Latest News

Thursday, January 26, 2017

မန်းမှာမီးသတ်ပိုက်နဲ့ပက်ခွင့်မပြုတော့ပါ

မန်းမှာမီးသတ်ပိုက်နဲ့ပက်ခွင့်မပြုတော့ပါ

မန္တ​လေး - ဇန်​နဝါရီ ၂၆

မန္တ​လေး သင်္ကြန်​ကာလမှာ မီးသတ်​ပိုက်​နဲ့ ​ရေပတ်​တာ​တွေ ကိုလုံးဝခွင့်​ပြုမှာမဟုတ်​ဘူးလို့ မန္တ​လေး မြို့​တော်​စည်​ပင်​သာယာ​ရေး​ကော်​မတီ မြို့​တော်​ဝန်​​ဒေါက်​တာရဲလွင်​က​ပြောပါတယ်​။

အခုလ ၂၆ ရက်​က မီဒီယာတွေနဲ့​တွေ့ဆုံစဉ်​မှာ အခုလို​ပြောခဲ့တာဖြစ်​ပါတယ်​။

‘ မီးသတ်​ပိုက်​ကို လုံးဝမ​ပေး​တော့ဘူး၊ ကျွန်​​တော်​ ကျုံး​ဘေးမှာအမြဲ​နေခဲ့တာ။

သင်္ကြန်​ ပထမရက်​ဆိုရင်​ မိးသတ်​ပိုက်​ ငါးပိုက်​​လောက်​ရှိတယ်​။ 

နောက်​ဆုံးရက်​မှာ ပိုက်​ ၅၀ ​လောက်​ဖြစ်​သွားတယ်​’ လို့ မြို့​တော်​ဝန်​ ​ဒေါက်​တာရဲလွင်​က ​ပြောပါတယ်​။

Sources: : အိမို့ မို့ ခိုင်(ကုမုဒြာ)

No comments:

Post a Comment