Latest News

Thursday, January 26, 2017

ဘဂါင်္လီသုံးသိန်းကိုလက်ခံတယ်ဆိုတာအစိုးရကိုယုံကြည်ချက်မဲ့အောင်တိုက်ခိုက်နေတာဟုဆို

ဘဂါင်္လီသုံးသိန်းကိုလက်ခံတယ်ဆိုတာအစိုးရကိုယုံကြည်ချက်မဲ့အောင်တိုက်ခိုက်နေတာဟုဆို

နေပြည်တော် ဇန်နဝါရီ ၂၆။

ဘဂါင်္လီသုံးသိန်းကိုအစိုးရကလက်ခံထသလိုမျိုးဖြန့်ဝေနေတာကပြည်သူတွေအစိုးရအပေါ်ယုံကြည်ချက်မဲ့အောင်ရည်ရွယ်ချက်ရှိရှိတိုက်ခိုကမနေခြင်ဖြစ်တယ်လို့လဝကဝန်ကြီးဦးသိန်းဆွေကပြောပါတယ်။

အလုပ်သမား၊လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက”ဒါရည်ရွယ်ချက်ရှိရှိထိုးနှက်တယ်၊အစိုးရအပေါ်မှာယုန်ထင်ကြောင်ထင်ဖြစ်အောင်အစိုးရအပေါ်မှာယုန်ထင်ကြောင်ထင်ဖြစ်အောင်လုပ်တယ်၊ဒါဥပဒေနဲ့အညီဆောင်ရွက်နေတယ်။”လို့တယ်လီဖုန်းကတစ်ဆင့်ပြောပါတယ်။

သည်သတင်းတွေက မှန်ကန်ခြင်းမရှိသလို အစိုးရအနေနဲ့လည်းဒါမျိုးဆောင်ရွက်မှာ မဟုတ်ဘူးလို့လည်းပြောပါတယ်။ လက်ရှိရှိပြီးသား အငြင်းပွားဖွယ်ရာ နိုင်ငံသားတွေကိုပဲစီစစ်နေတာဖြစ်တယ်လို့လည်း ဦးသိန်းဆွေ ကပြောပါတယ်။

မမှန်မကန်သတင်းဖြန့်တာနဲ့ ပတ်သတ်ပြီး ဝန်ကြီးက”ဘဂါင်္လီသုံးသောက်လောကမလက်ခံမယ်၊ဘင်္ဂါလီသုံးသိန်းလောက်လက်ခံမယ် အဲ့လိုသတင်းတွေ ရှိပါတယ်။ အဲ့သည်ဟာတွေ က ဘာမှ အခြေအမြစ်မရှိဘူးသည်လိုလက်ခံမယ်ဆိုရင် ဒါနောက်ပြီးတော့မှ အစိုးရဘက်က လုံးခြုံရေးတွေရော၊ရဲတွေရော၊ပြည်ထဲရေးရောသွားလုပ်ရမယ့်ကိစ္စ၊ သည်လိုမျိုးလုပ်လို့မရပါဘူး။ပြည်သူတွေ ရဲ့ဆန္ဒနဲ့ပဲလုပ်သွားရမှာပါ။
ဒါတွေကပြည်သူ့လက်ထဲရောက်နေတယ်၊ဒါတွေက ကောလာဟလသာဖြစ်တယ်ဒါတွေလုံးဝမဟုတ်ဘူး။ အစိုးရတစ်ရပ်အနေနဲ့လည်းအရင်ကတည်းက အတည်ပြုထားတာနှစ်ထောင်ကျော်ရှိပါတယ်။
အဲ့ဒါကိုပဲ ကိုယ့်နိုင်ငံကထွက်သွားတဲ့သူဟုတ်မဟုတ်ပြန်လည်စီစစ်ပြီးတော့မှ လက်ခံမယ့်သူကိုလက်ခံမှာ အခုက ဘာမှလည်းမညိနှိုင်းရသေးဘူးကိန်းဂဏာန်းတွေဖောင်းပွနေတာဘာမှ ဟုတ်လည်းမဟုတ်ဘူး ”လို့လည်းတယ်လီဖုန်းကတစ်ဆင့်ရှင်းပြပါတယ်။

ရခိုင်ပြည်နယ်က သည် နိုင်ငံသားအငြင်းပွားမှုဆိုင်ရာ ပြသနာတွေ အတွက် နိုင်ငံတကာက ဖိအားပေးဆောင်ရွက်နေတာတွေ ရှိတယ်လို့ သတင်းတွေ ကြားသိရပေမယ့် ဝန်ကြီးကတော့လက်ရှိအချိန်အထိဖိအားပေးတောင်းဆိုတာမျိုးမရှိသေးဘူးလို့လည်းတယ်လီဖုန်းကတစ်ဆင့်ဖြေကြားပါတယ်။

ခေါ်ယူတဲ့ ဦးရေကို ငါးသောင်းခြောက်က်သောင်းစသဖြင့်လည်း ကောလဟလဖြန့်ဝေမှုတွေ ရှိနေတာကြောင့် ဥပဒေအရဆောင်ရွက်တော့မယ်လို့လည်းဝန်ကြီးကဆက်ပြောပါတယ်။

ဖေသက်ထက်ခင်

http://www.kumudranews.com/politics

No comments:

Post a Comment