Latest News

Friday, January 13, 2017

၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပေမယ့် အောင်စာရင်းထဲမပါတဲ့သူ ၁၄ ဦးရှိ

၂၀၁၆ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပေမယ့် အောင်စာရင်းထဲမပါတဲ့သူ ၁၄ ဦးရှိ

၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်က အောင်ထားတဲ့သူတွေ ပါဝင်နေပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲမှာ စာမေးပွဲအောင်မြင်ပေမယ့် အောင်စာရင်းထဲမှာ နာမည်မပါလာတဲ့သူ ၁၄ ဦးအထိ ရှိတယ်လို့ မြန်မာနိုင်ငံစာစစ်ဌာနကနေ သိရပါတယ်။

“စာမေးပွဲဖြေပြီးတော့ အောင်စာရင်းသွား မကြည့်ဘူး၊ သူငယ်ချင်းတွေကို မေးတော့ သူငယ်ချင်းတွေကအလွယ်ပဲ သူတို့ကျတဲ့ဟာ မင်းလဲကျတယ်လို့ပြောတာ၊ ဒီကလေးက သူ့ကိုယ်သူကျတယ်ထင်ပြီးဆယ်တန်းအကျနဲ့ နေတယ်၊ အခုကျ တော့မှ ဆယ်တန်းဖြေဖို့ လျှောက်လွှာတင်တော့ အောင်ပြီးသားတွေ တွေ့လာတာ ဖြစ်ပါတယ်”လို့ မြန်မာနိုင်ငံစာစစ်ဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောပါတယ်။

အောင်စာရင်းထဲကနေ ကျန်ခဲ့တဲ့ ကျောင်းသားအများစုက မြို့နယ်ပြောင်းပြီးလာ ဖြေတဲ့သူတွေဖြစ်ကာ မြို့နယ် ပညာရေးမှူးတွေအနေနဲ့ မိမိမြို့နယ်မှာ လာရောက်လျှောက်ထားတဲ့ ကလေးတွေရဲ့ အောင်စာရင်းတွေကို သေချာစိစစ်ဖို့လိုတယ်လို့ ဦးမျိုးညွန့်က ဆိုပါတယ်။

အောင်စာရင်းထဲမှာ မပါဝင်ဘဲ ကျန်နေသူတွေက  ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်၊ ၂၀၁၅ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကတည်းက အောင်မြင်ပြီးသူတွေ ပါဝင်နေပြီး အောင်စာရင်းထဲမှာမပါဘဲ ကျန်ရှိနေတဲ့ ကလေးတွေကို တက္ကသိုလ်ဝင်တန်း အောင်မြင်ထားတာကို အသိပေးအကြောင်းကြားခဲ့ပြီး အဆင့်မြင့် ပညာဦးစီးဌာနနဲ့  ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

Source : Kumudra

No comments:

Post a Comment