) အင်တာနက်ကွန်နက်ရှင်ကို ပိတ်ထားပါ

လူမှုကွန်ယက်သုံးစွဲမှုဟာ ကျယ်ပြန့်လာသည်နှင့်အမျှ Facebook နဲ့ အခြား ဆိုရှယ်မီဒီယာလုပ်ငန်းတွေကို လူတွေ အရက်စွဲ၊ ဆေးစွဲသလို ဖြတ်ပစ်ဖို့ အတော်လေး ခက်ခဲလာပါတယ်။ ဖြတ်ကြည့်တဲ့သူတွေပင် လေးငါးခြောက်ရက်လောက် နေ
ပြီး မနေနိုင်ပဲ ပြန်သုံးရတဲ့အထိ ဖြစ်ပါတယ်။ ဒါကို ရှောင်ရှားဖို့အတွက် အင်တာနက် ကွန်နက်ရှင်ကို Disable လုပ်ထားပါ။

သို့တည်းမဟုတ် အင်တာနက် Supporting မလုပ်တဲ့ ဖုန်းကိုသာ သုံးပါ။

(၂) ချစ်ခင်နှစ်သက်သူကို ရှာဖွေပါ

ပြင်ပကမ္ဘာက မိမိကို ချစ်ခင်နှစ်သက်သူကို ရှာဖေပါ။ ချစ်ခင်နှစ်သက်သူဆိုတာ သမီးရည်းစားကိုသာ ဆိုလိုသည်မဟုတ်။ မိတ်ဆွေ သူငယ်ချင်းတွေအပါအ၀င် မိမိချစ်ခင်သူတွေနဲ့ ပေါင်းသင်းပါ။ သို့တည်းမဟုတ် ဖုန်းကို အချိန်ပေးခဲ့လို့ မတွေ့ရတာ ကြာတဲ့ ရှိရင်းစွဲ သူငယ်ချင်းတွေနဲ့ မကြာခဏ တွေ့ဆုံပါ။ သူတို့တစ်တွေ ဖုန်းသုံးခြင်းမသုံးခြင်းကို အသားထား ဒီလို
လုပ်ခြင်းအားဖြင့် သင့်ကို ဖုန်းအသုံးပြုမှု လျှော့နည်းစေပါမယ်။

(၃) သာမာန်ဖုန်းကိုသာ ကိုင်ဆောင်ပါ

သာမန် စကားပြောလို့ ဆိုလို့ရတဲ့ ဖုန်းလေးကိုသာ ကိုင်ရင် အင်တာနက်နဲ့ ပတ်သက်တဲ့ သတင်းတွေ၊ အတင်းတွေ၊ စိတ်ရှုပ်စရာတွေ၊ အခြားတစ်နေရာက တစ်စုံတစ်ယောက်ကို ပိုင်ဆိုင်လိုစိတ် လောဘတွေ၊ မပိုင်ဆိုင်ရလို့ ဖြစ်ရတဲ့ ဒေါသတွေကိုတော့ အနည်းဆုံး လျှော့ချပြီးသား ဖြစ်ပါလိမ့်မယ်။

(၄) အောင်မြင်သော လူမှုဘ၀ဆီသို့

စစ်တမ်းအရ အလွန်အောင်မြင်သူတွေဟာ လူမှုကွန်ယက်ပေါ်မှာ အချိန်မကုန်ပါဘူးတဲ့။ တစ်ချို့ဆို လူမှုကွန်ယက် လုံးဝ မသုံးဘူးလို့ သိရပါတယ်။ လူမှုကွန်ယက်ကိုသာ ဖြတ်လိုက်ရင် သင် ၀ါသနာပါတဲ့ အလုပ်တစ်ခုကို အချိန်တွေ အများကြီး
ပေးပြီး ဇောက်ချလုပ်ကိုင်နိုင်သွားမယ်။ အဲဒီနည်းနဲ့ သင်ဟာ အောင်မြင်တဲ့ လူမှုဘ၀တစ်ခုကို တက်လှမ်းနိုင်ပါတယ်။

(၅) ထိန်းချုပ်မယ့် အကြောက်တရားကို ရှင်သန်ခွင့်မပေးပါနဲ့

မိမိရဲ့ လုပ်လိုစိတ်၊ စူးစမ်းလိုစိတ်၊ အောင်မြင်လိုစိတ်ကို အဟန့်အတား ပြုတဲ့ ကြောက်စိတ်ကို ကိုယ့်သဏ္ဍန်မှာ ရှင်သန်
ခွင့် မပေးပါနဲ့။ ဥပမာ အောင်မြင်ခြင်တယ်၊ အချိန်အများကြီးပေးရတဲ့ လူမှုကွန်ယက်ကို မဖြတ်နိုင်ဘူး …ဒါဟာ တဒင်္ဂသာယာမှုကို စွန့်လွှတ်ဖို့ ကြောက်တဲ့စိတ်ကြောင့် ဖြစ်ပါတယ်။ လူတွေဟာ အဲဒီကြောက်စိတ်နဲ့ ပိုမို မြင့်မားတဲ့ လူ့အဆင့်အတန်းတစ်ခုကို ငြင်းပယ်နေကြပါတယ်။


Sources; Shwemom

No comments:

Post a Comment