Latest News

Tuesday, January 24, 2017

လွတ်လပ်စွာပြောဆိုခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၄၉၉ အရ ဦးမျိုးရန်နောင်သိန်းအား တရားရှင်လွှတ်ပေးသင့်ဟု အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးကြေေပြော

လွတ်လပ်စွာပြောဆိုခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၄၉၉ အရ ဦးမျိုးရန်နောင်သိန်းအား တရားရှင်လွှတ်ပေးသင့်ဟု အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြော

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ လွတ်လပ်စွာပြောဆိုဝေဖန်ပိုင်ခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၄၉၉ အရ ဦးမျိုးရန်နောင်သိန်းအား တရားရှင်လွှတ်ပေးသင့်ကြောင်း ဦးမျိုးရန်နောင်သိမ်း၏ အကျိုးဆောင်ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

ပုဒ်မ ၆၆(ဃ)သည် တိကျသည့်ဖွင့်ဆိုချက်များ မရှိသည့်အတွက် အသေရေဖျက်မှုဖြစ်သည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၉၉ ဖြင့် ပြောဆိုရခြင်းဖြစ်ကြောင်း ဦးမျိုးရန်နောင်သိန်းအား ကမာရွတ်မြို့နယ်တရားရုံးတွင်ရုံးထုတ်ခဲ့သည့် ဇန်နဝါရီ ၂၄ ရက်တွင် ၎င်းကပြောသည်။

`ပုဒ်မ ၄၉၉ ရဲ့ ကင်းလွတ်ခွင့်လေးချက်မှာ အများပြည်သူအကျိုးအတွက် ရေးသားပြောဆိုရင် ကင်းလွတ်ခွင့်ပေးရမယ်ဆိုတာ ပါတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ နိုင်ငံရဲ့ခေါင်းဆောင်ပိုင်းထဲကတယောက်ဖြစ်တဲ့အတွက် သူ့ရဲ့လုပ်ရပ်တွေဟာ ပြည်သူတွေနဲ့ဆိုင်တယ်။ ဒါကြောင့် ဦးမျိုးရန်နောင်သိန်းရဲ့ အင်တာနက်ပေါ် ရေးသားချက်ဟာလည်း အများပြည်သူအကျိုးအတွက် ဝေဖန်တာ။ အဲ့ဒီအတွက် စွဲချက်က ကင်းလွတ်ခွင့်ရသင့်တယ်´ဟု ဦးကျော်ဟိုးက ဆိုသည်။

ရခိုင်အရေးနှင့်ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အသရေပျက်စေသည့်စာသားများ ဖေ့စ်ဘွတ်စာမျက်နှာ၌ရေးသားခဲ့သည်ဟုဆိုကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒု-ဗိုလ်မှူးကြီးလင်းထွန်းက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

Sources: နောင်နောင်:News Watch

No comments:

Post a Comment