Friday, January 27, 2017
နယ်စပ် တံတိုင်းကာမှုအတွက် ကုန်ကျငွေပေးမှာ မဟုတ်ဘူးလို့ မက္ကဆီကို သမ္မတ ဖွင့်ဟပြောဆို
မက္ကဆီကို နိုင်ငံ သမ္မတ အင်းနရစ် ပီနာ နီတိုးက အမေရိကန်နိုင်ငံနဲ့ မက္ကဆီကို နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် တံတိုင်းခတ်ချိန်မှာ အခကြေးငွေပေးသွားမှာမဟုတ်ဘူးလို့ ထုတ်ဖော်ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မက္ကဆီကို နဲ့ နယ်စပ်တစ်လျှောက်ကို တံတိုင်းခတ်သွားမယ်လို့ အမေရိကန် သမ္မတ သစ်ဒေါ်နယ်ထရမ့်က အတည်ပြုပြီးနောက် တစ်ရက်အကြာမှာအခုလိုမျိုးပြောတာပါ၊
မက္ကဆီကို သမ္မတ က တံတိုင်းခတ် မှုအတွက် ငွေကြေးမပေးဘူးလို့ ပြောပေမယ့် ဇန်န၀ါရီလ ၃၁ ရက်မှာ အမေရိကန်သမ္မတ သစ်နဲ့တွေဆုံမယ့်အစီစဉ်ကို ဖျက်သိမ်း၊ ရွေဆိုင်းတာမလုပ်ဘူးလို့ ပြောပါတယ်။
တံတိုင်းခတ် ကို လက်ခံ ယုံကြည်မှုမရှိဘူးလို့ပြောပါတယ်။ အမေရိကန်နိုင်ငံရဲ့ တံတိုင်းခတ်ဖို့ လုပ်ဆောင်တာကို စိတ်ပျက်မီကြောင်း၊ တံတိုင်းခတ်တာ ဟာ စုစည်းညီညွတ်မှု ကို ပိုင်းခြားလိုက်တာဖြစ်တယ်လို့ မက္ကဆီကို သမ္မတ သစ်ကပြောပါတယ်။
အမေရိကန်သမ္မတ သစ် ဒေါ်နယ်ထရမ့် ဟာ ရွေးကောက်ပွဲ မဲဆွယ်စဉ်က မက္ကဆီကို နဲ့ထိစပ်နေတဲ့ မိုင် ၂၀၀၀ ကို တံတိုင်းခတ်သွားမယ်လို့ ပြောဆိုတဲ့အတိုင်း သမ္မတဖြစ်ပြီး ရက်ပိုင်းမှာပဲ တံတိုင်းခတ်ဖို့ လုပ်ဆောင်ခဲ့ပြီး မက္ကဆီကို နိုင်ငံ ကိုကုန်ကျစရိတ်ငွေကြေးပေးရမယ်လို့ တောင်းဆိုထားပါတယ်။
Ref bbc
ဇက်အမ်အို (တိုင်းဧရာ) ဘာသာပြန်သည်
နယ်စပ် တံတိုင်းကာမှုအတွက် ကုန်ကျငွေပေးမှာ မဟုတ်ဘူးလို့ မက္ကဆီကို သမ္မတ ဖွင့်ဟပြောဆို
Reviewed by timeayeyar
on
10:34 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment