နိုင်ငံတော် အကြီးအကဲတွေရဲ့ လုံခြုံရေးကို ပိုပြီးတင်းကြပ်မယ်
သမ္မတရုံးလုံခြုံရေး အရာရှိချုပ်ရဲမှူးချုပ် ဝင်းနိုင်ထွန်းကလည်း လုံခြုံရေးကို အထူးဂရုစိုက်နေတယ်လို့ ပြောကြားထားပါတယ်။
နိုင်ငံတော်အကြီးအကဲတွေရဲ့ လုံခြုံရေးကို ယခုထက်ပိုမိုတင်းကြပ်စွာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတ အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တွေနဲ့ နိုင်ငံတော်အကြီးအကဲတွေရဲ့ လုံခြုံရေးကို အထူးပိုမိုတင်းကြပ်သွားမှာ ဖြစ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးနှင့်သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပေါ်ပြူလာနယူးစ်သို့ ပြောကြားထားတယ်လို့ သိရပါတယ်။
လက်ရှိမှာလည်း လုံခြုံရေးတင်းကြပ်မှုကို ပြုလုပ်နေပြီး အခုပိုတင်းကြပ်သွားတော့မှာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ပြောထားကြောင်း ပေါ်ပြူလာနယူးစ်မှာ ဖော်ပြထားတာဖြစ်ပါတယ်။ သမ္မတရုံးလုံခြုံရေး အရာရှိချုပ်ရဲမှူးချုပ် ဝင်းနိုင်ထွန်းကလည်း လုံခြုံရေးကို အထူးဂရုစိုက်နေတယ်လို့ ပြောကြားထားကြောင်း သိရပါတယ်။
ဦးကိုနီအား လုပ်ကြံစဉ်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီက အင်ဒိုနီးရှားနိုင်ငံခရီးစဉ်အပြန် ရန်ကုန်လေဆိပ်အရောက်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပါတယ်။ အဆိုပါပစ်ခတ်မှုမှာ လုပ်ကြံသူကို ဝင်ရောက်ဖမ်းဆီးပေးတဲ့ တက္ကစီသမားတစ်ဦးလည်း သေဆုံးခဲ့ကာ လုပ်ကြံသူကို အရှင်ဖမ်းဆီးရမိထားပါတယ်။
လုပ်ကြံသူအား ဖမ်းမိစဉ်
ဦးကိုနီက ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ Senior Leadership Program လေ့လာရေးခရီးစဉ်ကို လိုက်ပါသွားခဲ့ပြီး အပြန်ခရီးစဉ်မှာ အခုလိုလုပ်ကြံခံခဲ့ရတာဖြစ်ပါတယ်။ လုပ်ကြံသူဟာ မန္တလေးမှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ ကြည်လင်းဆိုသူ ဖြစ်ပြီး အရှင်ဖမ်းမိထားပါတယ်။
သေဆုံးသူ တက္ကစီသမား ဦးနေဝင်း
"Terminal 1 နားမှာဖြစ်တာ လုပ်ကြံတဲ့သူက သုံးယောက်လို့ပြောတယ်။ လုပ်ကြံတဲ့သူတစ်ယောက်ကို တက္ကဆီသမားတွေက တွေ့သွားလို့ အဲဒီတက္ကဆီသမားတွေကိုလည်း သေနတ်နဲ့ပစ်သွားလို့ လေးယောက်လောက် သေနတ်ဒဏ်ရရသွားတယ်လို့ပြောတယ်။ လုပ်ကြံတဲ့သူက တက္ကဆီသမားကို သေနတ်နဲ့ထောက်ပြီးကားမောင်းပြေးခိုင်းတာကနေ Terminal 3 နားမှာ တက္ကဆီသမားတွေနဲ့ ယာဉ်ထိန်းရဲတစ်ဦးက ၀ိုင်းဖမ်းလို့ မိသွားတာ"လို့ ဖြစ်စဉ်ကို မြင်တွေ့ခဲ့တဲ့ လေဆိပ်ဝန်ထမ်းတစ်ဦးက Duwun ကို ပြောကြားထားပါတယ်။
Source: ပေါ်ပြူလာနယူးစ် : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment