Latest News

Sunday, January 22, 2017

မင်္ဂလာဆောင်တော့မယ် ခင်ဇာခြည်ကျော်

မင်္ဂလာဆောင်တော့မယ် ခင်ဇာခြည်ကျော်

သူမရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေကို အသိပေးထားသူလည်း ဖြစ်ပါတယ်။

ချစ်သူရှိနေပြီလို့ ပရိသတ်တွေကို အသိပေးထားတဲ့ သရုပ်ဆောင် ခင်ဇာခြည်ကျော်ကတော့ မကြာခင် ချစ်သူနဲ့ လက်ထပ်တော့မယ်လို့ သိရပါတယ်။ ခင်ဇာခြည်ကျော်ရဲ့ ချစ်သူနာမည်ကတော့ တင်ကိုကိုလတ်ကိုသိရပြီး မြန်မာနိုင်ငံမှာ မင်္ဂလာဆွမ်းကျွေးပြုလုပ်ပြီး အမေရိကားမှာ မင်္ဂလာဆောင်မယ်လို့ သိရပါတယ်။ လက်ထပ်ပြီးသွားရင်လည်း မြန်မာနိုင်ငံနဲ့ အမေရိကားမှာ တစ်လှည့်စီနေမယ်လို့ သူက ဆိုပါတယ်။

မင်္ဂလာပွဲကိုတော့ ဒီနှစ် သီတင်းကျွတ်လောက်မှာ လုပ်ဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ခင်ဇာခြည်ကျော်ကတော့ မတ်လလောက်မှာ ကိုယ်ပိုင် ထုတ်လုပ်ရေးဖြစ်တဲ့ ကြယ်တံခွန်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ဆက်တိုက်ပြန်ရိုက်ဖြစ်တော့မှာ ဖြစ်ပြီး ယခုလက်ရှိကတော့ ချစ်သူနဲ့အတူ ခရီးတွေ ထွက်နေတယ်လို့ သိရပါတယ်။ ဒီဇင်ဘာ(၂၉)ရက်နေ့ကတည်းက နယူးယောက်ကို ရောက်နေတဲ့ သူမက ဖေဖော်ဝါရီလလောက်မှ မြန်မာနိုင်ငံကို ပြန်လာမယ်လို့ သိရပါတယ်။


ခင်ဇာခြည်ကျော်ဟာ အသက်(၁၅)နှစ်ကတည်းက အနုပညာလောကထဲကို ရောက်ရှိခဲ့တာဖြစ်ပြီး အခုဆိုရင် အနုပညာလောကထဲမှာ လျှောက်လှမ်းနေတာ နှစ်နှစ်ဆယ်ကျော်လွန်နေပြီ ဖြစ်ပါတယ်။ ခင်ဇာခြည်ကျော်ဟာ "ငါသူတစ်ပါးယောကျာ်းမိန်းမ" ရုပ်ရှင် ဇာတ်ကားနဲ့ အကယ်မဒီဆုရရှိခဲ့သူတစ်ဦးဖြစ်ပြီး မတ်လတွင် ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားများ ဆက်လက်ရိုက်ကူး သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Source : အိုအေစစ် ဂျာနယ်:ခင်ဇာခြည်ကျော် ဖေ့စ်ဘွတ်:Duwun

No comments:

Post a Comment