ထိုင်းစစ်ရေးလေ့ကျင့်ပွဲ အမေရိကန် ဗိုလ်ချုပ်ကြီး သွားမယ်
ထိုင်းနိုင်ငံမှာ ရှေ့လကျင်းပမယ့် Cobra Gold ရွှေမြွေဟောက်
စစ်ရေးလေ့ကျင့်ပွဲကို အမေရိကန် ရေတပ်ဗိုလ်ချုပ်ကြီး Harry Harris ဟယ်ရီ ဟဲရစ် ကိုယ်တိုင်တက်ရောက်မယ်လို့ သိရပါတယ်။ ဒါဟာ ၂ဝ၁၄ စစ်တပ်အာဏာသိမ်းပွဲနောက်ပိုင်း ထိုင်းနိုင်ငံကို အမေရိကန်တပ်မတော်က အဆင့်အမြင့်ဆုံး ခေါင်းဆောင်သွားရောက်တာ ဖြစ်ပါလိမ့်မယ်။ ဗိုလ်ချုပ်ကြီး ဟဲရစ် ဟာ ဖေဖေါ်ဝါရီ ၁၄ ရက်စတင်မယ့် စစ်ရေးလေ့ကျင့်ပွဲကို ဖွင့်လှစ်ပေးမှာဖြစ်ပြီး အခုလိုသွားရောက်ဖို့အတွက် သမ္မတ အိုဘားမား ရာထူးမှာ ရှိနေစဉ်ကတည်းက စီစဉ်ခဲ့တာပါ။
ထိုင်းစစ်အစိုးရက ရွေးကောက်ပွဲတွေကျင်းပပေးဖို့ ကြေညာဆောင်ရွက်ခဲ့ပြီးနောက် အမေရိကန်အစိုးရက ဆက်ဆံရေးကို ပြန်လည်မြှင့်တင်ခဲ့ပါတယ်။ အခုလို အမေရိကန်ဗိုလ်ချုပ်ကြီး လာရောက်မှာကို ထိုင်းအစိုးရကလည်း အရေးပါတဲ့
ဆက်ဆံရေးတိုးတက်မှုအဖြစ် ကြိုဆိုလိုက်ပါတယ်။
၁၉၈၂ ခုနှစ်ကစတင်ခဲ့တဲ့ Cobra Gold ဟာ အာရှတိုက်မှာ နှစ်စဉ်ကျင်းပတဲ့
စစ်ရေးလေ့ကျင့်ပွဲတွေထဲမှာ အကြီးမားဆုံးဖြစ်ပြီး ဒီနှစ်အတွက် နိုင်ငံ ၂၉ ခုက
စစ်သည်အင်အား ရှစ်ထောင်ကျော် ပါဝင်ဆင်နွဲပါလိမ့်မယ်။ ဒါဟာ ထိုင်းစစ်တပ်
အာဏာမသိမ်းမီ ကာလတွေထက် လူအင်အားနဲ့ စစ်ရေးအင်အား ပမာဏနည်းပါးပြီး ထိုင်းနိုင်ငံမှာ ဒီမိုကရေစီစနစ် အပြည့်အဝ ပြန်လည်ကျင့်သုံးတဲ့အခါကျမှ
အဲဒီလေ့ကျင့်ပွဲကို အင်အားအပြည့် ပြန်လည်ကျင်းပမယ်လို့ အမေရိကန်
အစိုးရကပြောပါတယ်။
လက်ရှိမှာ ထိုင်းနဲ့ တရုတ်အကြား ဆက်ဆံရေး အထူးတိုးတက်နေပြီး တရုတ်နဲ့ အမေရိကန်သမ္မတသစ်
ဒေါ်နယ်လ် ထရမ့်အကြား ထိပ်တိုက်တွေ့နိုင်တဲ့ အလားအလာတွေ ပေါ်ပေါက်နေပါတယ်။
ထိုင်းအစိုးရက တရုတ်အစိုးရထံကနေ ဒေါ်လာ သန်း ၃၈ဝ ပေးရမယ့်
ရေငုပ်သင်္ဘောတစင်းဝယ်ယူဖို့ မနေ့ကပဲ အတည်ပြုခဲ့ပါတယ်။ တင့်ကားနဲ့
အခြားယဉ်တွေကိုလည်း ဝယ်ယူဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
Sources: : RFA
Subscribe to:
Post Comments (Atom)
No comments:
Post a Comment