Latest News

Wednesday, January 25, 2017

ကျန်းမာရေးကောင်းသွားပြီ ဖြစ်တဲ့ ကင်းကောင်

ကျန်းမာရေးကောင်းသွားပြီ ဖြစ်တဲ့ ကင်းကောင်

အနုပညာအလုပ်တွေ ပြန်လုပ်လို့ ရပြီ ဖြစ်ပါတယ်။

ဟာသလူရွှင်တော် ဦးကင်းကောင်ကတော့ ကျန်းမာရေး ပြန်ကောင်းသွားပြီလို့ သိရပါတယ်။ လွန်ခဲ့တဲ့ လပိုင်းလောက်က အစာသွင်းတဲ့ လမ်းကြောင်းမှာ အနာဖြစ်တာကြောင့် ဆေးရုံမှာ ဆေးကုသမှု ခံယူရခဲ့ပါတယ်။ အခုတော့ အဲ့ဒီအနာကို ဖြတ်ထုတ်လိုက်ပြီ ဖြစ်တဲ့အတွက် ကျန်းမာရေး ပြန်ကောင်းသွားပြီကာ အိမ်မှာ အနားယူနေတယ်လို့ သိရပါတယ်။

သူနေမကောင်းတဲ့အချိန်မှာ ဝိုင်းဝန်းဆုတောင်းပေးကြတဲ့ အနုပညာရှင်များ ပရိသတ်များအားလုံးကိုလည်း အရမ်းကို ကျေးဇူးတင်တယ်လို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။  ဆေးရုံက ဆင်းတာ တစ်လပဲ ရှိသေးတဲ့ ဦးကင်းကောင်ကတော့ အနားယူနေရပေမယ့် ကျန်းမာရေး လုံးဝကောင်းသွားပြီ ဆိုရင်တော့ အနုပညာအလုပ်တွေ ပြန်လုပ်တော့မှာပါလို့ ဆိုပါတယ်။ ပရိသတ်တွေအနေနဲ့လည်း သူရဲ့ပုံရိပ်တွေကို ပိတ်ကားပေါ်မှာ တွေ့မြင်ရအောင် ကြိုးစားသွားမှာပါလို့လည်း ယင်းအင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source : Myanmar Celebrity : Duwun

No comments:

Post a Comment