Latest News

Wednesday, January 25, 2017

မြေပုံတွင် ကြက်ဆူစေ့စားမိ၍ ကျောင်းသူ/သား ၅၀ ကျော် ဆေးရုံရောက်

မြေပုံတွင် ကြက်ဆူစေ့စားမိ၍ ကျောင်းသူ/သား ၅၀ ကျော် ဆေးရုံရောက်

ရခိုင်ပြည်နယ် မြေပုံမြို့နယ်တွင် ကြက်ဆူစေ့စားမိ၍ ကျောင်းသူ/သား ၅၂ ဦး မြေပုံမြို့နယ် အထွေထွေရောဂါကုဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူခဲ့ရကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ၄င်းမြို့နယ် ၀က်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသူ/သားများသည် ဇန်န၀ါရီလ ၂၄ ရက်နေ့က  ကျောင်းဆင်းချိန်ဖြစ်သည့် ညနေ ၄ နာရီခွဲ အချိန်တွင် စာသင်ကျောင်းအနီးတွင်ရှိသော ကြက်ဆူပင်မှ ကြက်ဆူစေ့များကိုစားပြီး ခေါင်းမူးခြင်း၊ အော့အံခြင်းများဖြစ်လာသည့်အတွက် ညနေ ၇ နာရီခွဲအချိန်တွင် မြေပုံမြို့နယ်ဆေးရုံသို့ တင်ဆောင်ခဲ့ရခြင်းကြောင်း မြေပုံမြို့ နယ်ရဲစခန်းမှ ဒုရဲအုပ်ခင်မောင်က ပြောသည်။

ဒုရဲအုပ်ခင်မောင်က"၀က်ခေါင်းရွာက ကလေးတွေ ကြက်ဆူစေ့စားပြီးတော့ အော့အံတာတွေ၊ ခေါင်းမူးတာတွေဖြစ်ကြတော့ ဆေးရုံကိုတင်လိုက်ရတယ်။ ဒီနေ့တော့ သက်သာသွားလို့ အကုန်လုံး ဆေးရုံကဆင်းသွားကြပါပြီ”ဟု ပြောသည်။

ယင်း ကျောင်းသား/သူ (၅၂) ဦးသည် ဆေးကုသမှုခံယူပြီးနောက် ဇန်န၀ါရီလ ၂၅ ရက်နေ့တွင် ဆေးရုံမှ ဆင်းသားပြီဖြစ်ကြောင်း မြေပုံမြို့နယ်အထွေထွေရောဂါကုဆေးရုံမှ တာဝန်ကျဆရာဝန်က ပြောသည်။

မြတ်ထွန်းဇံ

Sources: : News Watch

No comments:

Post a Comment