Latest News

Sunday, January 29, 2017

၂၀၁၆ မယ်စကြဝဠာဆုကို ပြင်သစ်က ရရှိ

၂၀၁၆ မယ်စကြဝဠာဆုကို ပြင်သစ်က ရရှိ

ပြင်သစ်အလှမယ် Iris Mittenaere က သရဖူကို ရရှိသွားပါတယ်။

ပြင်သစ်အလှမယ် Iris Mittenaere၊ ဟေတီအလှမယ် Raquel Pelissier နဲ့ ကိုလမ်ဘီယာအလှမယ် Andrea Tovar တို့က နောက်ဆုံး ဖိုင်နယ်စာရင်းမှာ ကျန်ရှိခဲ့ကာ သူတို့ ၃ ဦးထဲက ပြင်သစ်အလှမယ်က သရဖူကို ဆွတ်ခူးသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဆုကို ဟေတီအလှမယ် Raquel Pelissier က ရရှိခဲ့ကာ တတိယဆုကို ကိုလမ်ဘီယာအလှမယ် Andrea Tovar ရရှိခဲ့ပါတယ်။

ဒိုင်တွေရဲ့ နောက်ဆုံးမေးခွန်းအတွက် ဟေတီအလှမယ်က ၂၀၁၀ ဟေတီငလျင်ကို ကျော်လွှားခဲ့ပြီးတဲ့နောက် ပိုပြီး ကြံ့ခိုင်တဲ့သူ ဖြစ်လာပုံကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

Mittenaere ကတော့ နယ်စပ်တွေကို ပြင်သစ်က ဖွင့်ပေးခဲ့ခြင်းနဲ့ ဒုက္ခသည်တွေကို လက်ခံခြင်းအပေါ် ချီးမွမ်းပြောဆိုခဲ့ပါတယ်။


"ပြင်သစ်မှာဆိုရင် ကျွန်မတို့တွေက တတ်နိုင်သလောက် ကမ္ဘာနဲ့အညီဆုံး ဖြစ်ချင်တယ်။ တတ်နိုင်သလောက် လူသားအချင်းချင်း ဖလှယ်နိုင်မှု အကြီးမားဆုံး ဖြစ်ချင်တယ်" လို့ အသက် ၂၄ နှစ်အရွယ် ပြင်သစ်အလှမယ် Mittenaere က ပြောခဲ့ပါတယ်။

ဆန်ခါတင် ၁၃ ယောက်စာရင်းမှာ ပါဝင်ခဲ့တဲ့ အလှမယ်တွေကတော့ ကန်ညာ၊ အင်ဒိုနီးရှား၊ မက္ကဆီကို၊ ပီရူး၊ ပနားမား၊ ကိုလမ်ဘီယာ၊ ဖီလစ်ပိုင်၊ ကနေဒါ၊ ဘရာဇီး၊ ပြင်သစ်၊ ဟေတီ၊ ထိုင်းနဲ့ အမေရိကန်တို့မှ ဖြစ်ပါတယ်။

Source & Photos : usatoday : Duwun

No comments:

Post a Comment