Latest News

Wednesday, January 4, 2017

တရုတ်နိုင်ငံမှ လန်ဒန်သို့ ပထမဆုံး ကုန်ရထား စတင်ပြေးဆွဲ

တရုတ်နိုင်ငံမှ လန်ဒန်သို့ ပထမဆုံး ကုန်ရထား စတင်ပြေးဆွဲ


ဘေဂျင်း၊ ဇန်န၀ါရီ ၎

တရုတ်နိုင်ငံသည် အရှေ့ပိုင်း ဇီကျန်း ပြည်နယ်ရှိ နာမည်ကျော် လက်ကားဈေးတည်ရှိရာ ယီဝူမြို့မှ လန်ဒန်သို့ ပထမဆုံး ကုန်ရထား ပြေးဆွဲခြင်းကို စတင်လိုက်ပြီဟု နိုင်ငံပိုင် Xinhua သတင်းဌာနက ထုတ်ပြန်ကြောင်း Reuters သတင်းက ဖော်ပြသည်။

အဆိုပါ ကုန်ရထားသည် တရုတ်နိုင်ငံမှ ဗြိတိန်သို့ ရောက်ရှိရန် ကီလိုမီတာ ၁၂,၀၀၀ ကျော်ကို ၁၈ ရက်ခန့် ခုတ်မောင်းရမည်ဟု Xinhua က ဆိုသည်။

ယင်းကုန်ရထားသည် လန်ဒန်သို့ မရောက်မီ ကာဇက်စတန်၊ ရုရှား၊ ဘယ်လာရုစ်၊ ပိုလန်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံနှင့် ပြင်သစ်တို့ကို ဖြတ်သန်းသွားရမည် ဖြစ်သည်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း ဒေးဗစ်ကင်မရွန်းသည် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ အနောက်အုပ်စုသို့ ဝင်ရာဂိတ်ပေါက်အဖြစ် ဗြိတိန်ကို ဖန်တီးခြင်း၊ တရုတ်ယွမ်ငွေ၏ ပင်မနိုင်ငံတကာ ရောင်းဝယ်ရေးစင်တာအဖြစ် လန်ဒန်ကို အဆိုပြုခြင်း စသည်တို့ကို လုပ်ဆောင်ခြင်းအားဖြင့် အနောက်အုပ်စု မဟာမိတ်များကို အံအားသင့်စေခဲ့သည်။

ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ရန် ပြင်ဆင်နေသည့် အချိန်တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုမှ ဒေါ်လာဘီလီယံများစွာ ရရှိရန် ကြိုးစားနေသည့်အလျှောက် ဝန်ကြီးချုပ်သစ် ထရီဆာမေကလည်း တရုတ်နိုင်ငံနှင့်  ဆက်ဆံရေးသည် ရွှေရောင်တောက်ပနေဆဲဟု ပြောကြားထားသည်။

F-04

Sources; The Voice

No comments:

Post a Comment