Latest News

Friday, January 20, 2017

အလှမယ် မျိုးကိုကိုစန်း ပြန်လည် လွတ်မြောက်

အလှမယ် မျိုးကိုကိုစန်း ပြန်လည် လွတ်မြောက်

ဇန်နဝါရီ ၂၀၊ ၂၀၁၇

ယနေ့ ၊ ဇန်နဝါရီလ ၂၀ ရက်နေ့ မနက်မှာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) နဲ့ တရားစွဲဆို ခံထားရတဲ့ ဂေးအလှမယ် မျိုးကိုကိုစန်းဟာ ရန်ကင်း ရဲစခန်းမှာ ထိန်းသိမ်း စစ်ဆေးထားခံရာကနေ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။

မျိုးကိုကိုစန်းဖုန်းကို CID မှ စစ်ဆေးရာ Facebook Page တခုရဲ့ Admin တဦး အဖြစ် တရားစွဲဆို ခံထားရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကင်းရှင်းကြောင်း အတည်ပြု စစ်ဆေးချက် ရရှိလို့ ပြန်လွှတ်လိုက်တာဖြစ်ကြောင်း မျိုးကိုကိုစန်းကသူ့ Facebook Account မှာ ရေးတင်ထားပါတယ်။

ဖုန်းကိုတော့ လက်ရှိ CID မှ သိမ်းထားဆဲ ဖြစ်ပြီး ပရိသတ်များကို စိတ်မပူကြဖို့နဲ့ ယခု ကိစ္စနဲ့ ပတ်သက်ပြီး မျိုးကိုကိုစန်းက ဥပဒေဘောင်အတွင်းမှ ပြန်လာမှာ ဖြစ်ကြောင်း ရေးတင်ထားပါတယ်။

မျိုးကိုကိုစန်း ပြန်လည် လွတ်မြောက်လာတာနဲ့ ပတ်သက်ပြီး သူ့ကို အားပေးနေတဲ့ ပရိသတ်များက ဝမ်းသာကြောင်း Facebook ပေါ်မှာ ရေးသားထာတာ တွေ့ရပါတယ်။



ဓာတ်ပုံ - Myo Ko Ko San Facebook, Nyi Nyi Maung Sanchaung

Sources: သီဟတိုး - ဧရာဝတီ

No comments:

Post a Comment