Latest News

Sunday, January 22, 2017

ချစ်သူကို ကျပ်သိန်းခြောက်ဆယ်တန်ဖုန်း လက်ဆောင်ပေးတဲ့ ရွှေမှုံရတီ

ချစ်သူကို ကျပ်သိန်းခြောက်ဆယ်တန်ဖုန်း လက်ဆောင်ပေးတဲ့ ရွှေမှုံရတီ

ရန်ကုန်၊ ဇန်နဝါရီ ၂၂

နာမည်ကျော် လူငယ်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ရွှေမှုံရတီက လက်ရှိအချစ်ရေးက ကိုယ့်ကို စိတ်အနှောင့်အယှက် မပေးပါဘူးလို့ The Voice သို့ ပြောကြားပါတယ်။

“ညီမချစ်သူက ယောကျာ်းပီသတဲ့ လူတစ်ယောက်ပါ။ ယောကျာ်းပီသတဲ့ စိတ်ဓာတ်ရှိတာပေါ့။ လူတစ်ယောက်မှာ အဓိက အရေးကြီးတာက စိတ်ဓာတ်ပဲလေ။ နောက်ပြီး ကိုယ့်ကိုလည်း စိတ်အနှောင့်အယှက်မပေးဘူး။ ကိုယ်လည်း အလုပ်ကောင်းကောင်း လုပ်လို့ရပါတယ်” လို့ လက်ရှိ အချစ်ရေးအကြောင်းကို ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ကိုယ့်ရဲ့အချစ်ရေးကို ပရိသတ်တွေကို ပွင့်ပွင့်လင်းလင်း ပြောပြဖြစ်တာကတော့ ကိုယ်တိုင်က အရာရာကို စိတ်ခံစားချက်နဲ့ လုပ်လေ့ရှိတဲ့အတွက် ကိုယ်စိတ်ပါတဲ့အချိန်မှာ အသိပေးဖြစ်တာ ဖြစ်ပြီး၊ အိမ်ထောင်ပြုဖို့ အချိန်ကတော့ အဝေးကြီးလိုသေးကြောင်း ရွှေမှုံရတီက ဆိုပါတယ်။

သရုပ်ဆောင် ရွှေမှုံရတီက ချစ်သူရဲ့ မွေးနေ့အတွက် ကျပ်သိန်းခြောက်ဆယ်ကျော် တန်ဖိုးရှိတဲ့  Ultimtum Gold 24 kt Gold Limited Edition ဖုန်းကို အမှတ်တရလက်ဆောင် အနေနဲ့ ပေးအပ်ခဲ့ကြောင်း အွန်လိုင်းအခြေစိုက် ဖျော်ဖြေရေး ဝက်ဘ်ဆိုက်တစ်ခုနဲ့ အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။

“မွေးနေ့လက်ဆောင် ဆိုတာက လူတိုင်းပေးလေ့ ရှိတာပဲလေ။ အဲ့ဒီအတွက် ထွေထွေထူးထူး ပြောပြစရာ မရှိပါဘူး။ လက်ဆောင်ပေးတာနဲ့ ပတ်သက်လို့ကတော့ ညီမက ကိုယ့်ကို Surprise လုပ်တာထက် ကိုယ်က သူများကို Surprise လုပ်ရတာ ပိုကြိုက်ပါတယ်။ ဒီလက်ဆောင်ပေး ဖြစ်တာလည်း သူ့အတွက် အမှတ်တရတစ်ခု ဖြစ်မယ်ထင်လို့ပါ” လို့ ၎င်းက ပြောကြားပါတယ်။

Sources:ဓာတ်ပုံ - Shwe Mhone Yati Facebook:The Voice

No comments:

Post a Comment