Latest News

Tuesday, January 24, 2017

သတင်းထောက်တွေကို ဘယ်တော့မှ ညာမပြောဘူးလို့ ထရမ့်ပြောခွင့်ရသူ ကတိပေး

သတင်းထောက်တွေကို ဘယ်တော့မှ ညာမပြောဘူးလို့ ထရမ့်ပြောခွင့်ရသူ ကတိပေး

ဇန်နဝါရီ ၂၄ - သမ္မတဒေါ်နယ်ထရမ့်ရဲ့ သတင်းထုတ်ပြန်ရေးအရာရှိက သတင်းထောက်တွေကို သူဘယ်တော့မှ လိမ်ညာပြောမှာမဟုတ်ဘူးလို့ တနင်္လာနေ့က ကတိပေးခဲ့ပါတယ်။

ထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲမှာ တက်ရောက် လာတဲ့ လူဦးရေပမာဏ မမှန်မကန်ဖော်ပြတာနဲ့ပတ်သက်ပြီး စနေနေ့က သတင်းမီဒီယာတွေကို ဝေဖန်ခဲ့ပြီးနောက် အခုလို ပြောလိုက်တာဖြစ်ပါတယ်။ စနေနေ့သတင်းထုတ်ပြန်ပွဲမှာ အိမ်ဖြူတော်ပြောခွင့်ရအမျိုးသား ရှောင်စပိုက်ဆာက ထရမ့်ပွဲ တက်ရောက်သူ ဦးရေဟာ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအားလုံးထဲမှာ အများဆုံးပဲဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ ထရမ့်ရဲ့သောကြာနေ့အခမ်းအနားကိုတက်ရောက်လာသူတွေဟာ ၂၀၀၉ ခုနှစ် အိုဘားမားရဲ့ပွဲကို တက်ရောက်လာသူတွေထက် ပိုပြီးနည်းနေတာကို ဖော်ပြထားပါတယ်။ တနင်္လာနေ့ကလုပ်တဲ့ သူ့ရဲ့ပထမဆုံးအိမ်ဖြူတော်တရားဝင်အကျဉ်းရုံးသတင်းစာရှင်းလင်းပွဲမှာ စပိုက်ဆာအနေနဲ့ စင်မြင့်ထက်ကနေ အမှန်တရားကိုအမြဲတမ်းပြောကြားသွားဖို့ရှိလားဆိုပြီး သတင်းထောက် တစ်ယောက်က မေးမြန်းခဲ့ပါတယ်။

‘ခင်ဗျားတို့ကို ကျွန်တော်တို့ ဘယ်တော့မှ လိမ်မပြောဘူး’ လို့ သူက ပြန်ဖြေခဲ့ပါတယ်။ သူက သည်ကျမ်းသစ္စာကျိန်ဆိုပွဲတက်ရောက်တဲ့လူအုပ်ကြီးနဲ့ပတ်သက်ပြီး စနေနေ့ကသူပြောကြားခဲ့တဲ့ပမာဏ ထဲမှာ ရုပ်သံနဲ့အွန်လိုင်းကကြည့်ရှုသူတွေလည်းပါတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ထရမ့်နဲ့အကြံပေးတွေဟာ ထရမ့်ရဲ့အားကိုးစိတ်ချရမှုကို မှေးမှိန်ဖော်ပြဖို့ကြိုးပမ်းထားတဲ့ စိတ်ဓာတ်ကျစရာ မျက်နှာဖုံးသတင်းတွေကြောင့် စိတ်ဆိုးနေကြတယ်လို့လည်း သူက သတင်းထောက်တွေကိုပြောပါတယ်။

‘ မီဒီယာနဲ့ကျွန်တော် ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ချင်ပါတယ်’ လို့ စပိုက်ဆာကပြောပါတယ်။ သူဟာ ကုန်သွယ်ရေးမူဝါဒကို အဓိကထားပြီး နိုင်ငံရေးကိစ္စအတော်များများနဲ့ပတ်သက်တဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့ပါတယ်။ စနေနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဘာမေးခွန်းမှ မေးခွန်းမပေးခဲ့ပါဘူး။

Sources: : ချိုလေးငယ်(ကုမုဒြာ)

No comments:

Post a Comment