Latest News

Wednesday, January 25, 2017

အမြဲလန်းတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့် (၂၀) ခု

အမြဲလန်းတဲ့ မိန်းကလေးတွေရဲ့ အမူအကျင့် (၂၀) ခု

မိန်းကလေး

Vicotria’s Secret မော်ဒယ်တစ်ဦး ပြောပြတဲ့ သူမကို ယောက်ျားတွေ သဘောကျကြတဲ့ အချက်တွေပါ။ အဲဒါဟာ ရုပ်ရည်နဲ့မဆိုင်ဘဲ စိတ်နေစိတ်ထားနဲ့ပဲ ဆိုင်ပါတယ်လို့ ဆိုပါတယ်။ သင်ရော အမြဲလန်းနေချင်သလား။ ရုပ်မလှလို့လည်း စိတ်ညစ်စရာမလိုပါဘူး။ သူမပြောပြခဲ့တဲ့ ဒီအချက်တွေရှိနေပြီဆိုရင် သင်က ဆွဲဆောင်မှု အလိုလိုရှိနေမှာပါ။

ဆွဲဆောင်မှုရှိတဲ့ မိန်းကလေးဆိုတာ

၁။ ယောက်ျားတစ်ယောက်ကို မရရအောင် ယူတတ်တဲ့သူတွေမဟုတ်ဘူး။ ယောက်ျားတစ်ယောက်ကို အလွယ်တကူ မချစ်တတ်သူ။

၂။ ကိုယ်ဟာ ဘယ်လောက်တန်ဖိုးရှိကြောင်း ယောက်ျားတစ်ယောက်ကို ပြသသူမဟုတ်ဘူး။ ယောက်ျားတစ်ယောက်ဟာ သူမအတွက် ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာ သက်သေပြစေချင်သူ။

၃။ ပျော့ခွေနေသူမဟုတ်ဘူး။ ခပ်မတ်မတ်လျှောက်လှမ်းသူ။

၎။ ဘဝပြည့်စုံဖို့ ယောက်ျားတစ်ယောက်မလိုအပ်ဘူး။ တစ်ယောက်တည်းလည်း ပြည့်စုံနေသူ။

၅။ ယောက်ျားတစ်ယောက်ကို ပြောင်းလဲဖို့ ဘယ်တော့မှ မကြိုးစားဘူး။ ပြောင်းလဲစရာလိုတဲ့ ယောက်ျားကိုလည်း ဘယ်တော့မှ မစဉ်းစားဘူး။

၆။ လိုချင်တာမရတဲ့အခါ နားပူနားဆာမလုပ်တတ်ဘူး။ ကိုယ့်ဘာသာ လုပ်စရာရှိတာလုပ်တယ်။

၇။ ယောက်ျားတစ်ယောက်ကို သူ့ဘဝအဖြစ် မသတ်မှတ်ဘူး။ သူ့မှာ ကိုယ်ပိုင်ဘဝရှိတယ်။

၈။ ကိုယ်က လိုက်နေရတဲ့ အလုပ်မလုပ်ဘူး။ အလိုက်ခံနေရသူ။

၉။ ယောက်ျားတစ်ယောက်က သူ့အပေါ် မကောင်းတော့တဲ့အခါ ငါက နှစ်လိုဖွယ် မကောင်းတော့ဘူးလားလို့ မစဉ်းစားဘူး။ အဲဒီလူက နှစ်လိုဖွယ်ကောင်းသေးရဲ့လားလို့ပဲ သံသယဖြစ်တယ်။

၁၀။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ရှုပ်စရာ အပြုအမူတွေကို သောကပွားနေသူ မဟုတ်ဘူး။

၁၁။ ယောက်ျားတစ်ယောက်ရဲ့ အမြင်ကို ဂရုမစိုက်ဘူး။ ကိုယ့်စိတ်ကြိုက်နေထိုင်တယ်။

၁၂။ ကိုယ့်ရဲ့ အားနည်းချက်တွေအတွက် ပူဆွေးနေသူမဟုတ်ဘူး။

READ  အမျိုးသားတွေ သဘောကျတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးဆိုတာ
၁၃။ ယောက်ျားတစ်ယောက်ကို လိုအပ်သူမဟုတ်ဘူး။ ကိုယ်လိုချင်တဲ့ယောက်ျားကိုသာ ရွေးချယ်သူဖြစ်တယ်။

၁၄။ စိတ်ပျက်စရာအခြေအနေမှာ ကြိတ်မှိတ်နေသူ မဟုတ်ဘူး။

၁၅။ သူများရဲ့ အာရုံကို ဖမ်းစားချင်တာမဟုတ်ဘူး။ အရိုအသေပေးမှုကိုပဲ တန်ဖိုးထားသူ။

၁၆။ ယောက်ျားတစ်ယောက်ရဲ့ စိတ်ဝင်စားမှုကို အမြဲရဖို့ ကြိုးစားနေသူတွေမဟုတ်ဘူး။ သူမရဲ့စိတ်ဝင်စားမှုကို အမြဲရဖို့ ယောက်ျားတစ်ယောက်ကို ကြိုးစားစေချင်သူ။

၁၇။ ယောက်ျားတစ်ယောက်ကို ထိန်းထားဖို့ ရုပ်ရည်ကအဓိကလို့ ထင်သူမဟုတ်ဘူး။ ဉာဏ်ရည်ထက်မြက်မှုနဲ့ အမှီအခိုကင်းမှုက ပိုအရေးကြီးတယ်ဆိုတာ သိသူ။

၁၈။ ယောက်ျားတစ်ယောက်က ကိုယ့်ကို ချစ်သလားလို့ စဉ်းစားနေသူမဟုတ်ဘူး။ အဲဒီယောက်ျားကို ကိုယ်တကယ်ချစ်ရဲ့လားလို့ စဉ်းစားသူ။

၁၉။ တစ်ကိုယ်တည်းနေရမှာ မကြောက်တဲ့သူ။

၂၀။ စိတ်ခံစားချက်အတိုင်း ပွင့်ပွင့်လင်းလင်းလုပ်တတ်သူဖြစ်တယ်။

Sources: : Duwun

No comments:

Post a Comment