ႏွစ္သစ္ကူးဆိုသည္မွာ ယဥ္ေက်းမႈ တစ္ခုႏွင့္ တစ္ခု မတူညီပါဘူး
တခ်ဳိ႕ေနရာမ်ားတြင္ ယေန႔ကို တစ္ကမာၻလံုးက သံုးေနသည့္ ျပကၡဒိန္အရ ႏွစ္ဆန္း တစ္ရက္ဟု သတ္မွတ္ ထားပင္မယ့္၊ မိမိတို႔ ႏိုင္ငံ၏ ႏွစ္ဆန္းတစ္ရက္ေန႕သည္ သႀကၤန္အခ်ိန္အတြင္း က်ေရာက္ ပါတယ္။ တျခားေသာ ယဥ္ေက်းမႈမ်ားႏွင့္ ႏိုင္ငံမ်ားတြင္ ႏွစ္ဆန္းတစ္ရက္ေန႔သည္ မတူညီ ၾကပါဘူး။ သို႔ရာတြင္ တူညီသည့္အခ်က္မွာ ႏွစ္တစ္ခု သစ္ဆန္းသည္ဆိုရာ၌ လူသားမ်ား သည္ ေမွ်ာ္လင့္ခ်က္ ထပ္မံထြန္းေတာက္ ပြင့္လင္းၾကသည္ကို ေတြ႕ရပါတယ္။ သို႔ရာ၌ ေမွ်ာ္လင့္ခ်က္ ဆိုရာတြင္ အလုပ္လုပ္ႏိုင္မွ အေကာင္အထည္ ေဖာ္ႏိုင္မည္ျဖစ္ပါတယ္။
ကၽြန္မတို႔ ဒီေန႔ကိုေရြးၿပီး အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရး ဗဟိုဌာနကို ဖြင့္ရသည့္ အေၾကာင္းအရင္းသည္ ကၽြန္မတို႔ရဲ႕ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ား၊ ၿငိမ္းခ်မ္းေရး အတြက္ ႀကဳိးပမ္းမႈမ်ား ဒီႏွစ္မွာ ေအာင္ျမင္ပါေစဆိုတဲ့ စိတ္ထားနဲ႔ ဒီေန႔ကို ေရြးခ်ယ္ရျခင္း ျဖစ္ပါတယ္။ ေအာင္ျမင္ဖို႔အတြက္လည္း အားလံုးက ၀ိုင္း၀န္းၿပီး ကူညီၾကရန္ လိုအပ္ပါ တယ္ ဆိုသည္ကို ကၽြန္မအေနျဖင့္ အထူးအေထြ ေျပာဖို႔မလိုအပ္ပါဘူး။
ေမွ်ာ္လင့္ခ်က္ ဆိုတာက ထပ္တလဲလဲ ျပန္ၿပီး ရွင္သန္လို႔ရပါတယ္။ သို႔ေသာ္ျငားလည္း ကုန္သြားတဲ့ အခ်ိန္ေတြဟာ ျပန္ၿပီး မရႏိုင္ပါဘူး။ ဒါေၾကာင့္မို႔ ကၽြန္မတို႔ဟာ အခ်ိန္ေတြကို မျဖဳန္းဖို႔ အင္မတန္မွ အေရးႀကီးပါတယ္။ ဒီႏွစ္မွာ ကၽြန္မတို႔ ဘယ္ေလာက္ထိ ေအာင္ျမင္မႈ ရခ်င္လည္း ဆိုတာကို သဓိ႒ာန္ခ်ၿပီး ကိုယ္လိုခ်င္တဲ့ ေအာင္ျမင္မႈရေအာင္ ႀကဳိးစားရမည္ ျဖစ္ပါတယ္။ အားလံုး၀ိုင္းၿပီး ႀကဳိးစားရမွာပါ။
ကၽြန္မတို႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္၊ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးျဖစ္စဥ္ ဆိုသည္မွာ အဖြဲ႕အစည္း တစ္ခုနဲ႔လည္း လုပ္လို႔မရပါဘူး။ အဖြဲ႕အစည္း အခ်ဳိ႕နဲ႔လည္း လုပ္လို႔မရပါဘူး။ ကၽြန္မတို႔ ျပည္ေထာင္စုအတြင္း မွီတင္းခိုလံုေနတဲ့ ပုဂၢဳိလ္မ်ား အားလံုးကေနၿပီး ၀ိုင္း၀န္း ႀကဳိးစားမွ ရမည္ျဖစ္ပါတယ္။ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးဆိုတဲ့ အသံုးႏႈန္းကို ကၽြန္မ တို႔ သံုးထားပါတယ္။
ဒါေပမယ္ တခ်ဳိ႕ကေနၿပီး အမ်ဳိးသား ျပန္လည္ရင္ၾကားေစ့ေရးလို႔ သံုးၾကပါတယ္။ ကၽြန္မက ျပန္လည္ ဆိုတဲ့ဟာကို အၿမဲပဲ စဥ္းစားပါတယ္။ ျပန္လည္ ရင္ၾကားေစ့ေရးလို႔ပဲ သံုးသံုး၊ ျပန္လည္ သင့္ျမတ္ေရးလို႔ပဲ သံုးသံုး အရင္တုန္းက သင့္ျမတ္ဘူးတယ္။ အရင္တုန္းက ရင္ၾကားေစ့ေရး ရွိဘူးတယ္။ ေနာက္ေပ်ာက္ကြယ္သြားလို႔ ျပန္ၿပီးေတာ့ ျပန္လည္ရေအာင္ လို႔ လုပ္တယ္၊ ႀကဳိးပမ္းတယ္လို႔ အဓိပၸာယ္မ်ား ေဆာင္သလားလို႔ ကၽြန္မစဥ္းစားပါတယ္။
အဲဒီလိုဆိုရင္လည္း လံုး၀မွန္ကန္တယ္လို႔ ေျပာလို႔မရပါဘူး။ ကၽြန္မတို႔ဟာ တစ္ခ်ိန္တစ္ခါ တုန္းက တကယ့္ကို မွန္ကန္သင့္ျမတ္တဲ့ ရင္ၾကားေစ့ေရး ရခဲ့ၿပီလားဆိုေတာ့ အမွန္ေျပာ ရရင္ လြတ္လပ္ေရးကာလ ကတည္းကစၿပီးရကို မရေသးပါဘူး။ ျပန္လည္ၿပီး တည္ ေဆာက္ရမယ့္ ကိစၥေတြ၊ အသစ္တည္ေဆာက္ရမယ့္ ကိစၥေတြ ျဖစ္ေနပါတယ္။
တနည္းအားျဖင့္လည္း အသစ္တည္ေဆာက္တယ္ဆိုတာ ျပန္လည္တည္ေဆာက္တာထက္ လြယ္တယ္လို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ျပန္လည္တည္ေဆာက္တယ္ ဆိုလို႔ရွိရင္ အရင္ရွိၿပီးသား အေဆာက္အအံုႀကီးေပၚမွာ ျပန္ျပင္ၿပီး ေဆာက္ရမွာမို႔ အခက္ အခဲေတြ ရွိႏိုင္ပါတယ္။ အသစ္တည္ေဆာက္တယ္ဆိုပါက ကိုယ္လိုခ်င္တဲ့ ပံုစံကိုခ်ၿပီး တည့္တည့္မတ္မတ္သြားရင္ ပိုၿပီးလြယ္ကူ ႏိုင္ပါတယ္။ ဘယ္လိုပဲၾကည့္ၾကည့္ ကၽြန္မတို႔ ျပန္လည္တည္ေဆာက္တဲ့ အေနနဲ႔ပဲ ၾကည့္ၾကည့္၊ အသစ္တည္ေဆာက္တဲ့ အေနနဲ႔ပဲ ၾကည့္ၾကည့္ ႀကဳိးစားရမည္မွာ အမွန္ပါပဲ။ ႀကဳိးစားရမည္မွာ အမွန္ဆိုပါက ေနာက္ဆံုး က်ေတာ့ စိတ္ဆႏၵပါပဲ၊ တကယ္ပဲ ျပန္လည္တည္ေဆာက္ခ်င္ရင္ ဆႏၵရွိသလားဆိုတာ ကၽြန္မတို႔ဟာ ကိုယ့္ကိုျပန္ၿပီး သံုးသပ္ရမွာျဖစ္ပါတယ္။
ကၽြန္မတို႔ တရားေတာ္ထဲမွာ ပါပါတယ္။ ေဒါသကို ေမတၱာျဖင့္ ေအာင္ႏိုင္ရာ၏။ ေလာဘကို လွဴဒါန္းျခင္းျဖင့္ ေအာင္ႏိုင္ရာ၏။ ဒါေပမယ့္ ဒီဇာတ္ေတာ္အရဆိုရင္ ေဒါသရွိတဲ့သူကို ေမတၱာ ျဖင့္ ဆက္ဆံလို႔ရွိရင္ ေဒါသေတြက ေသသြားတတ္တယ္။ ေလာဘရွိသူကို လွဴဒါန္းျခင္း အားျဖင့္ ေလာဘေတြကို ေပ်ာက္ကြယ္သြားေအာင္ လုပ္ႏိုင္တယ္ဆိုတဲ့ သေဘာပါဘဲ။ ဒါေပမယ့္ ကၽြန္မစဥ္းစားၾကည့္ပါတယ္။ တကယ္က်ေတာ့ အဓိကမွာ ကိုယ့္ကိုလုပ္ဖို႔ပါဘဲ။ ကိုယ့္ရဲ႕ ေလာဘေတြကို ေပးကမ္းစြန္႔က်ဲျခင္းအားျဖင့္ ေအာင္ႏိုင္လာမယ္။ ကိုယ့္ရဲ႕ ေဒါသ ေတြကို ေမတၱာပြားျခင္းအားျဖင့္ ေအာင္ႏိုင္လာမယ္။ ေျပာရမယ္ဆိုရင္ ကိုယ့္ရဲ႕တာ၀န္ကို အထူး အေလးထားၿပီး လုပ္သြားဖို႔ပဲျဖစ္ပါတယ္။
လူတိုင္း လူတိုင္းက ကိုယ့္ရဲ႕ ေဒါသေတြ၊ ေလာဘေတြ ေပ်ာက္ဖို႔လုပ္မယ္ဆိုရင္ ကၽြန္မ တို႔ရဲ႕ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရး၊ ၿငိမ္းခ်မ္းေရး ျဖစ္စဥ္ႀကီးကို ျမန္ျမန္ဆန္ဆန္နဲ႔ ေအာင္ျမင္မွာ ျဖစ္ပါတယ္။ ထပ္တလဲလဲ ကၽြန္မေျပာပါတယ္ ကၽြန္မတို႔ ဒီၿငိမ္းခ်မ္းေရး အတြက္ လုပ္ေဆာင္တဲ့ အခါမွာ ကိုယ္က ဘာေပးႏိုင္လဲ၊ ကိုယ္က ဘယ္လိုပံ့ပိုးေပးႏိုင္လဲ၊ ကိုယ္က ဘယ္ေလာက္ ေလာက္ အနစ္နာခံႏိုင္လဲ၊ ကိုယ္က ဘယ္ေလာက္ေလာက္ စြန္႔လႊတ္ႏိုင္လဲ၊ ဒါေတြကိုပဲ စဥ္းစားဖို႔လိုပါတယ္။ ဟိုဘက္က ဘယ္ေလာက္ေပးမွာလဲ၊ ဟိုဘက္က ဘယ္ေလာက္ရႏိုင္မွာလဲ၊ ဟိုဘက္က ငါတို႔အတြက္ ဘာေတြလုပ္ေပးႏိုင္မွာလဲ ဆိုတဲ့ ပံုစံနဲ႔ ကၽြန္မတို႔သြားမယ္ ဆိုရင္ ေအာင္ျမင္မႈ မရႏိုင္ပါဘူး။ ကိုယ့္ကိုဘဲႏိုင္ပါ။ ကိုယ့္ကို မႏိုင္ဘဲနဲ႔ တျခား တစ္ဘက္ကို ႏိုင္ဖို႔ ဆိုတာ မျဖစ္ႏိုင္ပါဘူး။
အခုကၽြန္မတို႔ ဒီ NRPC စင္တာေပါ့ေနာ္၊ ဒီအေဆာက္အအံုႀကီးကို အလုပ္လုပ္ႏိုင္တဲ့ အေျခ အေန ေရာက္ဖို႔အမ်ားႀကီး ႀကဳိးစားရပါတယ္။ ဒီႀကဳိးစားေပမဲ့ အားလံုးက ၿပီးေျမာက္ေသးတယ္ လို႔ မဟုတ္ပါဘူး။ တစ္ဆင့္ျခင္း၊ တစ္ဆင့္ျခင္း ပိုၿပီး အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးကို သင့္ေတာ္တဲ့ လုပ္ငန္းေတြ ၿပီးစီးႏုိင္ဖို႔၊ လုပ္ငန္းေတြကို ပံ့ပိုးႏိုင္ဖို႔ အေဆာက္ အအံုႀကီးကို ကၽြန္မတို႔ တည္ေထာင္ဖို႔ ႀကဳိးစားတာ ျဖစ္ပါတယ္။
တခ်ဳိ႕က ေမးပါတယ္။ ဒါဟာ အၿမဲပဲလား၊ ပင္လံုညီလာခံႀကီး ေအာင္ျမင္ၿပီးလို႔ရွိရင္ ကၽြန္မတို႔ လိုခ်င္တဲ့ ဖက္ဒရယ္ဒီမိုကေရစီ ျပည္ေထာင္စုကို ထူေထာင္ၿပီးလို႔ရွိရင္ ဒီ NRPC က မလိုေတာ့ ဘူးလား ဆိုၿပီး ေမးခြန္းထုတ္သူေတြ ရွိပါတယ္။ ဒါကို အခုအခ်ိန္မွာ ကၽြန္မေျပာလို႔ မရေသးပါ ဘူး။ ဒါေပမယ့္ ကၽြန္မတို႔ အခုတည္ေဆာက္လိုက္တဲ့၊ တည္ေဆာက္ေနဆဲကေန တည္ေဆာက္ ၿပီးတဲ့အခါမွာ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးကို ဆက္ၿပီး ထိန္းသိမ္းထားဖို႔ အမ်ားႀကီး လိုပါလိမ့္မယ္။
ေစာေစာကပဲ သံလြင္ပင္ေလးကို စိုက္ခဲ့ပါတယ္။ သံလြင္ပင္ရဲ႕ အေရးပါပံုကို အပင္စိုက္စဥ္ အခါတုန္းက ရွင္းျပသြားတာ ရွိပါတယ္။ ဒါေပမယ့္ ဒီသံလြင္ပင္ေလးဟာ ဒီေန႔စိုက္ၿပီး ပစ္ထားလို႔ မရပါဘူး။ ဒီေန႔စိုက္ၿပီး ျပန္လွည့္မၾကည့္လို႔ရွိရင္ မၾကာခင္ ေသသြားမွာျဖစ္ပါတယ္။ အဲဒီေတာ့ ကၽြန္မတို႔က ဆက္လက္ၿပီး သံလြင္ပင္ေလးကို ရွင္သန္ေအာင္လို႔ လုပ္ရပါလိမ့္မယ္။ ေသေသ ခ်ာခ်ာ ေျမၾသဇာ လံုလံုေလာက္ေလာက္ ေပးရပါ့မယ္။ အဲဒီအခ်ိန္မွာ ဓာတ္ေျမၾသဇာ မဟုတ္ပါ ဘူး ေအာ္ဂဲနစ္ (Organic) ပါ။ လုပ္ပါ။ ဘာလုပ္လုပ္လို႔ အေသးအဖြဲ႕ကို မွန္မွန္ကန္ကန္ လုပ္ဖို႔ လိုပါတယ္။
ကၽြန္မတို႔ ယံုၾကည္ခ်က္ဟာ ေန႔တိုင္းေန႔တိုင္း ေန႔တဓူ၀ ကၽြန္မတို႔ လုပ္ခ်က္ကေလး အားလံုး ဟာ ပါသင့္ပါတယ္။ ကၽြန္မတို႔ဟာ သဘာ၀ေျမၾသဇာနဲ႔ ဒီသံလြင္ပင္ေလးကို ရွင္သန္ေအာင္ လုပ္ရမယ္။ ေရကို လံုေလာက္ေအာင္လို႔ ေပးရမယ္။ သိပ္အလြန္အကၽြံ ေပးလို႔ရွိရင္ မရပါဘူး။ ဒါဟာ အပင္မ်ားရဲ႕ သေဘာတရားပါ။ ဘာမဆို သင့္ေတာ္ေအာင္လုပ္မွ ဒီအပင္ေလးေတြဟာ ရွင္သန္ႏိုင္မွာ၊ ဖြံ႕ၿဖဳိးႏိုင္မွာ၊ အသီးအပြင့္ေတြနဲ႔ ေ၀ဆာႏိုင္မွာ ျဖစ္ပါတယ္။ အလြန္အကၽြံ လုပ္လို႔ လည္းမရႏိုင္ပါဘူး။
ကၽြန္မတို႔ အခုၿငိမ္းခ်မ္းေရး ျဖစ္စဥ္နဲ႔ ပတ္သက္ၿပီး အေရးႀကီးဆံုးက ဘာလဲဆိုရင္ အားလံုးက သေဘာတူပါတယ္ ယံုၾကည္မႈတည္ေဆာက္ဖို႔၊ ယံုၾကည္မႈတည္ေဆာက္ဖို႔ဆိုတဲ့ အေျခခံက ဘာလည္းဆိုေတာ့ ေျဖာင့္မတ္ျခင္းပါ။ ေျဖာင့္ေျဖာင့္ မတ္မတ္ ပြင့္ပြင့္လင္းလင္း ရွိဖို႔ပဲ ျဖစ္ပါ တယ္။
တခ်ဳိ႕ေတြက ႏိုင္ငံေရးလုပ္တယ္ဆိုတာ လူလည္လုပ္တာလို႔ ထင္ၾကတယ္။ ေျဖာင့္မတ္ဖို႔က အဓိက မဟုတ္ဘူး၊ ေျပာတတ္ဆိုတတ္ဖို႔၊ လုပ္တတ္ကိုင္တတ္ဖို႔၊ လူလည္လုပ္ႏိုင္ဖို႔၊ ဟိုဖက္ တစ္ဖက္ကို အႏိုင္ယူႏိုင္ဖို႔ ဒါကို ႏိုင္ငံေရးလို႔ ထင္ၾကတယ္။ ဒါဟာ ႏိုင္ငံေရး မဟုတ္ပါဘူး ကိုယ္ေရးပါ။ ကိုယ့္အတြက္ ကိုယ္လုပ္တာ ျဖစ္ပါတယ္။ ႏိုင္ငံေရးလုပ္တယ္၊ ႏိုင္ငံ့အတြက္ လုပ္တယ္ဆိုရင္ ေကာင္းမြန္တဲ့ လူေတြအေပၚမွာ အေျခခံၿပီး လုပ္ရမွာျဖစ္ပါတယ္။
ဒါေၾကာင့္မို႔ ကၽြန္မတို႔ရဲ႕ သံလြင္ပင္ေလးကို ရွင္သန္ေစခ်င္တယ္ဆိုရင္ ပထမဦးဆံုး အေရးႀကီး တာက ကၽြန္မတို႔ အခ်င္းခ်င္း အၾကားမွာ မွန္မွန္ကန္ကန္ ေျဖာင့္ေျဖာင့္မတ္မတ္ ပြင့္ပြင့္ လင္းလင္း ျဖဴျဖဴစင္စင္ ဆက္ဆံႏိုင္ဖို႔ လိုပါတယ္။ ကိုယ္လိုခ်င္တာရွိရင္လည္း လိုခ်င္တယ္လို႔ ေျပာလို႔ရပါတယ္။ လူျဖစ္တဲ့အတြက္ လိုခ်င္တာရွိပါတယ္။ ကၽြန္မတို႔ ဆႏၵေတြခ်င္း မတူလို႔ ၿငိမ္းခ်မ္းေရးဟာ ပ်က္ျပားခဲ့ရတာေပါ့။ ကိုယ္လိုခ်င္တာနဲ႔ သူလိုခ်င္တာ မတူလို႔ သို႔မဟုတ္ သူလုိခ်င္တာ ကိုယ္ကလည္း လိုခ်င္တယ္ လုလို႔ ဒီဟာေတြကေနၿပီး စလို႔ ကၽြန္မတို႔ သင့္ျမတ္ ေရးေတြ၊ ၿငိမ္းခ်မ္းေရးေတြ ပ်က္ျပားခဲ့တာ ျဖစ္ပါတယ္။
အဲဒီေတာ့ ကၽြန္မတို႔ဟာ အခုဒီႏွစ္ဆန္း ၂၀၁၇ ခုႏွစ္ရဲ႕ ပထမဦးဆံုးေန႔မွစၿပီး အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးအတြက္ ျဖဴစင္တဲ့ စိတ္ဓာတ္ေတြနဲ႔ ဆက္ၿပီးသြားၾကစို႔လို႔ ကၽြန္မအေနနဲ႔ တိုက္တြန္းခ်င္ပါတယ္။ ကၽြန္မတို႔ ၿငိမ္းခ်မ္းေရး သေကၤတဟာ ဂ်ဳိးျဖဴ မဟုတ္ပါ ဘူး ျဖဴစင္တယ္လို႔ ဆိုခ်င္ပါတယ္။ ျဖဴစင္သန္႔ရွင္းျခင္းဆိုတာ တစ္ေယာက္နဲ႔ တစ္ေယာက္ အေပၚမွာ ျဖဴစင္သန္႔ရွင္းတဲ့ စိတ္ထားေတြ မထားဘဲနဲ႔ေတာ့ တကယ့္စစ္မွန္တဲ့ ၿငိမ္းခ်မ္းေရးကို မရႏိုင္ပါဘူး။ ခိုင္ၿမဲတဲ့ ၿငိမ္းခ်မ္းေရးကို ကၽြန္မတို႔ မတည္ေဆာက္ႏိုင္ပါဘူး။
အဲဒီေတာ့ တခ်ဳိ႕ကေျပာတယ္ေပါ့ေနာ္ ပထမ ႏွစ္ဆန္းတစ္ရက္ေန႔မွာေတာ့ ဟုတ္ပါရဲ႕။ ႏွစ္ရက္ ေန႔က်ေတာ့ အက်ၤီျဖဴလိုေပါ့ ပထမတစ္ရက္၀တ္ေတာ့ ျဖဴတယ္။ ေနာက္တစ္ရက္က်ေတာ့ နည္းနည္းညစ္လာၿပီ တျဖည္းျဖည္းနဲ႔ ညစ္လာတယ္ဆိုတဲ့ သေဘာရွိတယ္ ဆိုၿပီးေတာ့ ေျပာၾက ပါတယ္။ ဒါေပမယ့္ အက်ီၤအျဖဴဆိုတာ ခဏခဏ ေလွ်ာ္ရအုန္းမွာဘဲ။ ဒီအတိုင္းဘဲ ကၽြန္မတို႔ ၿငိမ္းခ်မ္းေရးအတြက္ ျဖဴစင္တဲ့ စိတ္ထားေတြ ထားခ်င္လို႔ရွိရင္ ကိုယ့္ကို တစ္ခ်ိန္လံုး သံုးသပ္ရ မယ္။ ေစာေစာက ေျပာသလိုေပါ့၊ ေလာဘကို အလွဴဒါနနဲ႔ ေအာင္ႏိုင္ေစရ၏ ဆိုတဲ့အတိုင္း ကိုယ့္ရဲ႕ ေလာဘေတြနဲ႔ လိုခ်င္ေနတဲ့ စိတ္ေတြကို ေပးကမ္းခ်င္တဲ့စိတ္၊ တျခားသူရဲ႕ ဆႏၵေတြကို တတ္ႏိုင္သေလာက္ မွန္မွန္ကန္ကန္ နည္းလမ္းနဲ႔ ျဖည့္ဆည္းေပးခ်င္တဲ့ စိတ္ေတြနဲ႔ ေအာင္ႏိုင္ ယူရမွာျဖစ္ပါတယ္။
ကၽြန္မတို႔ရဲ႕ ေဒါသေတြကိုလည္း ေမတၱာထားျခင္းနဲ႔ ေအာင္ႏိုင္ယူရမယ္။ အဲဒီလုိ ေလာဘနဲ႔ ေဒါသကို ေအာင္ႏိုင္ ႏုိင္မယ္ဆိုလို႔ရွိရင္ ကၽြန္မတို႔ ႏိုင္ငံမွာ အမ်ဳိးသားျပန္လည္သင့္ျမတ္ေရး မရွိစရာအေၾကာင္း ဘာမွမရွိပါဘူး။ အဓိက ဒီႏွစ္ခုပါဘဲ။ ေလာဘ ကိုယ့္အတြက္ ကိုယ္လိုခ်င္တဲ့ စိတ္၊ ေဒါသ ဟိုဘက္ကို မလိုလားတဲ့စိတ္၊ မုန္းတီးတဲ့စိတ္၊ ဟိုဘက္ကို ေက်ာခ်င္တဲ့စိတ္ ဒီစိတ္ ႏွစ္ခုေၾကာင့္ ကၽြန္မတို႔ ႏိုင္ငံမွာ ၿငိမ္းခ်မ္းေရး မရခဲ့တာ ျဖစ္ပါတယ္။ ဒီစိတ္ႏွစ္ခုသာ ေပ်ာက္ကြယ္ သြားမယ္ဆိုရင္၊ လံုး၀ေပ်ာက္ကြယ္သြားျခင္း မဟုတ္ဘဲ အမ်ားႀကီးေလ်ာ့က် သြားမယ္ဆိုရင္ ကၽြန္မတို႔ရဲ႕ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္ေတြဟာ ေအာင္ျမင္မယ္ဆိုတာ ကၽြန္မလံုး၀ ယံုၾကည္ပါတယ္။
ေအာင္ျမင္မယ္ဆိုတာကိုလည္း ကၽြန္မ ယံုၾကည္ၿပီးသားပါ။ ဘယ္ေလာက္ အခ်ိန္ယူရမလည္း ဆိုတာကို ကၽြန္မတို႔ မသိတာပါ။ ကၽြန္မက အခ်ိန္မဆြဲသင့္ေတာ့ဘူးလို႔ ထင္ပါတယ္။ ကၽြန္မတို႔ အရင္ႏွစ္တုန္းက ပင္လံုညီလာခံကို စလုပ္တုန္းကလည္း တခ်ဳိ႕က ေစာပါေသးတယ္၊ အခ်ိန္ နည္းနည္းေပးပါအုန္း ေျပာၾကပါတယ္။ ကၽြန္မတို႔ကေျပာတယ္ မေစာဘူး၊ ေနာက္က်ေနၿပီလို႔ ေျပာပါတယ္။ ဒီလိုညီလာခံႀကီး ျဖစ္ေျမာက္သင့္တာက ၾကာၿပီ၊ တစ္ရက္ေတာင္မွ ေနာက္က်လို႔ ရွိရင္ ေနာက္က်လြန္းေနၿပီလို႔ ကၽြန္မတို႔သတ္မွတ္တယ္လို႔ ေျပာၿပီး ျဖစ္ေျမာက္ေအာင္ လုပ္လိုက္ပါတယ္။ ဒီအတိုင္းဘဲ ကၽြန္မတို႔ အခုလုပ္ရမယ့္ ကိစၥေတြကိုလည္း၊ မလိုအပ္တဲ့ အေစာတလွ်င္လုပ္နည္းေတာ့ မဟုတ္ဘဲ အျမန္ဆံုးေတာ့ လုပ္ႏိုင္ဖို႔ လိုပါတယ္။ ကၽြန္မတို႔ ၿငိမ္းခ်မ္းေရးလိုအပ္ခဲ့တာ လြတ္လပ္ေရး ရကတည္းကပါ။ လြတ္လပ္ေရး ရကတည္းက ဆိုေတာ့ အႏွစ္ ၇၀ ေလာက္ရွိေနပါၿပီ။ အဲဒီေတာ့ ကၽြန္မတို႔ဟာ ေနာက္ႏွစ္ဆိုရင္ အႏွစ္ ၇၀ ျပည့္ေတာ့ မယ္။ ဒီႏွစ္ဆိုရင္ ၆၉ ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔ ျဖစ္ပါတယ္။ ၆၉၊ ၇၀ ျဖစ္ေတာ့မယ္ ကၽြန္မ တို႔ ႏိုင္ငံဟာ အခုခ်ိန္အထိ မၿငိမ္းခ်မ္းေရးလည္း မရေသးဘူး ဆိုတာက ဒါဟာ အခ်ိန္ေတြ လြန္လာၿပီလို႔ ကၽြန္မတို႔က ထင္ပါတယ္။
အခ်ိန္ေတြ လြန္လာလို႔၊ ဒီႏွစ္မွာလည္း ကၽြန္မတို႔ ၿငိမ္းခ်မ္းေရးရဲ႕ ပန္းတိုင္ကို တကယ့္ကို တည့္တည့္မတ္မတ္ သြားႏိုင္ၿပီဆိုတဲ့ အေျခအေနေတြ ျဖစ္ေအာင္လို႔ ၀ိုင္း၀န္းၿပီးေတာ့ ႀကဳိးစား ေစခ်င္ပါတယ္။ ၿငိမ္းခ်မ္းေရးပန္းတိုင္ကို ေရာက္ေတာ့မယ္၊ တည့္တည့္ေျဖာင့္ေျဖာင့္ လမ္းေပၚ ကို ေရာက္ေနၿပီဆိုရင္ ကၽြန္မတို႔ အားလံုး၀ိုင္းၿပီး အျမန္ဆံုးျဖစ္ေအာင္ ႀကဳိးစားရမယ္။ တည့္ တည့္မတ္မတ္ လမ္းေပၚေရာက္ဖို႔က အႀကီးဆံုးစိန္ေခၚမႈပဲ ျဖစ္ပါတယ္။ ဒီစိန္ေခၚမႈေတြကို ဒီအေဆာက္အအံုထဲကေန ဗဟိုျပဳၿပီးေတာ့ ကၽြန္မတို႔ဟာ ရင္ဆိုင္သြားမွာ ျဖစ္ပါတယ္။ ရင္ဆိုင္ တဲ့ အခါမွာလည္း ကၽြန္မတို႔ရဲ႕ ႏိုင္ငံသူ၊ ႏိုင္ငံသား အားလံုးရဲ႕ အကူအညီနဲ႔ တစ္ကမာၻလံုးမွာရွိတဲ့ ကၽြန္မတို႔ ႏိုင္ငံအေပၚမွာ တကယ့္ကို ေစတနာထားတဲ့ မိတ္ေဆြမ်ားရဲ႕ ၀န္းရံမႈနဲ႔ ကၽြန္မတို႔ အမ်ဳိးသား ျပန္လည္သင့္ျမတ္ေရးနဲ႔ ၿငိမ္းခ်မ္းေရးရေအာင္လို႔ လုပ္သြားမယ္ဆိုတာက ကၽြန္မတို႔ ျပည္သူျပည္သား အားလံုးသိေအာင္ ဒီေနရာကေနၿပီး ေျပာလိုက္ခ်င္ပါတယ္။
ထပ္မံၿပီးေတာ့ အခုေရာက္လာတဲ့ ပရိသတ္အေပါင္း အားလံုး ၂၀၁၇ ခုႏွစ္မွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ခ်မ္းခ်မ္းေမြ႔ေမြ႕နဲ႔ ကၽြန္မတိို႔နဲ႔ လက္တြဲၿပီး ၿငိမ္းခ်မ္းေရးပန္းတိုင္ႀကီးကို ခ်ီတက္ႏိုင္ၾကပါေစလို႔ ကၽြန္မအေနနဲ႔ ဆုေတာင္းေမတၱာပို႔ရင္း နိဂံုးခ်ဳပ္လိုက္ပါတယ္။
[Unicode]
နှစ်သစ်ကူးဆိုသည်မှာ ယဉ်ကျေးမှု တစ်ခုနှင့် တစ်ခု မတူညီပါဘူး၊ တချို့နေရာများတွင် ယနေ့ကို တစ်ကမ္ဘာလုံးက သုံးနေသည့် ပြက္ခဒိန်အရ နှစ်ဆန်း တစ်ရက်ဟု သတ်မှတ် ထားပင်မယ့်၊ မိမိတို့ နိုင်ငံ၏ နှစ်ဆန်းတစ်ရက်နေ့သည် သင်္ကြန်အချိန်အတွင်း ကျရောက် ပါတယ်။ တခြားသော ယဉ်ကျေးမှုများနှင့် နိုင်ငံများတွင် နှစ်ဆန်းတစ်ရက်နေ့သည် မတူညီ ကြပါဘူး။ သို့ရာတွင် တူညီသည့်အချက်မှာ နှစ်တစ်ခု သစ်ဆန်းသည်ဆိုရာ၌ လူသားများ သည် မျှော်လင့်ချက် ထပ်မံထွန်းတောက် ပွင့်လင်းကြသည်ကို တွေ့ရပါတယ်။ သို့ရာ၌ မျှော်လင့်ချက် ဆိုရာတွင် အလုပ်လုပ်နိုင်မှ အကောင်အထည် ဖော်နိုင်မည်ဖြစ်ပါတယ်။
ကျွန်မတို့ ဒီနေ့ကိုရွေးပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနကို ဖွင့်ရသည့် အကြောင်းအရင်းသည် ကျွန်မတို့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းများ၊ ငြိမ်းချမ်းရေး အတွက် ကြိုးပမ်းမှုများ ဒီနှစ်မှာ အောင်မြင်ပါစေဆိုတဲ့ စိတ်ထားနဲ့ ဒီနေ့ကို ရွေးချယ်ရခြင်း ဖြစ်ပါတယ်။ အောင်မြင်ဖို့အတွက်လည်း အားလုံးက ဝိုင်းဝန်းပြီး ကူညီကြရန် လိုအပ်ပါ တယ် ဆိုသည်ကို ကျွန်မအနေဖြင့် အထူးအထွေ ပြောဖို့မလိုအပ်ပါဘူး။
မျှော်လင့်ချက် ဆိုတာက ထပ်တလဲလဲ ပြန်ပြီး ရှင်သန်လို့ရပါတယ်။ သို့သော်ငြားလည်း ကုန်သွားတဲ့ အချိန်တွေဟာ ပြန်ပြီး မရနိုင်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ဟာ အချိန်တွေကို မဖြုန်းဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနှစ်မှာ ကျွန်မတို့ ဘယ်လောက်ထိ အောင်မြင်မှု ရချင်လည်း ဆိုတာကို သဓိဋ္ဌာန်ချပြီး ကိုယ်လိုချင်တဲ့ အောင်မြင်မှုရအောင် ကြိုးစားရမည် ဖြစ်ပါတယ်။ အားလုံးဝိုင်းပြီး ကြိုးစားရမှာပါ။
ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးဖြစ်စဉ် ဆိုသည်မှာ အဖွဲ့အစည်း တစ်ခုနဲ့လည်း လုပ်လို့မရပါဘူး။ အဖွဲ့အစည်း အချို့နဲ့လည်း လုပ်လို့မရပါဘူး။ ကျွန်မတို့ ပြည်ထောင်စုအတွင်း မှီတင်းခိုလုံနေတဲ့ ပုဂ္ဂိုလ်များ အားလုံးကနေပြီး ဝိုင်းဝန်း ကြိုးစားမှ ရမည်ဖြစ်ပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ အသုံးနှုန်းကို ကျွန်မ တို့ သုံးထားပါတယ်။
ဒါပေမယ် တချို့ကနေပြီး အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးလို့ သုံးကြပါတယ်။ ကျွန်မက ပြန်လည် ဆိုတဲ့ဟာကို အမြဲပဲ စဉ်းစားပါတယ်။ ပြန်လည် ရင်ကြားစေ့ရေးလို့ပဲ သုံးသုံး၊ ပြန်လည် သင့်မြတ်ရေးလို့ပဲ သုံးသုံး အရင်တုန်းက သင့်မြတ်ဘူးတယ်။ အရင်တုန်းက ရင်ကြားစေ့ရေး ရှိဘူးတယ်။ နောက်ပျောက်ကွယ်သွားလို့ ပြန်ပြီးတော့ ပြန်လည်ရအောင် လို့ လုပ်တယ်၊ ကြိုးပမ်းတယ်လို့ အဓိပ္ပာယ်များ ဆောင်သလားလို့ ကျွန်မစဉ်းစားပါတယ်။
အဲဒီလိုဆိုရင်လည်း လုံးဝမှန်ကန်တယ်လို့ ပြောလို့မရပါဘူး။ ကျွန်မတို့ဟာ တစ်ချိန်တစ်ခါ တုန်းက တကယ့်ကို မှန်ကန်သင့်မြတ်တဲ့ ရင်ကြားစေ့ရေး ရခဲ့ပြီလားဆိုတော့ အမှန်ပြော ရရင် လွတ်လပ်ရေးကာလ ကတည်းကစပြီးရကို မရသေးပါဘူး။ ပြန်လည်ပြီး တည် ဆောက်ရမယ့် ကိစ္စတွေ၊ အသစ်တည်ဆောက်ရမယ့် ကိစ္စတွေ ဖြစ်နေပါတယ်။
တနည်းအားဖြင့်လည်း အသစ်တည်ဆောက်တယ်ဆိုတာ ပြန်လည်တည်ဆောက်တာထက် လွယ်တယ်လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပြန်လည်တည်ဆောက်တယ် ဆိုလို့ရှိရင် အရင်ရှိပြီးသား အဆောက်အအုံကြီးပေါ်မှာ ပြန်ပြင်ပြီး ဆောက်ရမှာမို့ အခက် အခဲတွေ ရှိနိုင်ပါတယ်။ အသစ်တည်ဆောက်တယ်ဆိုပါက ကိုယ်လိုချင်တဲ့ ပုံစံကိုချပြီး တည့်တည့်မတ်မတ်သွားရင် ပိုပြီးလွယ်ကူ နိုင်ပါတယ်။ ဘယ်လိုပဲကြည့်ကြည့် ကျွန်မတို့ ပြန်လည်တည်ဆောက်တဲ့ အနေနဲ့ပဲ ကြည့်ကြည့်၊ အသစ်တည်ဆောက်တဲ့ အနေနဲ့ပဲ ကြည့်ကြည့် ကြိုးစားရမည်မှာ အမှန်ပါပဲ။ ကြိုးစားရမည်မှာ အမှန်ဆိုပါက နောက်ဆုံး ကျတော့ စိတ်ဆန္ဒပါပဲ၊ တကယ်ပဲ ပြန်လည်တည်ဆောက်ချင်ရင် ဆန္ဒရှိသလားဆိုတာ ကျွန်မတို့ဟာ ကိုယ့်ကိုပြန်ပြီး သုံးသပ်ရမှာဖြစ်ပါတယ်။
ကျွန်မတို့ တရားတော်ထဲမှာ ပါပါတယ်။ ဒေါသကို မေတ္တာဖြင့် အောင်နိုင်ရာ၏။ လောဘကို လှူဒါန်းခြင်းဖြင့် အောင်နိုင်ရာ၏။ ဒါပေမယ့် ဒီဇာတ်တော်အရဆိုရင် ဒေါသရှိတဲ့သူကို မေတ္တာ ဖြင့် ဆက်ဆံလို့ရှိရင် ဒေါသတွေက သေသွားတတ်တယ်။ လောဘရှိသူကို လှူဒါန်းခြင်း အားဖြင့် လောဘတွေကို ပျောက်ကွယ်သွားအောင် လုပ်နိုင်တယ်ဆိုတဲ့ သဘောပါဘဲ။ ဒါပေမယ့် ကျွန်မစဉ်းစားကြည့်ပါတယ်။ တကယ်ကျတော့ အဓိကမှာ ကိုယ့်ကိုလုပ်ဖို့ပါဘဲ။ ကိုယ့်ရဲ့ လောဘတွေကို ပေးကမ်းစွန့်ကျဲခြင်းအားဖြင့် အောင်နိုင်လာမယ်။ ကိုယ့်ရဲ့ ဒေါသ တွေကို မေတ္တာပွားခြင်းအားဖြင့် အောင်နိုင်လာမယ်။ ပြောရမယ်ဆိုရင် ကိုယ့်ရဲ့တာဝန်ကို အထူး အလေးထားပြီး လုပ်သွားဖို့ပဲဖြစ်ပါတယ်။
လူတိုင်း လူတိုင်းက ကိုယ့်ရဲ့ ဒေါသတွေ၊ လောဘတွေ ပျောက်ဖို့လုပ်မယ်ဆိုရင် ကျွန်မ တို့ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေး ဖြစ်စဉ်ကြီးကို မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်မှာ ဖြစ်ပါတယ်။ ထပ်တလဲလဲ ကျွန်မပြောပါတယ် ကျွန်မတို့ ဒီငြိမ်းချမ်းရေး အတွက် လုပ်ဆောင်တဲ့ အခါမှာ ကိုယ်က ဘာပေးနိုင်လဲ၊ ကိုယ်က ဘယ်လိုပံ့ပိုးပေးနိုင်လဲ၊ ကိုယ်က ဘယ်လောက် လောက် အနစ်နာခံနိုင်လဲ၊ ကိုယ်က ဘယ်လောက်လောက် စွန့်လွှတ်နိုင်လဲ၊ ဒါတွေကိုပဲ စဉ်းစားဖို့လိုပါတယ်။ ဟိုဘက်က ဘယ်လောက်ပေးမှာလဲ၊ ဟိုဘက်က ဘယ်လောက်ရနိုင်မှာလဲ၊ ဟိုဘက်က ငါတို့အတွက် ဘာတွေလုပ်ပေးနိုင်မှာလဲ ဆိုတဲ့ ပုံစံနဲ့ ကျွန်မတို့သွားမယ် ဆိုရင် အောင်မြင်မှု မရနိုင်ပါဘူး။ ကိုယ့်ကိုဘဲနိုင်ပါ။ ကိုယ့်ကို မနိုင်ဘဲနဲ့ တခြား တစ်ဘက်ကို နိုင်ဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
အခုကျွန်မတို့ ဒီ NRPC စင်တာပေါ့နော်၊ ဒီအဆောက်အအုံကြီးကို အလုပ်လုပ်နိုင်တဲ့ အခြေ အနေ ရောက်ဖို့အများကြီး ကြိုးစားရပါတယ်။ ဒီကြိုးစားပေမဲ့ အားလုံးက ပြီးမြောက်သေးတယ် လို့ မဟုတ်ပါဘူး။ တစ်ဆင့်ခြင်း၊ တစ်ဆင့်ခြင်း ပိုပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို သင့်တော်တဲ့ လုပ်ငန်းတွေ ပြီးစီးနိုင်ဖို့၊ လုပ်ငန်းတွေကို ပံ့ပိုးနိုင်ဖို့ အဆောက် အအုံကြီးကို ကျွန်မတို့ တည်ထောင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်။
တချို့က မေးပါတယ်။ ဒါဟာ အမြဲပဲလား၊ ပင်လုံညီလာခံကြီး အောင်မြင်ပြီးလို့ရှိရင် ကျွန်မတို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်ပြီးလို့ရှိရင် ဒီ NRPC က မလိုတော့ ဘူးလား ဆိုပြီး မေးခွန်းထုတ်သူတွေ ရှိပါတယ်။ ဒါကို အခုအချိန်မှာ ကျွန်မပြောလို့ မရသေးပါ ဘူး။ ဒါပေမယ့် ကျွန်မတို့ အခုတည်ဆောက်လိုက်တဲ့၊ တည်ဆောက်နေဆဲကနေ တည်ဆောက် ပြီးတဲ့အခါမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးကို ဆက်ပြီး ထိန်းသိမ်းထားဖို့ အများကြီး လိုပါလိမ့်မယ်။
စောစောကပဲ သံလွင်ပင်လေးကို စိုက်ခဲ့ပါတယ်။ သံလွင်ပင်ရဲ့ အရေးပါပုံကို အပင်စိုက်စဉ် အခါတုန်းက ရှင်းပြသွားတာ ရှိပါတယ်။ ဒါပေမယ့် ဒီသံလွင်ပင်လေးဟာ ဒီနေ့စိုက်ပြီး ပစ်ထားလို့ မရပါဘူး။ ဒီနေ့စိုက်ပြီး ပြန်လှည့်မကြည့်လို့ရှိရင် မကြာခင် သေသွားမှာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့က ဆက်လက်ပြီး သံလွင်ပင်လေးကို ရှင်သန်အောင်လို့ လုပ်ရပါလိမ့်မယ်။ သေသေ ချာချာ မြေသြဇာ လုံလုံလောက်လောက် ပေးရပါ့မယ်။ အဲဒီအချိန်မှာ ဓာတ်မြေသြဇာ မဟုတ်ပါ ဘူး အော်ဂဲနစ် (Organic) ပါ။ လုပ်ပါ။ ဘာလုပ်လုပ်လို့ အသေးအဖွဲ့ကို မှန်မှန်ကန်ကန် လုပ်ဖို့ လိုပါတယ်။
ကျွန်မတို့ ယုံကြည်ချက်ဟာ နေ့တိုင်းနေ့တိုင်း နေ့တဓူ၀ ကျွန်မတို့ လုပ်ချက်ကလေး အားလုံး ဟာ ပါသင့်ပါတယ်။ ကျွန်မတို့ဟာ သဘာဝမြေသြဇာနဲ့ ဒီသံလွင်ပင်လေးကို ရှင်သန်အောင် လုပ်ရမယ်။ ရေကို လုံလောက်အောင်လို့ ပေးရမယ်။ သိပ်အလွန်အကျွံ ပေးလို့ရှိရင် မရပါဘူး။ ဒါဟာ အပင်များရဲ့ သဘောတရားပါ။ ဘာမဆို သင့်တော်အောင်လုပ်မှ ဒီအပင်လေးတွေဟာ ရှင်သန်နိုင်မှာ၊ ဖွံ့ဖြိုးနိုင်မှာ၊ အသီးအပွင့်တွေနဲ့ ဝေဆာနိုင်မှာ ဖြစ်ပါတယ်။ အလွန်အကျွံ လုပ်လို့ လည်းမရနိုင်ပါဘူး။
ကျွန်မတို့ အခုငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အရေးကြီးဆုံးက ဘာလဲဆိုရင် အားလုံးက သဘောတူပါတယ် ယုံကြည်မှုတည်ဆောက်ဖို့၊ ယုံကြည်မှုတည်ဆောက်ဖို့ဆိုတဲ့ အခြေခံက ဘာလည်းဆိုတော့ ဖြောင့်မတ်ခြင်းပါ။ ဖြောင့်ဖြောင့် မတ်မတ် ပွင့်ပွင့်လင်းလင်း ရှိဖို့ပဲ ဖြစ်ပါ တယ်။
တချို့တွေက နိုင်ငံရေးလုပ်တယ်ဆိုတာ လူလည်လုပ်တာလို့ ထင်ကြတယ်။ ဖြောင့်မတ်ဖို့က အဓိက မဟုတ်ဘူး၊ ပြောတတ်ဆိုတတ်ဖို့၊ လုပ်တတ်ကိုင်တတ်ဖို့၊ လူလည်လုပ်နိုင်ဖို့၊ ဟိုဖက် တစ်ဖက်ကို အနိုင်ယူနိုင်ဖို့ ဒါကို နိုင်ငံရေးလို့ ထင်ကြတယ်။ ဒါဟာ နိုင်ငံရေး မဟုတ်ပါဘူး ကိုယ်ရေးပါ။ ကိုယ့်အတွက် ကိုယ်လုပ်တ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment