Latest News

Wednesday, January 11, 2017

၎င်းနှင့်ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များ ရုရှတို့ အပေးအယူလုပ် ရယူထားသည်ဆိုသည့် ပြောကြားချက်များနှင့် ဒေါ်နယ်ထရန့် ရင်ဆိုင်နေရ

၎င်းနှင့်ပတ်သက်သည့် ကိုယ်ရေးအချက်အလက်များ ရုရှတို့ အပေးအယူလုပ် ရယူထားသည်ဆိုသည့် ပြောကြားချက်များနှင့် ဒေါ်နယ်ထရန့် ရင်ဆိုင်နေရ

ဒေါ်နယ်ထရန့်နှင့်ပတ်သက်သည့် ကိုယ်ရေးကိုယ်တာနှင့် ဘဏ္ဍာရေးသတင်းအချက်အလက်များကို ရုရှတို့ဘက်က ကြိုတင်အပေးအယူလုပ်ကာ ရယူထားမှုများ ရှိခဲ့သည့်အကြောင်းကို အမေရိကန်ထောက်လှမ်းရေးအကြီးအကဲများက ၎င်းနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။

ပြီးခဲ့သည့်အပတ်က ကန်ရွေးကောက်ပွဲအပေါ် ရုရှတို့ နှောက်ယှက်စွက်ဖက်မှုစွဲချက်များနှင့်စပ်လျင်း၍ ထောက်လှမ်းရေးအကြီးအကဲများက ဒေါ်နယ်ထရန့်နှင့် တွေ့ဆုံအစီရင်ခံရာတွင် အထက်ပါ အကြောင်းကိုပါ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ သတင်းထွက်ပေါ်လာနေမှုများနှင့်ပတ်သက်၍ ထရန့်က ပယ်ချသွားပြီး ယင်းပြောကြားချက်များမှာ နိုင်ငံရေးအရ မလိုသူများကို ဖယ်ရှားလိုသည့် လုပ်ငန်းစဉ်ပင်ဖြစ်ကြောင်း ပြောဆိုသွားသည်။

မကြာမီ နိုင်ငံ၏ ၄၅ ဦးမြောက် သမ္မတ ဖြစ်လာတော့မည့် ဒေါ်နယ်ထရန့်နှင့် ထောက်လှမ်းရေးအကြီးအကဲများ ပြီးခဲ့သည့်သီတင်းပတ်က တွေ့ဆုံရာမှာတော့ စာမျက်နှာနှစ်မျက်နှာပါ အကျဉ်းချုပ်စာတမ်းတစ်ခုပါ တင်ပြခဲ့သည်ဟု CNN နှင့် New York Times သတင်းဌာနများက ဖော်ပြသည်။

အဆိုပါ အကျဉ်းချုံးအစီရင်ခံစာထဲတွင် ရုရှတာဝန်ရှိသူများဘက်က ဒေါ်နယ်ထရန့်အပေါ် လွှမ်းမိုးနိုင်ရန်အလို့ငှာ တန်ဖိုးကြီးသဘောတူညီချက်များကို ကမ်းလှမ်းခဲ့သည်ဆိုသည့်အကြောင်းများလည်း ပါဝင်ကြောင်း သိရသည်။

အလားတူ ယင်းတွင် ရွေးကောက်ပွဲကာလအတွင်းက ထရန့်၏ လက်ထောက်များနှင့် ရုရှအစိုးရ တာဝန်ရှိသူများအကြာ ပုံမှန်သတင်းအချက်လက် စီးဆင်းမှုတစ်ခု ရှိခဲ့သည်ဆိုသည့် အကြောင်းများလည်း ပါဝင်ခဲ့သည်။

ထိုကဲ့သို့ သော ပြောကြားချက်များကို ရုရှဘက်က ငြင်းဆန်သွားခဲ့ပြီး ကရင်မလင်အစိုးရနေဖြင့် ထရန့်နှင့်ပတ်သက်၍ မည်သည့်သတင်းအချက်အလက်များကိုမှ ရယူထားခြင်းမရှိကြောင်း ရုရှသမ္မတ ဗလာဒီမာ ပူတင်၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသွားသည်။

Sources; Mizzima

No comments:

Post a Comment