မြို့ပတ်ရထားကို အမြန်နှုန်းမြှင့်တင် ပြေးဆွဲမည်ဖြစ်၍ အန္တရာယ်ကင်းရှင်းရေး ပညာပေးလှုပ်ရှားမှုပြုလုပ်မည်
မြို့ပတ်ရထားမောင်းနှင် သည့်အမြန်နှုန်း မြှင့်တင်မည်ဖြစ် ၍ ရထားစီးခရီးသည်များ အန္တ ရာယ်ကင်းရှင်းရေး အသိပညာ ပေးလှုပ်ရှားမှုကို တစ်ပတ်ကြာ ဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိ သည်။
‘‘ရန်ကုန်မြို့ပတ်ရထားတွေ အဆင့်မြှင့်တင်ရေး စီမံကိန်းပြီးတဲ့ နောက်မှာ တိုးတက်လာမယ့် ရထားခရီးစဉ်၊ ရထားအမြန်နှုန်း တွေကြောင့် ရထားမတော်တဆ မှုတွေဖြစ်လာနိုင်တယ်။ အန္တရာယ် ကင်းရှင်းဖို့ အဓိကဖြစ်တဲ့အတွက် မြန်မာ့မီးရထားကနေ တစ်ပတ်တိ တိ ရထားအန္တရာယ်ကင်းရှင်းရေး ကမ်ပိန်းလုပ်သွားမယ်။ ဘူတာ လေးခုကို အဓိကစံနမူနာထားပြီး ဆောင်ရွက်သွားမယ်’’ဟု မြန်မာ့ မီးရထား (အောက်မြန်မာပြည်) ရုံးမှ အထွေထွေမန်နေဂျာ ဦးထွန်း အောင်သင်းက ပြောသည်။
လက်ရှိတွင် ရန်ကုန်မြို့ပတ် ရထားကို တစ်နာရီလျှင် ကီလို ၂၀ နှုန်းဖြင့် ပြေးဆွဲနေပြီး ယခု အခါ တစ်နာရီ ကီလို ၄၀ နှုန်းဖြင့် ပြေးဆွဲမည်ဖြစ်သည်။
ရထားအန္တရာယ်ကင်းရှင်း ရေး အသိပညာပေးလှုပ်ရှားမှုများ ကို ဇန်န၀ါရီ ၂၃ ရက်မှ ၂၉ ရက် အထိ ရန်ကုန်ဘူတာကြီး၊ အင်း စိန်ဘူတာ၊ ကြည့်မြင်တိုင်ဘူတာ နှင့် မလွှကုန်းဘူတာတို့တွင် အဓိ ကထားပြုလုပ်မည်ဖြစ်ပြီး လက် ကမ်းစာစောင်များဖြန့်ဝေခြင်း၊ အသိပညာပေးပြောကြားခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း သိရ သည်။
မြန်မာ့မီးရထားမှ ရထား အန္တရာယ်ကင်းရှင်းရေး အသိ ပညာပေးဆောင်ရွက်မှုများအပြင် ရထားမတော်တဆဖြစ်ပွားမှုတို့ ကို လျှော့ချရန် JICA နည်းပညာ ဖြင့် အစီအစဉ်ရေးဆွဲထားရာ ၂၀၁၂ မှ ၂၀၁၆ အထိ ငါးနှစ်အ တွင်း မြို့ပတ်လမ်း တစ်လျှောက် ဖြစ်ပွားခဲ့သော မတော်တဆမှု ၂၄၅ မှုမှာ ရထားသံလမ်းဖြတ်ကူး ခြင်း၊ ရထားရွေ့စဉ် ခုန်ဆင်း၊ ခုန် တက်ခြင်းနှင့် ရထားသံလမ်းပေါ် အိပ်စက်ခြင်းတို့ကြောင့် ဖြစ်ပေါ် ခဲ့၍ အသိပညာပေးဆောင်ရွက် မည်ဖြစ်သည်။
‘‘နှစ်စဉ် အမြဲတမ်း ထိတိုက် မှု၊ မတော်တဆမှုတွေဖြစ်တယ်။ ရထားနဲ့ ကားနဲ့ တိုက်တယ်။ ဂိတ် ကိုဝင်တိုက်တာ စတဲ့အားလုံး သော ကာကွယ်မှုတွေအတွက် လက်တွေ့ဆောင်ရွက်မှုက အဓိ ကဖြစ်တယ်။ မြို့ပတ်လမ်းတစ် လျှောက် အန္တရာယ်ကင်းရှင်းရေး ပြီးတဲ့အခါမှာ သံလမ်းတွေကို အ ဆင့်မြှင့်ဖို့နဲ့ အော်တိုဂိတ်တွေ တပ်ဆင်ဖို့ ဆက်လက်ဆောင်ရွက် မယ်’’ဟု ဦးထွန်းအောင်သင်းက ပြောသည်။
ထို့ပြင် ရန်ကုန် မြို့ပတ် ရထားလမ်း အဆင့်မြှင့်တင်ခြင်း တွင် မြန်ဆန်ချောမွေ့သော သွား လာမှုဖြစ်စေရေးသာမက ရထား စီးခရီးသွားများနှင့် အနီးပတ်ဝန်း ကျင်နေထိုင်သူများ ရထားဘေး အန္တရာယ်ကင်းရှင်းစေရေး မြို့ ပတ်လမ်းတစ်လျှောက် ခြံစည်းရိုး ကာရံခြင်းကို မကြာမီဆောင်ရွက် မည်ဖြစ်ကြောင်း မြန်မာ့မီးရထား မှ သိရသည်။
ရန်ကုန် မြို့ပတ်ရထားလမ်းပိုင်းသည် ၄၆ ကီလိုမီတာရှည်လျားပြီး မြို့ပတ်ရထား ခရီးသည်စီးနင်းမှုသည် တစ်ရက်လျှင် တစ် သိန်းခန့်ရှိကြောင်းနှင့် ၃၈ ဘူတာ ရပ်နားကြောင်း မြန်မာ့မီးရထားမှ သိရသည်။
Sources: 7Day News Journal
Tuesday, January 24, 2017
Subscribe to:
Post Comments (Atom)
No comments:
Post a Comment