Latest News

Monday, January 30, 2017

ဦးကိုနီလုပ်ကြံခံရမှုအပေါ် နိုင်ငံရေးသမားများ၏ မှတ်ချက်

ဦးကိုနီလုပ်ကြံခံရမှုအပေါ် နိုင်ငံရေးသမားများ၏ မှတ်ချက်



ဦးဉာဏ်ဝင်း (ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

ကျွန်တော် ပုဂ္ဂိုလ်ရေးအရ ပြောရရင် အရမ်းဝမ်းနည်းပါတယ်။ ကျွန်တော်နဲ့ အင်မတန်ရင်းနှီးတဲ့ရှေ့နေလုပ်ဖော်ကိုင်ဖက်ပါ။ ဒါကြောင့် အရမ်းစိတ်မကောင်းဖြစ်မိတယ်။ ဒီကိစ္စအတွက် ကျွန်တော်တို့အလေး အနက်ထား လေ့လာစဉ်းစားဖို့ရှိတယ်။ အလေးအနက်ထားပြီး ဂရုစိုက်ရ မယ့်ကိစ္စပါ။

ကိုဂျင်မီ (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ဒီလိုလူမဆန်တဲ့အကြမ်းဖက်လုပ်ရပ်ကို အပြတ်အသတ်ရှုတ်ချ တယ်။ ကျွန်တော်တို့ တိုင်းပြည် ဒီမိုကရေစီသွားတဲ့ခရီးမှာ ဦးကိုနီဟာ အင်မတန်အားကိုးရတဲ့ ပညာရှင်တစ်ယောက်ဖြစ်တဲ့အတွက် ဦးကိုနီ ဒီလိုဖြစ်သွားတာ တိုင်းပြည်အတွက်လည်း နစ်နာတယ်။

ဒေါက်တာအေးမောင် (မလေးရှားနိုင်ငံတွင် သေနတ်ဖြင့် ပစ်ခတ်လုပ် ကြံခံရဖူးသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)

တရားဥပဒေစိုးမိုးရေးအရရော အမျိုးသားလုံခြုံရေးအရပါ တာဝန် ရှိသူတွေအနေနဲ့ ပိုပြီးအာရုံစိုက်ဖို့ လိုလာပြီ။ နိုင်ငံရေးပါတီကြီးတစ်ခုနဲ့ ပတ်သက်တဲ့အကြံပေးပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တယ်။ ဘာသာရေးနဲ့ နှီး နွှယ်တဲ့ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်နေတယ်။ ဒီကိစ္စအပေါ် အခြေခံပြီးဖြစ် လာနိုင်ခြေရှိတာတွေကို ကြိုတင်တွက်ဆပြီး မြန်မာ့နိုင်ငံရေး မငြိမ်မ သက်မဖြစ်ရအောင် လက်ရှိအစိုးရမှာလည်း တာဝန်ရှိတယ်။ သက်ဆိုင် ရာဘာသာရေးအဖွဲ့အစည်းတိုင်းမှာလည်း တာဝန်ရှိတယ်။ ကျွန်တော့် တုန်းက ငါးချက်အပစ်ခံရတာ။ သုံးချက်က ကားကိုထိတယ်။ ကံကောင်း လို့ဗျ။

ဦးရဲထွန်း (ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ)

တော်တော်ကို စိတ်မကောင်းဖြစ်မိပါတယ်။ ဒါမျိုးက ၂၀၁၀ ရွေး ကောက်ပွဲနောက်ပိုင်းမှာ နိုင်ငံရေးနဲ့ပတ်သက်ဆက်နွှယ်တဲ့သူတစ် ယောက်ကို ပထမဆုံးလုပ်ကြံမှုပါပဲ။ ဒေါက်တာအေးမောင်တို့လည်း လုပ်ကြံခံရပေမယ့် လုပ်ကြံမှုမအောင်မြင်ခဲ့ဖူးပေါ့နော်။ ဒီကိစ္စနဲ့ပတ် သက်ပြီး သက်ဆိုင်ရာကနေပြီး နောက်ကွယ်က အကြောင်းအရာတွေပါ ဖော်ထုတ်အရေးယူပေးပါလို့ ပြောချင်ပါတယ်။

ဦးကိုကိုကြီး (၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)

ဘာကြောင့် အကြမ်းဖက်ဖက်

အကြမ်းဖက်မှု ကျဆုံးပါစေ။

=============

7Day News Journal


No comments:

Post a Comment