Latest News

Monday, January 23, 2017

“ရဲတပ်သားတာဝန်ထမ်းဆောင်ဖို့ ပညာအရည်အချင်း လေးတန်း အောင်မြင်ထားသူတွေ လျှောက်ထားနိုင်တယ်လို့ ကြေညာ”

“ရဲတပ်သားတာဝန်ထမ်းဆောင်ဖို့ ပညာအရည်အချင်း လေးတန်း
အောင်မြင်ထားသူတွေ လျှောက်ထားနိုင်တယ်လို့ ကြေညာ”

ရန်ကုန်၊ဇန်န၀ါရီ၊၂၃

ကယားပြည်နယ်အတွင်း ဒေသခံရဲတပ်သားအဖြစ်တာဝန်ထမ်းဆောင်ဖို့ ပညာအရည်အချင်းလေး တန်းအောင်မြင်ထားသူကနေ စတင်လျောက်ထားနိုင်တယ်လို့ ဒီမော့ဆိုရဲစခန်းကနေသိရပါတယ်။

ဒီမော့ဆိုရဲစခန်းမှရဲအရာရှိ က ” ကယားပြည်နယ်တစ်ခုလုံးအတွက်ခေါ်တာပါ ဒေသခံတွေက စိတ်ဝင်စားပြီးလာလျောက်ကြပါတယ် စာရင်းတော့မချုပ်ရသေးဘူး။ ၃လပိုင်းကုန်နောက်ဆုံးဆိုတော့အချိန်လိုသေးပါတယ်။ ဒေသတွင်းနေထိုင်သူတွေအပါအ၀င် အခြားဒေသကနေ အခြေချနေထိုင်သူတွေပါလျောက်လို့ရတယ်။ ထောက်ခံသူစာတွေ၊ပုံစံ (၁၀)တွေပြည့်စုံရင်လက်ခံပါတယ် “လို့ပြောပါတယ်။

လျောက်ထားသူတွေထဲမှာ အထက်တန်းပညာအောင်မြင်ပြီးသူတွေလည်းပါဝင်တယ်လို့ ဒီမော့ဆိုရဲစခန်းက ရဲအရာရှိကပြောပါတယ်။
ရွေးချယ်ခံရပါက လွိုင်ကော်မြို့မှာ သင်တန်း စားရိတ်ငြိမ်းသင်တန်း(၄)လ တက်ရောက်ရမှာဖြစ်ပြီး နေစားရိတ်၊စားစရိတ်ငြိမ်းဖြစ်တယ်လို့ သိရပါတယ်။

ရရှိမယ့် အကျိုးခံစားခွင့်တွေကတော့ လစာငွေတစ်လ(၁၂၀၀၀၀)ကျပ်၊ ရိက္ခာအတွက် တစ်ရက်၁၈၀၀ကျပ် နဲ့ဒေသစားရိတ် ခံစားငွေ (၈၉၀၀၀)ကျပ် စုစုပေါင်း ငွေကျပ် ၂၆၃၀၀၀ ကျပ်ရရှိမှာဖြစ်ပါတယ်။

လျောက်ထားသူတွေဟာ အသက်က(၁၈)နှစ်ကနေ (၃၀)နှစ်အတွင်းသတ်မှတ်ထားပြီး၊အရပ်၅ပေ၃လက်မနဲ့ အထက်ရှိရမယ်လို့သိရပါတယ်။ ၂၀၁၇ခုနှစ် ဇန်န၀ါရီလအတွင်းကစတင်ခေါ်ယူခဲ့တာဖြစ်ပြီး မတ်လ၃၁ရက် နေ့မှာနောက်ဆုံးလျောက်ထားရမှာဖြစ်တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့အပတ်စဉ်မှာ သင်တန်းမှာတက်ရောက်သူ (၁၂၃)ယောက်လျောက်ထားခဲ့ပြီး လက်ရှိသင်တန်းတက်ရောက်နေကြတယ်လို့ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ပြည်နယ် နဲ့တိုင်းအသီးသီးကရဲချုပ်တွေကို ရဲတပ်သားခေါ်ယူဖို့ တာဝန်ပေးထားတာဖြစ်ပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးသီးသီးမှာ ခေါ်ယူနေတယ်လို့သိရပါတယ်

Sources: အေးအေးအောင်(ကုမုဒြာ)

No comments:

Post a Comment