မနက်အိပ်ရာထ လွယ်ကူလျင်မြန်စေမယ့် အချက် (၇) ချက်
မနက်အိပ်ရာမထနိုင်လို့ အလုပ်နောက်ကျနေတတ်ပါသလား။ အိပ်ရာထဲကနေထွက်ဖို့ အခက်အခဲရှိပါက သင့်ကို အိပ်ရာကနေ ချက်ချင်းထစေပြီး နိုးကြားစေမယ့် အချက်တချို့ရှိပါတယ်။
(၁) မိမိကျန်းမာရေးစစ်ဆေးပါ
မနက်ခင်း အိပ်ချင်မူးတူးဖြစ်နေတာက ကျန်းမာရေးနဲ့ ဆက်စပ်နိုင်ပါတယ်။ ပိုမိုသင့်တော်တဲ့ နေ့စဉ်ပုံမှန်အစားအစာနဲ့ ကိုယ်ကာယလေ့ကျင့်လုပ်ဖို့ လိုအပ်နေတာ ဖြစ်နိုင်သလို ညအိပ်ချိန် အသက်ရှူကြပ်တဲ့ပြသနာရှိတာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ သင့်မှာ ဒီအချက်အားလုံး လိုလေသေးမရှိ ပြည့်စုံနေတယ်ဆိုရင်တော့ ဆရာဝန်ဆီ အကြံအဥာဏ်တောင်းပါ။
၂။ အိပ်ရာဘေး စားပွဲပေါ် သောက်ဖွယ်တစ်ခုခု အမြဲထားပါ
မနက်အိပ်ရာ ထထချင်း ရေ (၁) ခွက်သောက်တာက မနက်အိပ်ရာထရတာ အဆင်ပြေစေပါတယ်။ ကော်ဖီ သို့မဟုတ် အခြားကဖိန်းဓာတ်ပါဝင်တဲ့ သောက်ဖွယ်တစ်ခုခု တင်ထားတာက ကျန်းမာရေးအတွက် အကောင်းဆုံးမဟုတ်ပေမယ့် မိမိကိုယ်ကိုယ် အိပ်ရာထဲကနေ ထွက်စေတဲ့ အရာတစ်ခု ဖြစ်နိုင်ပါတယ်။
(၃) နိုးစက်ကို အလွယ်တကူထပိတ်လို့ မရတဲ့နေရာမှာထားပါ
နိုးစက်ကို ခပ်လှမ်းလှမ်းမှာ ထားတယ် ဒါမှမဟုတ် အိပ်ခန်းအပြင်ဘက်မှာ ထားပါက ပြန်ပိတ်ဖို့ အိပ်ရာကနေ မဖြစ်မနေ ထစေနိုင်ပါတယ်။
(၄) မီးလင်းတဲ့ နိုးစက်သုံးပါ
BioBrite Sunrise Clock လို နိုးစက်မျိုး သုံးပါ။ ဒီနိုးစက်က အလင်းရောင် တဖြည်းဖြည်း ပိုပိုတောက်ပစေပြီး မိမိကိုယ်ပိုင် အသေးစားနေလုံးလေးထွက်လာသလို ဆောင်ရွက်ပေးပါတယ်။ ဒီတော့ နားထဲ အထိတ်တလန့်ဖြစ်စေတဲ့ ဆူညံသံတွေနဲ့ ဆတ်ခနဲ့ မနိုးရတော့ဘူးပေါ့။
(၅) ဒီ Alarm app ဒေါင်းလုဒ်ရယူပါ
SpinMe ခေါ် ဒီအမိုက်စား alarm app လေးက အိပ်ရာထပြီး ခန္ဓာကိုယ်ကို ၂ ပတ်ပတ်ပေးပြီးမှ ရပ်မှာ ဖြစ်ပါတယ်။
၆။ ညအိပ်ခါနီး ကဖိန်း သို့မဟုတ် အယ်ကိုဟောလ် မသောက်ပါနဲ့
ညကောင်းမွန်စွာ အိပ်ပျော်ဖို့အတွက် ညအိပ်ခါနီး ဒီသောက်ဖွယ်တွေကို ရှောင်ကြဉ်ပါ။
(၇) မိမိကိုယ်ကိုယ် အလေ့အကျင့်ရှိအောင် လုပ်ပါ
ကိုယ့်ကိုယ်ကို အတင်း အိပ်ရာထခိုင်းတာထက် ချက်ချင်းထတတ်အောင် မိမိကိုယ်ကိုယ် လေ့ကျင့်ပေးပါ။ နေ့ဘက်ဆို မီးတွေပိတ်ပြီး နိုးစက်သံကြားတာနဲ့ အိပ်ရာကနေ ထတတ်တဲ့ အလေ့အကျင့်ရှိအောင် လုပ်ပါ။
Ref: Popsugar
=============
Sources:Trend Myanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment