ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတဲ့ ရွှေမှုံရတီ
အလုပ်တွေ ပျက်လို့လည်း စိတ်မကောင်းဖြစ်နေပါတယ်။
သရုပ်ဆောင် ရွှေမှုံရတီကတော့ ကျန်းမာရေးအခြေအနေရ ဘန်ကောက်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ နေမကောင်းတာကြောင့် ဘန်ကောက်မှာ ဆေးသွားကုနေရတာဖြစ်တယ်လို့ ညီမဖြစ်သူ ငွေမှုံရတီရဲ့ ဖေ့စ်ဘွတ်မှာ ရွှေမှုံရတီ ဆေးကုသမှု ခံယူနေရတဲ့ ဓာတ်ပုံနဲ့ Feeling Sad ဆိုပြီးလည်း ရေးသားထားပါတယ်။ ရွှေမှုံရတီ ကိုယ်တိုင်ကလည်း ဆေးရုံမတက်ရသေးခင် တစ်ရက် (ဇန်နဝါရီ၂၃)ရက်နေ့က သူမနေမကောင်းဖြစ်လို့ ဆေးရုံသွားတက်ရမယ့် အကြောင့်ကို ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ရေးသားထားပါသေးတယ်။
"မနက်ဖြန်မနက်လေယာဉ်နဲ့ဆေးရုံသွားတက်ရပါမယ်။အလုပ်တွေပျက်လို့အားလုံးကိုတောင်းပန်ပါတယ် သဲကိုခွင့်လွှတ်ပါနော် အားလုံး ကိုနားလည်ပေးပါလို့ပြောပါရစေ ။တော်တော်နေမကောင်းလို့ပါ" လို့ ရေးသားထားပါတယ်။ ရွှေမှုံရတီဟာ မွေးရာပါ နှလုံးရောဂါ ရှိသူဖြစ်ပြီး အစာအိမ်လည်း ရှိတယ်လို့ သိရပါတယ်။ ဟိုတစ်ခေါက်ကလည်း ဘန်ကောက်မှာ အစာအိမ်ကြောင့် ဆေးကုသမှု ခံယူလိုက်ရပါသေးတယ်။ အခုရက်ပိုင်းမှာလည်း ရွှေမှုံရတီဟာ ချစ်သူဖြစ်သူကို သိန်း(၆၀)ကျော်တန် ရွှေနဲ့ပြုလုပ်တဲ့ IPhone ကာဗာကိုလည်း လက်ဆောင်ပေးခဲ့တယ်လို့ လည်း သိရပါတယ်။
ရွှေမှုံရတီ(Shwe Mhom Yati) ဟာ အနုပညာပျိုးခင်း(၁)ရဲ့ စင်တင်မင်းသမီး တစ်လက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိလာသူတစ်ဦးဖြစ်ပြီး အသက်(၁၈)ကျော်သာ ရှိသေးတဲ့ သရုပ်ဆောင် တစ်ဦးလည်း ဖြစ်ပါတယ်။ ယခုဆိုရင် ရွှေမှုံရတီဟာ ဗီဒီယို ဇာတ်ကားများသာမက ရုပ်ရှင်ဇာတ်ကားတွေကိုပါ လက်ခံရိုက်ကူးလာရတဲ့ သရုပ်ဆောင်တစ်ဦး ဖြစ်လို့နေရပါပြီ။ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ ရွှေမှုံရတီကတော့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦးလည်း ဖြစ်လို့လာပါပြီ။
Sources: : Photo : ငွေမှုံရတီ ဖေ့စ်ဘွတ်: : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment