မုန့်ကိုသာဝေစားမယ် အချစ်ကိုဝေမစားနိုင်ဘူးလို့ မိန်းကလေးတွေကြား ဆိုကြပေမယ်လည်း သြစတြေးလျနိုင်ငံ က ရုပ်ချင်းတူ အမြွာ ညီိအမကတော့ အမျိုးသားတစ်ဦးရဲ့ အချစ်ကို အတူမျှဝေယူသွားမယ်လို့ ဆိုပါတယ်။ အန်နာ နဲ့ လူစီ ဆိုတဲ့အမြွာ ညီအမ ဟာ ရုပ်ချင်း တူသလိုအကြိုက်ချင်းတူကြသူတွေဖြစ်ပြီး ရည်စားတစ်ယောက်တည်းကိုလည်း အတူချစ်ကြိုက်ခဲ့သူဖြစ်ပါတယ်။ လက်ရှိအချိန်မှာသူတို့ နဲ့ ချစ်ကြိုက်နေသူ ဘင် ဘိုင်နီဆိုသူကို အတူလက်ထပ်ယူသွားဖို့ စီစဉ်နေပါတယ်။ အဲဒီအမြွာညီအမဟာ ပြီးခဲ့တဲ့ ၅ နှစ်က Facebook က တဆင့် ဘင် နဲ့တွေဆုံခဲ့တာဖြစ်ပြီး ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။
မွေ့ရာတစ်ခုတည်းပေါ်မှာ အမြွာညီမ ဟာ ဘင်နဲ့အိပ်စက်တာတွေ လုပ်ခဲ့ပါတယ်။
အင်နာက “ ကျွန်မတို့ ဟာ ဘင်နဲ့လက်ထပ်တော့မှာဖြစ်ပါတယ်။ သူနဲ့အတူနေချိန်မှာ ကျွန်မတို့ ညီမ ဟာပျော်ရွင်မှုတွေဖြစ်ခဲ့ရတယ်။ သူ ရဲ့ခံနိုင်ရည်ပိုင်း ဟာ အခု ထက် ၂ ဆရှိရတော့မှာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်မတို့ ညီအမ နှစ်ဦးကို ချစ်ခင် ရမှာဖြစ်တာကြောင့်ပါ၊ ကျွန်မတို့ ညီအမအချင်းချင်းလည်း ထိခိုက်နာကျင်တာမျိုးမဖြစ်စေချင်ဘူး၊ ညီမနှစ်ဦး ဟာ သူရဲ့အချစ်ကိုခွဲဝေယူသွားမှာဖြစ်တယ်။ “လို့ပြောပါတယ်။
Ref mirror
ZMO တိုင်းဧရာ မှ ဘာသာပြန်ဆိုရေးသားသည်။
No comments:
Post a Comment